Xiaomi RedMi Note 4

“ Miui 8 နဲ့ပထမဦးဆုံးပွဲထုတ်ခဲ့တဲ့ Xiaomi Redmi Note 4 ”

အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးသင့် Note Series တွေဖြစ်တဲ့ Redmi Note မော်ဒယ်အမျိုးအစားများနှင့်
အချိန်အတိုအတွင်း မျက်နှာပန်းလှခဲ့တဲ့ Xiaomi ဟာ ယခု အခါမှာလည်း ပြည်သူ့အချစ်တော် အဖြစ်ထပ်မံခံယူဖို့အတွက် Redmi Note 4 ဆိုတဲ့ Model သစ်တစ်မျိုးကို ထုတ်လုပ်ရောင်းချနေပြီပဲဖြစ်ပါတယ်။
ရှေ့မှာထွက်ရှိခဲ့တဲ့ နောင်တော် Redmi Note 3 Series ထက် ပိုပြီး ရောင်းအားကောင်းပြီး လူစိတ်ဝင်စားမှုလည်း ပိုမိုများပြားခဲ့တဲ့ Model လည်းဖြစ်ပါတယ်။
ဘာကြောင့် ရောင်းအား ပိုကောင်းပြီး လူကြိုက်ပိုများတာလဲ ဘာတွေထူးထူးခြားခြားပါဝင်လာလဲဆိုတာကိုတော့ အောက်မှာဆက်လက်ရှုစားကြည့် ကြရအောင်ဗျာ။

 

ယခင် Redmi Note 3 ထက် စွမ်းဆောင်ရည်ပိုင်းမှာ နှစ်ဆ ပိုမိုသာလွန်မြန်ဆန်မယ့် Mediatek Helio X20 Octa Core 2.1GHz CPU ကို သုံးပေးထားတာဟာပထမဦးဆုံး ကွာဟသွားတဲ့ အဓိကသော့ချက်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ ယခင်ကMediatek X10 CPU သာအသုံးပြုခဲ့တဲ့ အခြား ပြိုင်ဘက်ဖုန်းတွေနဲ့ယှဉ်ရင်လည်း စျေးနှုန်းအနေနဲ့ မတိမ်းမယိမ်းပဲဖြစ်လို့ ပိုပြီး မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။
ထူးခြားချက် အနေနဲ့ Xiaomi ရဲ့ လူကြိုက်များသော ကိုယ်ပိုင် OS အသစ် တစ်ခုဖြစ် MIUI 8 ဖြင့်စတင်ထွက်ရှိလာပြီး Mediatek Helio X20 CPU ကိုလည်းပထမဦးဆုံးအသုံး ပြုထားတဲ့ Redmi Note Series ဝင်ဖုန်းတစ်လုံးဖြစ်နေခြင်းပါ…
ဒုတိယူထူးခြားချက်ကတော့ Network ပိုင်းဖြစ်ပါတယ်။ ဆက်လက်ရှုစားပေးပါဦး…

14088807 1138185479571237 2079347259 n

Display & Resolution

ယခင် Redmi Note Series တွေရဲ့ထုံးစံအတိုင်းပါပဲ မျက်နှာပြင် အကျယ်အနေနဲ့ကတော့ ၅.၅ လက်မရှိမှာဖြစ်တဲ့အတွက် အထူးတစ်လည်ပြောစရာမရှိပါဘူး။ ရုပ်ထွက်ပိုင်း အနေနဲ့ (1920×1080 Pixels) IPS LCD Display ကို အသုံးပြုပေးထားတဲ့တွက် Full HD ရုပ်ထွက်အရည်အသွေးကို ခံစားရမှာဖြစ်ပါတယ်။(~401 ppi pixel density) ကလည်း အခြားတန်ဖိုးတူ ပြိုင်ဘက် ဖုန်းတွေကို အသာလေးကျော်သွားနိုင်တဲ့အချက်တစ်ချက်လို့ပဲဆိုရမှာပါ။

Graphic (GPU)

