Ma Hnin Wai

Ma Hnin Wai

Website URL:

သင့်ထက်ရော သင့်ချစ်သူထက်ပါ သင့်အကြောင်းကို ပိုသိနေတဲ့ Facebook

  • Published in News
သင့်ထက်ရော သင့်ချစ်သူထက်ပါ သင့်အကြောင်းကို ပိုသိနေတဲ့ Facebook

တနေ့တခြားဆိုသလို လူတွေထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ Social Network မှာ Facebook ဟာ အင်အားအကြီးဆုံးပါပဲ။လူတွေရဲ့ အသွေးအသားကို ထိုးဖောက်လာပြီ ဖြစ်ပြီးတော့ သူက သင့်ကိုယ်သင်ထက် ပိုအရေးပါသလိုဖြစ်လာပါပြီ။ဒါဟာ ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာထက် သူက သင့်အကြောင်းကို သင့်ထက်ပို သိနေပြီဆိုတာပါ ဖော်ပြပေးလိုက်ပါတယ်။
 
1. Facebook can devise your sleeping patterns
လူတစ်ယောက်ရဲ့ နိုးကြွလှုပ်ရှားချိန် ဘယ်လောက်ရှိတယ်ဆိုတာ Messenger App က သိပြီး သင့်ရဲ့ အိပ်စက်ချိန်နဲ့ သင့်အလုပ်ပေါ် စိတ်ဝင်စားမှုကို Messenger က သုံးသပ် နိုင်ပါတယ်။
 
2. Facebook can sell your data
လက်ရှိမှာတော့ ပေါ်ပေါ်ထင်ထင် သတင်းထွက်မှုမရှိသေးမယ့် သင်ဟာ Facebook User တစ်ယောက်ဆို သင့် သတင်းကို သူတို့က လာဝယ်သူရှိရင် ရောင်းနိုင်ပါတယ်။သင့် အကြောင်းတွေကို သင့်ထက်ပိုသိပြီး လိုချင်သူရှိလာရင် ရောင်းနိုင်တဲ့ အနေအထားရှိပါတယ်။ကောင်းတာအတွက်လဲ ဖြစ်လာနိုင်သလို ဆိုးတာတွေလဲ ရှိလာမှာပါပဲ။
 
3. Facebook censors political information
Facebook ဆီကနေ ရဲတွေက သတင်းအချက်အလက် ပြန်ဝယ်နေရပါတယ်။ရဲတွေဆီမှာ ဒီလို လူအများကြီးရဲ့ မှတ်တမ်းကို ကူးယူးထားမှုဟာ Facebook လောက်မပြည့်စုံပါဘူး။ပြီးတော့ အစိုးရရဲ့ မျက်ကွယ်က အရာတွေဟာ Facebook မှာ ရှိတတ်ပြီး ဒီလို ဥပဒေပြင်ပအရာတွေကို လူတွေက ဂုဏ်ယူဝင့်ကြွားစွာတင်တတ်ပြီး တင်သမျှကို Facebook က စောင့်ကြည့်နေတာဖြစ်ပါတယ်။
 
4. Facebook KNOWS a lot about YOU
သင့်အေကြာငး်ကို သင့်ထက် မှတ်ဉာဏ်ကောင်းတဲ့ Facebook က သိပါတယ်။ဒါကြောင့် 3 Years , 4 Years Memory တွေပြန်ပေါ်လာမှ သင့်ဟာ သင့်အတိတ်ကို ပြန်မိတာဖြစ်ပါတယ်။နောက်တော့ သင်ဟာ Facebook ကို အကုန်ပုံအပ်ပြီး သင့်ဦးနှောက်ကို အနားပေးလိုက်တော့မှာပါ။
 
5. Fear of Missing Out or FOMO
Facebook က သူ့ App ကို အသုံးများဆုံး လူတွေကို ဦးတည်ပြီး Update မြှင့်တာဖြစ်ပြီး သင်တို့ကို ပျော်စရာတွေ တမျိုးပြီး တမျိုး ဖန်တီးပေးနေတယ် အထင်ရောက်စေမှာပါ။ဒါပေမယ့် ဒီလို ပျော်စရာတွေရဲ့ နောက်မှာ ပိုပြီး ကြေကွဲစရာ Online ပုံပြင်တွေ အများကြီးရှိပါတယ်။သင်ရဲ့ အထီးကျန်ဆန်မှုကို Facebook က တကယ်မကုစားပါဘူး။

6. Negative health consequences regarding the body
ကျန်းမာရေး အနုတ်လက္ခဏာတွေကို သင့်သူငယ်ချင်း သင့်ချစ်သူထက် Facebook က ပိုသ်ပါတယ်။သင် တင်သမျှအကြောင်းအရာတွေက သင့်စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိရတာဖြစ်ပါတယ်။
 
7. Facebook is harmful for your intellect
Facebook က သင့်ရဲ့ အသိဉာဏ်ဘယ်လောက်ရှိလဲ သိနိုင်ပါတယ်။သင်ပေးတဲ့ Like တွေဟာ ဘယ်လိုဟာ ဘယ်လို အကြောင်းရာတွေဖြစ်ပြီး သင် Share တာ Save တာနဲ့ Video ကြည့်နေတာတွေ အကုန်သိပါတယ်။ဒါကို သူတို့က ပြန်သုံးသပ်တဲ့အခါ သင့် အသိဉာဏ် Level ကို သိပါတယ်။

8. It can affect your mental health and make you a show-off snob!
သင်ဟာ Facebook မှ မသုံးရရင် အထီးကျန်သူဖြစ်နေပြီလား။ဒါဆို သင် စိတ်ရောဂါတမျိုးကို ခံစားရပြီဆိုတာ သိပါ။သင့်ကို နည်းပညာလွှမ်းမိုးမှု ခံလိုက်ရပါပြီ။ဒါကို အနောက်တိုင်းက အရင်ထဲက စိုးရိမ်ခဲ့တဲ့ ကိစ္စဖြစ်ပြီး သူတို့က ဆင်ခြင်ခဲ့ကြပါတယ်။နသင်သာ အင်တာနက်အသုံးပြုစရာ Device မရှိပဲ တရက်လောက် Social Network အဆက်ဖြတ်ဖို့ကြိုးစားကြည့်ပါ။
 
9. Your location
သင့်တည်နေရာကိုလဲ Facebook က သိပါတယ်။သင်လမ်းပျောက်နေပေမယ့် အင်တာနက်ဖွင့်ပြီး Facebook ဖွင့်လိုက်မယ်ဆိုရင် သင် ရောက်နေတဲ့ နေရာကို သင့်ထက်အရင် Facebook က သိပါတယ်။
 
10. Facial Recognition
သင့်မျက်နှာအစိတ်အပိုင်းတွေကို သင့်ထက်ရော သင့်ချစ်သူထက်ပါပိုသိနေတာ Facebook ပါပဲ။သင်တင်တဲ့ ပုံတွေ သင်ခေါ်တဲ့ ဗီဒီယိုတွေကြောင့် သူတို့က သိတာဖြစ်ပြီး ဒါတွေကို Data Collect ပြုလုပ်ထားပါတယ်။
Read more...

သင့်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အင်တာနက်ဝက်ဆိုဒ် ၉ ခု

  • Published in News
သင့်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အင်တာနက်ဝက်ဆိုဒ် ၉ ခု
 
1 2 minutes of idleness at DoNothingFor2Minutes.com
၂ မိနစ်ဝက်ဆိုဒ်ကတော့ ပုံထဲကအတိုင်းပဲ ၂ မိနစ်အတွင်းဘာမှမလုပ်ဖို့ အကြံပေးပြောဆိုထားပါတယ်။ဒါက သင့်ကို အနားပေးတာလို့လည်းသတ်မှတ်ပါတယ်။
 
2 Keep calm with Calm.com
 Calm.com ၀က်ဆိုဒ်ကလည်း အင်တာနက်သုံးသူကို တရားထိုင်ဖို့ အတွက်အချိန် မိနစ် ၂၀ ခန့်ထိ ယူလို့ ရတယ်လို့ ဆိုပါတယ်။တကယ်ဟုတ်မဟုတ်ကတော့ ဆန်းကြည့်နိုင်ပါတယ်။ဒါပေမဲ့ လိုသလို ချိန်ကြည့်ရမှာဖြစ်ပါတယ်။
 
3 Listening to the noise on SimplyNoise
ထူးဆန်းတဲ့အသံတွေကို နားဆင်နိုင်မည့်  SimplyNoise
၀က်ဆိုဒ်ကတော့ အလွန်ကို ထူးခြားပါတယ်။အသံတွေကို နားထောင်ပြီး ကောင်းမွန်တဲ့ ခံစားမှု တွေကို ရယူနိုင်တဲ့ ၀က်ဆိုဒ်ဖြစ်ကာ ပန်းရောင်၊အဖြူ ရောင်နဲ့ အညို ရောင်တွေက ခေတ်စားလာတာပါ။
 
4 Listen to the rain on SimplyRain
SimplyNoise က ပိုင်ဆိုင်တဲ့ SimplyRain ၀က်ဆိုဒ်ကလည်း အလွန်ကို မိုးရွာသံတွေနဲ့ ဆူညံနေတာပါ။အဲ့ဒီဝက်ဆိုဒ်မှာပါတဲ့ အပြာရောင်စလိုက်ဘားနဲ့ မီးခိုးရောင် စလိုက်ဘားတွေကို လိုသလို ချိန်ညှိ လို့ ရပါတယ်။ဥပမာအနေနဲ့ မိုးချိန်းသံတွေ မိုးရွာသံမျိုးတွေ ပါ လိုသလို အသံရဲ ့ သိပ်သည်းဆကို  ချိန်ညှိနိုင်ပါတယ်။

5 Feel better with Rainy Mood
 Rainy Mood၀က်ဆိုဒ်ကတော့  မိုးရွာနေတဲ့ ပုံစံခံစားလို့ ရမည့် အင်တာနက်ဝက်ဆိုဒ်ဖြစ်ပါတယ်။မိုးရွာနေစဉ်မှာ သံစဉ်တွေနဲ့အတူ မိုးကြိုးပစ်သံတွေပါ ကြားရမှာလည်းဖြစ်ပါတယ်။
 