ယနေ့ခေတ်မှာ မိုဘိုင်း ဂိမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတာနှင့်အမျှ အဆိုပါဂိမ်းတွေကို အထစ်အငေါ့မရှိပဲချောမွေ့စွာ ဆော့နိုင်ဖို့အတွက် ဖုန်းရွေးချယ် ဝယ်ယူရာမှာ CPU အပြင် GPU ကိုပါထည့်သွင်း ရွေးချယ် စဉ်းစားလာရပါတယ်။ Mali T88- MP4 700MHz GPU ကို အသုံးထားတဲ့ Redmi Note 4 ဟာဆိုရင် ယနေ့ခေတ် ဂိမ်းတွေကို စိတ်ချ လက်ချ ဆော့နိုင်မယ့် အနေအထားမှာရှိပါတယ်။

Network & SIM

Network ပိုင်းအနေနဲ့ GSM အပြင် CDMA ပါ အထောက်အပံ့ပေးထားတယ်လို့ဖော်ပြထားပါတယ်။
အကယ်၍ CDMA ရမယ်ဆိုရင်တော့ ဖုန်း ခေါ်ပြော အဆင့်လောက်သာရနိုင်မယ်လို့ခန့်မှန်းရပါတယ်။
(Network ပိုင်းအနေနဲ့ ထူးခြားချက်ရှိတယ်ဆိုတာကတော့ အခုဖော်ပြမယ့် အကြောင်းအရာပါ)
ယခင်က ပုံမှန် Android Smart Phone တစ်လုံးအနေနဲ့ Mobile Network ပိုင်းကိုအသုံးပြုတဲ့အခါ
3G + 2G ပုံစံသာ အသုံးပြုခဲ့ရပါတယ် အကယ် ၍များ Ooredoo ကဲ့သို့ 3G Network Only SIM ကဒ်နှင့် အခြား 2G SIM ကဒ်ကိုတွဲဖက်အသုံးပြုတဲ့အခါတွင် အင်တာနက်အသုံးပြုရာ ၌ Network ရွေးချယ်မှုမှာ အခက်အခဲရှိခဲ့ပါတယ်။ နှစ်ကဒ်စလုံးကို
3G Network အသုံးပြုခွင့် မပေးနိုင်တဲ့အတွက်ဖြစ်ပါတယ် (3G+2G)သာရရှိခဲ့တဲ့အတွက် Ooredoo ကိုပဲ အင်တာနက် သုံးဖို့ရွေးချယ်ရပါတယ်။ အခြေ အနေတစ်ခုခုကြောင့် 2G SIM ကို အင်တာနက် ပြောင်းသုံးမယ်ဆိုရင် Ooredoo က လိုင်းပျောက်သွားပါတယ်။ ယခု Redmi Note 4 မှာတော့ (3G + 3G) or (4G +3G) စနစ်ကိုအသုံးပြုလို့ရမှာဖြစ်တဲ့ အတွက် SIM Card ရွေးချယ်စရာမလိုတော့ပါဘူး ( No Service ဆိုတာမကြုံရတော့ဘူးပေါ့ )

ထည့်သွင်းအသုံးပြုနိုင်တဲ့ SIM Card အရွယ်အစားကတော့ Micro-SIM/Nano-SIM အရွယ်များဖြစ်ပါတယ်။
SIM Card 2 နေရာမှာ Memory Card ကို 256GB အထိ ထည့်သွင်းအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Camera

Camera ပိုင်းအနေနဲ့ကတော့ Redmi Note Series တွေမှာထည့်သွင်းပေးနေကျ အနောက် 13 Megapixels, f2.0 Aperture Sensor ကိုထည့်သွင်းပေးထားပါတယ်။ Dual LED Flash စနစ်ပါဝင်တာဖြစ်တဲ့အတွက်ကြောင့် အလင်းအားနည်းတဲ့အချိန်တွေမှာ ရိုက်ကူးတဲ့အခါ ရရှိလာမယ့် အရည်သွေးက သဘာဝအရောင်နဲ့ အနီးစပ်ဆုံးတူညီမယ့်အရည်အသွေးကိုဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။ Self - Camera ကိုတော့ 5 Megapixels Camera ကိုတပ်ဆင်ပေးထားပါတယ်။ Video Recording အတွက်လည်း Full HD အဆင့်ရှိတဲ့video များကို မှတ်တမ်းတင် ရိုက်ကူးပေးနိုင်ဦးမှာဖြစ်ပါတယ်။