6 Find yourself at the cafe using Coffitivity
ကော်ဖီဆိုင်ထဲကို ရောက်နေသလို ခံစားရမည့် တီးလုံးလေးတွေနဲ့ အတူ အသုံးပြု နိုင်တဲ့ အင်တာနက်ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေကို လည်း ဖြစ်ပေါ်လာဖို့ ဖိတ်ခေါ်နေတဲ့ ၀က်ဆိုဒ်လို့ ဆိုပါတယ်။

7 Listen to nature with naturesoundsfor.me
သဘာဝ အသံသီချင်း ၄ မျိုးခန့် ရောစပ်ထားတဲ့ အသံမျိုးတွေကို အဲ့ဒီအထက်ပါ ဖော်ပြထားတဲ့ ၀က်ဆို်ဒ်မှာ ခံစားနိုင်ပါတယ်။တစ်ခါတစ်ရံမှာ ပင်လယ်ရေတိုးသံနဲ့ ကလေးငယ်တွေ ရဲ ့ အသံမျိုးတွေ ပါ ကြားရတတ်တဲ့ ၀က်ဆိုဒ်လည်းဖြစ်ပါတယ်။နားထောင်ကြည့်ပါက ပိုမိုထူကဲပါလိမ့်မယ်။
 
8 [email protected] — a music streaming service
၀က်ဆိုဒ်မှာ သီချင်းနားထောင်သူဟာ စာပေလေ့လာနေချိန်ဆိုရင်ပိုမို အဆင်ပြေနိုင်တဲ့ ၀က်ဆိုဒ်ပါ။အထူးသဖြင့် ကျောင်းသား၊ကျောင်းသူတွေအတွက်အလွန်အရေးပါလှပါတယ်။ကျောင်းသားတွေကို စာရေးခြင်း၊နားထောင်ခြင်း နဲ့ စာဖတ်ခြငး်တွေအတွက်အလွန်ကို အရေးပါတဲ့ ၀က်ဆိုဒ်ပါပဲ။
 
9 Listen to upbeat music on Get Work Done Music
သီချင်းတွေကို စည်းချက်ကျကျ နောက်က လိုက်ဆိုနိုင်ပြီး ၀က်ဆိုဒ်အသုံးပြု ဖို့ လည်းလွယ်ကူစွာ ထိန်းညှိနိုင်တဲ့ အနေအထားပါ။အသံတိုးတာတွေ ၊သီချင်းသံတွေကို ထိန်းညှိတာတွေကတော့ Get Work Done Music မှာ အထူးအရေးပါလှပါတယ်။
Read more...

သိပ္ပံပညာက အံ့သြဖွယ်ရာဖြစ်နေရတဲ့ ရှေးဟောင်းပစ္စည်းများ

  • Published in News
သိပ္ပံပညာက အံ့သြဖွယ်ရာဖြစ်နေရတဲ့ ရှေးဟောင်းပစ္စည်းများ
 
 

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲ သိပ္ပံပညာရှင်တွေရှိခဲ့ပြီး သူတို့ရဲ့ တီထွင်မှုတွေမှာ အခုခေတ်ပညာရှင်တွေ ခေါင်းစားစရာဖြစ်လာပါတယ်။ကမ္ဘာမှာ မတူညီတဲ့ မေးခွန်းတွေရှိနေဆဲပါပဲ။ဒီလိုအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


1. Nebra sky disk, c. 1600 BC
နီဘရာ ကောင်းကင်ပြားဆိုတဲ့ အရာကို 1600 ဘီစီက အရာဖြစ်ပြီး နေလနဲ့ ကြယ်တာယာပြတဲ့ အပြားတွေဖြစ်ပြီး ဂျာမနီ မှာ 1999 ခုနှစ်က တွေ့ခဲ့တာဖြစ်ပါတယ်။ဒါဟာ နက္ခတ်တာယာ လေ့လာသူတွေရဲ့ ကောင်းကင်ညွှန်း ဖြစ်ပြီး ဗေဒင်ရှုသူတို့ရဲ့ အရာဖြစ်မယ်လို့ လေ့လာသုံးသပ်ခဲ့တာဖြစ်ပါတယ်။
 
2. Zhang Hang’s seismoscope, 132 AD
Zhang Hang ဆိုတဲ့ တရုတ်တီထွင်သူကြီးက 132 AD က တီထွင်ခဲ့တဲ့ နဂါးနဲ့ မီးတောက်နဲ့ ဖမ်းတဲ့ အိုးဖြစ်ပြီး နဂါးတွေဟာ ငလျင်တိုင်းတဲ့ကိရိယာဖြစ်ပါတယ်။ငလျင်နှုန်းနဲ့ လိုက်ပြီး မီးတောက်နဲ့ နဂါး နီးကပ်လာတာဖြစ်ပါတယ်။14 ရာစုနဲ့ 37  ရာစုအတွင်း ရိုမန် အင်ပါယာက Tiberius Caesar အသုံးပြုခဲ့တဲ့ ဝိုင်ခွက်ဖြစ်ပြီးတော့ ဒီခွက်ဟာ ဘယ်လိုပြုတ်ကျ ပြုတ်ကျ မကွဲတဲ့ ဖန်ခွက်ဖြစ်ပါတယ်။ခွက်ရဲ့ ဘေးပတ်ပတ်လည်မှာ ရွှေကိုင်း ငွေကိုင်းတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။
 
3. Flexible glass, 14-37 AD
 
4. Iron pillar of Delhi, 415 AD
415 အေဒီလောက်က သံတိုင်ကြီးဖြစ်ပြီး ရှေးဟောင်းသက္ကတဘာသာစကားနဲ့ ထွင်းထားတဲ့ဟာကို တွေ့ရမှာဖြစ်ပါတယ်။တကယ်ဆို သံတိိုင်မှာ စာထွင်းဖို့ လေဆာကို အသုံးပြုရမှာဖြစ်ပြီး ပရက်စ် မပေါ်ခင်ကာလမှာ သံတိုင်ထွင်း ကဗ္ဗည်းကို တွေ့ရမှာဖြစ်ပါတယ်။
 
5. Antikythera mechanism, 100 BC
လွန်ခဲ့တဲ့ 100 ဘီစီက ဂရိကွန်ပြူတာလို့ ခေါ်ပြီး ဂီယာ နဲ့ ခွေးသွားစိတ်တွေ 30 နဲ့ လုပ်ထားတာဖြစ်ပါတယ်။တကယ့်တော့ ဒါဟာ ရှေးဟောင်းကွန်ပြူတာမဟုတ်ပါဘူး။ရျေးဟောင်း နာရီဖြစ်တယ်လို့ တွေ့ရှိပြီးဖြစ်ပါတယ်။
 
6. Sabu Disc, 3100-3000 BC
Sabu Disc အီဂျစ်သုတေသနပညာရှင် Stephen S. Mehler ဟာ အီဂျစ်ပိရမစ်ကြီးထဲက ဒစ်ရှ်ပြားဝိုင်းကြီးတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီအပြားဟာ တစုံတခုရဲ့ ဝှက်စာဖော်ပြမှုကို အသုံးပြုရတဲ့ဟာ ဖြစ်ပြီး တောင်နံရံတွေက တံခါးတွေကို ဖွင့်တဲ့အရာဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။
 
7. The tombs inside the Great Pyramids of Giza
အီဂျစ်ပိရမစ်တွေကို တည်ဆောက်ခဲ့တဲ့ပညာဟာ အထူးတလည်ရှင်းပြစရာမလိုအောင် နေ့စဉ်အဖြေထုတ်နေရတဲ့ ပြဿနာဖြစ်ပါတယ်။ဒါပေမယ့် ပိရမစ်အတွင်းပိုင်းမှာ တည်ဆောက်မှုက လက်ရှိလုံးချင်းတွေရဲ့ တည်ဆောက်မှုတွေထက် အစပေါင်းများစွာသာပြီးတော့ အထပ်တွေပါဝင်ပြီး ထပ်ခိုးတွေနဲ့ စနစ်တကျပါဝင်ပါတယ်။
 
8. Egyptian pyramid construction techniques, 2667 BC
သိပ္ပံပညာရှင်တွေ ခေါင်းချင်းဆိုင်ရိုက်ခဲ့တဲ့ ကျောက်တုံး တန်နဲ့ချီတဲ့ အတုံးတွေကို စီရီပြီး အထပ်မြင့်ကြီးတွေ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။မဟာပိရမစ်တွေရဲ့ အမြင့်ကိုတိုင်းတာကြည့်ရင် ရှေးခေတ်အထပ်မြင့်အဆောက်အဦးတွေဟာ နိိုင်ငံတကာမဖွံ့ဖြိုးခင်ခေတ်ထဲက သူတို့ဟာ ခေတ်မှီနေခဲ့ပြီဖြစ်ပါတယ်။
 
9. Phaistos Disc, 2700-1400 BC
Phaistos Disc ကို Crete ကျွန်းမှာ 1908 ခုနှစ်မှာ တွေ့ရှိခဲ့ပြီး ဂရီဂိုရီ ပြက္ခဒိန်ထက်စောတဲ့ ရာသီခွင်ပါ ပြက္ခဒိန်ဖြစ်ပါတယ်။
 
10. Baghdad battery, c. 2500 BC

2500 BC လောက်က ထွင်ခဲ့တဲ့ ဘက်ထရီဖြစ်ပါတယ်။ကော့ပါးကျူးနဲ့ သံငုတ်တွေကိုတွဲစပ်ပြီး လှည့်ကာ အားသွင်းတာဖြစ်ပါတယ်။အိုးတွေက အားသိုလှောင်တာဖြစ်ပါတယ်။

 
11. Nimrud lens, 750-710 BC
မှန်ဘီလူးကို  750-710 BC လောက်က ထွင်ခဲ့ပြီးပြီဖြစ်တယ်ဆိုရင် မအံ့သြပါနဲ့။အာရပ်မှာ ခရစ်စတယ်ကျောက်နဲ့ ထွင်ခဲ့တာဖြစ်ပါတယ်။
 