7

Design

Design ပိုင်းအနေနဲ့ကတော့ Full Metal Body နဲ့တည်ဆောက်ထားပြီး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Redmi Pro နဲ့အနည်းငယ်ဆင်တူပါတယ်။ အရှေ့ဘက် Screen မျက်နှာပြင်ကို ကို 2.5D Curved Glass ကိုအသုံးပြုတပ်ဆင်ပေးထားတဲ့အတွက်ကြောင့် အမြင်မှာပိုမို လှပနေစေဦးမှာဖြစ်သလို Speaker ကိုလည်း iPhone နှင့် ယခုနောက်ထွက် အခြား smart phone များကဲ့သို့ အောက်ဘက်သို့ပြောင်းလဲထည့်သွင်းပေးထားတဲ့အတွက် ဖုန်းကို မှောက်ထားလည်း အသံတိုးမှာ မစိုးရိမ်ရတော့ပါဘူး။(အောက်ခြမ်းမှာတပ်ဆင်ပေးထားတကတော့ Speaker တစ်ဖက် Mic တစ်ဖက်ပါ) နာက်ကျောဖုံးမှာ Nano Injection Antenna line လေးတွေ ထည့်သွင်းမြှုပ်နှံပေးထားတာကလည်းဖုန်းကို တမူထူးခြားစေတဲ့အချက်ဖြစ်နေပါသေးတယ်။

Battery & Other Functions

4100mAh Li-Ion Battery ကို အသေတပ်ဆင်ပေးထားတာဖြစ်ပြီး မြင့်မားတဲ့ Battery စွမ်းရည်ကြောင့် တစ်နေကုန်မနားတမ်းအသုံးပြုလိုသူများအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။
ဖုန်းလုံခြုံရေး စနစ်အနေနဲ့ အလွန်လျှင်မြန်တဲ့ Finger Print ကိုတပ်ဆင်ပေးထားပါတယ်။ Mi Account ကိုတွဲဖက်အသုံးပြုပြီး လုံခြုံရေးစနစ်ကို ထပ်မံမြှင့်တင်နိုင်ဦးမှာဖြစ်ပါတယ်။( Find Device , Lost Mode , Cloud Storage စနစ်များအသုံးပြုနိုင်ပါတယ် ) အခြား အသုံးဝင် စနစ်တွေဖြစ်တဲ့ OTG စနစ် TV Reomte အဖြစ် အသုံးပြုနိုင်တဲ့ IR Sensor တို့အပြင် Function များတစ်မူထားခြားစုံလင်တဲ့ MIUI 8 ကို Android version 6.0(Marshmallow) နှင့်တွဲဖက်အသုံးပြုရမှာပဲဖြစ်ပါတယ်။

ထုတ်လုပ်ပေးထားတဲ့ အရောင်များကတော့ Sliver/ Grey/ Gold ဟူ၍ အရောင်သုံးမျိုး ရရှိနိုင်မှာဖြစ်ပေမယ့်
ယခုလက်တလောမှာတော့ --- အရောင်သာ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

အရည်အသွေးမြင့် Function စုံလင်ပြီး တန်ဖိုးအနေနဲ့လည်း နှစ်သိန်းခွဲခန့်သာရှိတဲ့ Xiaomi ရဲ့ Redmi Note 4 ကို ကျွန်တော်တို့ လူကြီးမင်း ဖုန်းဆိုင်တွေမှာ လာရောက် အားပေးဝယ်ယူဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

Xiaomi Redmi note 4 mytechnolist4

More in this category: « Samsung Galaxy J5 2016 Mezius M3S »

Follow us

Log in or create an account