12. Roman dodecahedron, 2nd-3rd centuries AD
အေဒီ 2 ရာစုနဲ့ 3 ရာစုလောက်က အရာဖြစ်ပြီး အီတလီ၊ပြင်သစ်၊ဂျာမနီ၊ဟန်ဂေရီ နဲ့ ဗီယက်နမ်တို့မှာ တွေ့ရှိရတဲ့ ရာချီသာ အလုံးကြီး ဖြစ်ပါတယ်။ဒါဟာ ဖယောင်းတိုင်ထည့်တဲ့ မီးအိမ်လို့ တချို့က သုံးသပ်ခဲ့ကြပါတယ်။တချို့ကတော့ အံစာတုံးအဖြစ်၊တချို့ကတော့ ရေပန်းခေါင်းအဖြစ် သုံးသပ်ချက်တွေရှိပေမယ့် အဖြေအတိအကျမရှိပါဘူး။

13. Colombian golden airplane, 4th-7th centuries AD
ကိုလွန်ဘီယံမှာ အေဒီ 4 ရာစု နဲ့ 7 ရာစုလောက်က ရွှေလေယာဉ်ပျံငယ်လေးတွေ ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါတွေဟာ လေယာဉ်ပျံတွေရဲ့ ကနဦးအစလို့ပြောရလောက် ပညာရှင်တွေ ခေါင်းစားစရာဖြစ်ပါတယ်။ငှက်တွေပုံ မဟုတ်တာတော့သေချာပါတယ်။ရိုက်ညီနောင် အချိန် ခရီးသွားခဲ့တာလား မေးစရာရှိပါတယ်။
 
Read more...

အနာဂတ်တွင်တွေ့မြင်ရနိုင်မည့် လူမှုအိမ်ထောင်ရေးပုံစံ ၉ခု

  • Published in News
အနာဂတ်တွင်တွေ့မြင်ရနိုင်မည့် လူမှုအိမ်ထောင်ရေးပုံစံ ၉ခု
 သင့်အနေနဲ့ သိပ္ပံနယ်လွန်ရုပ်ရှင်များကိုကြည့်ပြီး ထိုဇာတ်လမ်းများထဲမှနည်းပညာတွေဟာ တစ်နေ့တွင် ကျွနု်ပ်တို့၏နေ့စဉ်ဘဝတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်မည်ဟု တွေးမိခဲ့ဖူးပါသလား။ အီလက်ထရောနစ် လူ့အသုံးအဆောင်ပစ္စည်းများနှင့် အဆင့်မြင့်နည်းပညာများဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကို ပိုမိုလွယ်ကူ သက်သာစေလိမ့်မည်ဟု ယုံကြည်ထားကြပြီး အချို့သောပစ္စည်းများဟာလည်း အမှန်တကယ်အထောက်အကူ ဖြစ်နေပါပြီ။
 ကျွန်တော်တို့အနေနဲ့ နည်းပညာတွေဘယ်လိုလွှမ်းမိုးလာမလဲ၊ အနာဂတ်လူမှုအိမ်ထောင်ရေးမှာဘယ်လို ပြောင်းလဲမှုတွေဖြစ်လာနိုင်မလဲဆိုတာတွေကိုအဖြေရှာကြည့်နိုင်ဖို့ အောက်ဖော်ပြပါ အချက်၉ချက်ကို ရေးသားတင်ပြ လိုက်ပါတယ်။
 
၁. Augmented Reality (AR) နည်းပညာအတွက် စက်ပစ္စည်းများ

 သင်သဘောကျနေသည့် မိန်းကလေးတစ်ယောက်နှင့်စကားပြောနေပုံကိုစိတ်ကူးကြည့်လိုက်ပါ။ အရာအားလုံး သာသာယာယာဖြစ်နေချိန်မှာပဲ ရုတ်တရတ် “လေအိုးကြီး” ဆိုပြီးသင့်ကိုစိန်ခေါ်လိုက်ပြီဆိုပါစို့။ မိန်းကလေးအများစု ယောကျာ်းလေးတွေကို စမ်းသပ်ဖို့ရန် ဒီလိုပဲလုပ်နေကြဖြစ်ပါတယ်။ သူ့အနေနဲ့သင့်ဆီကတုံပြန်လာမည့် အဖြေကို စောင့်မျှော်နေမှာဖြစ်ပြီး အဲဒီအဖြေကပဲသူတို့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာပါ။ ကျွန်တော်တို့လိုအပ်နေတာကတော့ အဲဒီလိုစကားဝိုင်းလေး ချောချောမွေ့မွေ့ဖြစ်သွားစေမည့် နည်းလမ်းကောင်းလေးနည်းနည်းပဲဖြစ်ပါတယ်။
 လက်ရှိမှာတော့ Google ၊ Apple နှင့် အခြားသောကုမ္ပဏီများဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေထဲကို လက်တွေ့ကမ္ဘာတွင် ဒီဂျစ်တယ်ပုံရိပ်တုများထည့်သွင်းလုပ်ရှားစေသည့် AR နည်းပညာကို သယ်ဆောင်လာပေးမည့် စက်ပစ္စည်းများကိုဖန်တီးနေပြီပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မျက်မှန်များ၊ မျက်ကပ်မှန်များ သို့မဟုတ် ဦးနှောက်ချိတ်ဆက်စက်ပစ္စည်းများဖြင့်ပါ အသုံးပြုရနိုင်ဖွယ်ရှိပါတယ်။ အဆိုပါစက်ကိရိယာအမျိုးမျိုးဟာ ကျွန်တော်တို့ရဲ့ လူမှုအိမ်ထောင်ရေးတည်ဆောက်မှု၊ တုံပြန်မှုများအပေါ် လုံးဝပြောင်းလဲသွားစေနိုင်မှာပဲဖြစ်ပါတယ်။
 
၂. အဝေးထိန်းအနမ်း

 သင်အလုပ်ကိစ္စနဲ့ခရီးထွက်နေရချိန်မှာ ချစ်ရသူကိုအရမ်းလွမ်းနေပါသလား။ အခုဆိုရင်တော့ ဘယ်အချိန်ပဲရောက်ရောက် သူတို့ကိုသင်စိတ်ကြိုက်အနမ်းချွေလို့ရပြီပဲဖြစ်ပါတယ်။ မျက်စိမပါတဲ့ မစ္စတာအာလူးသီး ကိုသင်နမ်းနိုင်သမျှပေါ့လေ။ ဒါအမှန်တကယ်ပဲဖြစ်ပါတယ်။ အဆိုပါအထူးစက်ကိရိယာကို အဝေးမှသင့်ချစ်သူကို အနမ်းချွေနိုင်ဖို့အတွက် သုတေသနပညာရှင်များကတီထွင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါကိရိယာတွင် Special Sensor များနှင့် Actuator များပါ၀င်ပြီး တကယ့်အနမ်းစစ်ကဲ့သို့ခံစားရမှာပဲဖြစ်ပါတယ်။ ဒါဟာနမူနာပုံစံပဲရှိပါသေးတယ်။ သို့သော် အနာဂတ်လူသားများအနေနဲ့ အဆိုပါအထူးကိရိယာများကို အနမ်းပေးချွေဖို့ရန်သာမကဘဲ စိတ်ကြွစေရန်အတွက်ပါအသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
 
၃. အာရုံခံစားမှုအပြည့်နှင့်ပုံရိပ်တုချိန်းတွေ့ခြင်း

 ယနေ့ခေတ် သုတေသနပညာရှင်များကတော့ အနာဂတ်တွင် ပုံရိပ်တုနှင့်အမှန်တကယ်ချိန်းတွေ့သလိုခံစား စေရမည့်နည်းပညာကိုရှာဖွေနေကြပါတယ်။ ချစ်ရသူနဲ့ချိန်းတွေ့ဖို့ရန်အတွက် အိမ်ထဲမှအိမ်ပြင်တောင်ထွက်စရာ လိုမှာမဟုတ်ပါဘူး။ ဆိုလိုတာကတော့ ဒီဂျစ်တယ်နည်းဖြင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ ကိုယ်အထိအတွေ့များကို လှုံဆော်ပေးမည်ဖြစ်ပြီး အထူး VR ကိရိယာများဖြင့်ထုတ်လွှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုတီထွင်မှုတွေဟာ တစ်ကိုယ်တည်းသမားတွေအတွက် အချိန်ကုန်လူပန်းသက်သာစေမှာဖြစ်ပြီး စိတ်တူကိုယ်တူ အဖော်များကိုလျင်မြန်စွာရရှိနိုင်မှာပဲဖြစ်ပါတယ်။ ပထမဆုံးမှာတော့ ထူးဆန်းသလိုဖြစ်နေတယ်ဆိုပေမယ့် ၁၉ရာစုမှ လူများကလည်း ယခုခေတ်ကျွန်တော်တို့ရဲ့လူမှုအိမ်ထောင်ရေးဖြစ်စဉ်များကိုထူးဆန်းတယ်လို့ ပြောကြသလိုပဲ ဖြစ်မှာပါ။
 
၄. ၀တ်စုံပါတီချိန်းဆိုခြင်း

 ခေတ်သစ်ဝတ်စုံတွေရဲ့ နာမည်ကျော်ကြားမှုက အချစ်ရေးကိစ္စတွင်အဓိကအခန်းကဏ္ဍမှပါ၀င်လာနိုင်ပါတယ်။ သူတို့ရဲ့သာမန်ရိုးရှင်းသည့်ဘဝကိုဖောက်ထွက်ဖို့ရန် လူသားတွေဟာ ၀တ်စုံများဖြင့်နွဲပျော်ရသည့်ပါတီများကို သွားရောက်ပြီး ၀တ်စုံကော်မတီအဖွဲ့ဝင်များဖြစ်လာကြပါတယ်။ ထိုနေရာမှသာ သူတို့အနေနဲ့ တကယ့်လူမှုဘဝတွင် မရနိုင်သည် လူတစ်ယောက်အနေနဲ့ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ အဲတော သူသာစူပါမန်းဆိုပါက ဘယ်သူနဲ့ ချိန်းဆိုချင်ပါသလဲ။ လူးဝစ်လိမ်းနဲ့လား ကော်ဖီဆိုင်ကကောင်မလေးချောချောလေးနဲ့လား။ အဖြေကရိုးရိုးလေးပါပဲ။
 ပရိုဂရမ်မာတစ်စုကတော့ လူတွေရဲ့စိတ်ဝင်စားမှု၊ သူတို့နေချင်တဲ့ပတ်ဝန်းကျင်များအပေါ် အခြေခံပြီး လူများကိုတွဲဖက်ပေးသည့် ၀က်ဆိုက်တစ်ခုကိုတည်ထောက်နေကြပါပြီ။ အဆိုပါစနစ်မှ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် စိတ်ပါ၀င်စားသည့်အခြေအနေများရ တွဲဖက်ပေးမှာပဲဖြစ်ပါတယ်။ အနာဂတ်မှာတော့ ၀တ်စုံများဖြင့်ပျော်ပါးသည့်အလေ့အထဟာ အခုထက်ပိုပြီး ကျယ်ပြန့်လာဖွယ်ရှိပါတယ်။
၅. ကွန်ပျူတာမှရှာဖွေပေးမည့် ရည်းစား

 ယနေ့ခေတ်မှာတော့ အွန်လိုင်းမှလက်တွဲဖော်ရှာဖွေနိုင်သည့် ၀န်ဆောင်မှုများစွာကိုတွေ့မြင်ရမှာပါ။ သူလုပ်ရမှာလေးကတော့ လျှောက်လွှာတစ်ခုတွင်လိုအပ်သည့်အချက်အလက်များကိုဖြည့်ပြီး ဖြစ်နိုင်ချေရှိသည့် တွဲဖက်ကိုရှာဖွေလိုက်ရုံပဲဖြစ်ပါတယ်။ လုပ်ဆောင်မှုအဆင့်တွေဟာ မခက်ခဲသော်လည်း စိတ်ကြိုက်ဖြစ်ရန် မလွယ်ကူလှပါဘူး။ သိပ်မဝေးတော့သည့် အနာဂတ်တွင် အထူးပြုလုပ်ထားသည့် ပရိုဂမ်များဟာ သင့်ရဲ့အချက်အလက်များ၊ လူမှုမီဒီယာမှဓာတ်ပုံများနှင့် သူဆက်ဆံပြောဆိုနေသည့် လူများကိုစီစစ်ပြီး သင့်အတွက်လက်တွဲဖော်စာရင်းတစ်ခုပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့လုပ်ဆောင်ရတာ ပင်ပန်းကြန့်ကြာမှု ပိုမိုသက်သာပြီးမိမိစိတ်ကြိုက်ဖြစ်နိုင်ချေလည်းပိုများလာမှာဖြစ်ပါတယ်။ အချို့သော ကျွမ်းကျင်သူများကတော့ သမီးရည်းစား ၅၀ရာခိုင်နှုန်းဟာ အွန်လိုင်းမှစတင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သင်ယုံနိုင်ပါရဲ့လား။
 
၆. အငှားမိသားစုဝန်ဆောင်မှု

 ဒါကတော့သင့်ကိုအံ့သြသွားစေနိုင်သောလည်း လက်ရှိတွင်ဂျပန်၌စတင်အသုံးပြုနေပြီပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှ တစ်ကိုယ်တည်းသမားများအနေနဲ့ အိမ်ထောင်ရှင်မတစ်ယောက် သို့မဟုတ် မိသားစုတစ်စုလုံးကို အချိန်အကန့်အသတ်ဖြင့် ငှားရမ်းနိုင်ပြီပဲဖြစ်ပါတယ်။ သင့်အနေနဲ့ မိတ်ဆွေသူငယ်ချင်းပါ ငှားရမ်းနိုင်မှာပါ။ ထိုသို့သောဝန်ဆောင်မှုများအတွက် ၀န်ဆောင်ခများမှာခေါင်ခိုက်နေသော်လည်း မိသားစုအများစုကတော့ ကြိုတင်ဘိုကင်ချိတ်ပြီးသားရှိနေပြီးပါပြီ။ တကိုယ်တည်းသမားများကတော့ကလေးများနှင့် ပန်းခြံတွင် ဆော့ကစားခြင်း၊ အိမ်ထောင်ရှင်မနှင့် စျေးဝယ်ထွက်ခြင်း ကဲ့သို့သောကိစ္စမျိုးကို အသစ်အဆန်းတစ်ခုလို ပြုလုပ်နေကြပြီး အထီးကျန်မှုကိုသက်သာစေပါတယ်။
 ဒီလိုဝန်ဆောင်မှုမျိုးအနာဂတ်တွင်ဘယ်လောက်ထိကျယ်ပြန့်သွားနိုင်မလဲတွေးကြည့်လို့ရပါတယ်။ အေဂျင်စီများစွာကတော့ တစ်ကိုယ်တည်းသမားများအတွက် မိတ်ဆွေများ၊ ဆွေမျိုးများ၊ အိမ်ထောင်ရှင်မများဖြင့် ပြီးပြည့်စုံသည့်အခိုက်အတန့်လေး ရရှိနိုင်စေရန်ဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။
 
၇. DNA နှင့် အနုစိပ်ဇီဝဖြစ်စဉ်များတွဲဖက်ပေးခြင်း

 အနာဂတ်တွင် ဆေးပညာဟာမိသားစုများနှင့် အိမ်ထောင်မှုအစီအစဉ်များအတွက် အရေးကြီးကဏ္ဍမှ ပါ၀င်လာနိုင်ပါတယ်။ သုတ်ဘဏ်မှ အမျိုးမျိုးသောလှူဒါန်းသူများကို ရွေးချယ်နိုင်ရုံသာမက အဆိုပါလူပုဂ္ဂိုလ်ရဲ့ ဆေးသမိုင်းကြောင်းကိုလည်း အပြည့်အဝသိရှိနိုင်မှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သာမန်တွဲဖက်ရှာမည်ဆိုပါက သင့်အိမ်ထောင်ဖက်တွေ မည်သည့်ရောဂါများရှိမရှိသိရှိနိုင်မှာဖြစ်ပါတယ်။
 ဆေးပညာကျွမ်းကျင်သူများကတော့ သင့်အတွက်အသင့်တော်ဆုံးအိမ်ထောင်ဖက်ကို DNA စစ်ဆေးခြင်းဖြင့် ကူညီရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။ယနေ့ခေတ်အရ ဒါဟာလူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်နိုင်သော်လည်း အနာဂတ်တွင် ပြီးပြည့်စုံသည့်ဗီဇများဖြင့်ပေါင်းစပ်မွေးဖွားလာမည့်ကလေးကို မလိုချင်သူရှိမှာမဟုတ်ပါဘူး။
 
၈. အစားထိုးလက်တွဲဖော် Siri

  “Her” ဟူသည့်ဇာတ်ကားလေးဟာ  မှတ်ဉာဏ်တုနည်းပညာတစ်ခုသို့မဟုတ် Siri ကဲ့သို့သော နည်းပညာလေးက ကျွန်တော်တို့ဆန္ဒတွေကိုအကုန်ဖြည့်ဆည်းပေးနိုင်မလားဆိုတာကို အနီးစပ်ဆုံးပုံဖော်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကိုအကုန်သိထားပေမယ့် မိတ်ဆွေကဲ့သို့ အစားထိုးလက်တွဲဖော်အဖြစ် သူတို့ကိုအသုံးပြုလာနိုင်မှာပါ။ အထက်မှာဖော်ပြခဲ့သည့်အချက်များအရ ဒါဟာ သိပ်မကြာခင်မှာပဲဖြစ်လာနိုင်ချေရှိပါတယ်။ အချို့သောလူတွေဟာအကြောင်းကြောင်းကြောင့် တစ်ကိုယ်တည်း ဖြစ်နေရတာပဲဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာ၊ ကိုယ်လက်မသန်စွမ်းခြင်း၊ မိမိကိုယ်ကိုကိုယ်ယုံကြည်မှုမရှိခြင်း၊ ကြောက်ရွ့ံခြင်း ကဲ့သို့သော အကြောင်းအရင်းများဖြစ်နိုင်ပါတယ်။ ထို့ကြောင် သူတို့အတွက်လက်တွဲဖော်ရရှိရန် မှတ်ဉာဏ်တုနည်းပညာကသာအကောင်းဆုံးဖြစ်မှာပါ။  အဆိုပါနည်းပညာနှင့် တကယ်လူသားအစစ်နှင့်ပင် အမှန်တကယ်လက်တွဲသွားရနိုင်ပါသေးတယ်။
 
၉. စီလီကွန်အရုပ်၊စက်ရုပ်များနှင့်ဘဝ

 မိမိရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးအသည်းတွေ တခွမ်းခွမ်းကွဲကြရလို့ စိတ်ပျက်နေကြသည့် တစ်ကိုယ်တည်းသမားတွေ အများကြီးရှိပါတယ်။ သူတို့လိုလူတွေကတော့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာပဲ ပုန်းအောင်းချင်နေကြပြီး စီလီကွန်အရုပ်များနှင့်သာပျော်မွေ့တတ်ကြပါတယ်။ ဒါဟာလက်ရှိဂျပန်မှာကျင့်သုံးနေသည့် အလေ့အထဖြစ်လို့လာပါပြီ။ ကျွန်တော်တို့ပြောဆိုနေကြချိန်မှာပဲ စက်ရုပ်များနှင့်ဘဝဟာ စတင်လာပြီဖြစ်ပါတယ်။
 ကျွမ်းကျင်သူများကတော့ လာမည့်နှစ်၅၀အတွင်း လူသားတွေဟာ စက်ရုပ်များနှင့်ချစ်ကျွမ်းဝင်ကြလိမ့်မည်ဟု ပြောဆိုထားကြပါတယ်။ ထို့အပြင် စိတ်ခံစားတတ်သည့်စက်ရုပ်ကိုလည်း မကြာသေးမှီကပင် တီထွင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအနာဂတ်မျိုးဟာသိပ်မဝေးတော့သည့်နေရာတွင်ရှိနေပါတယ်။ အချို့ကတော့ တစ်ကိုယ်တည်းသမားတွေဟာ တကယ့်လူသားတွေထက် စက်ရုပ်လက်တွဲဖော်များကိုသာ ပိုသဘောကျကြတယ်လို့ ဆိုကြပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့မသိတဲ့နာမည်ကြီးတစ်ယောက် သို့မဟုတ် ဇာတ်ကောင်တစ်ကောင်နှင့် ချစ်ကျွမ်းဝင်ခွင့်ရကြမှာပဲဖြစ်ပါတယ်။ ထို့ကြောင့် ဒါဟာစက်ရုပ်တွေအတွက် မဆန်းလှပါဘူး။
  လျင်မြန်စွာတိုးတက်လာသည့် နည်းပညာများဟာ ကျွန်တော်တို့ရဲ့အနာဂတ်ဘဝတွေကို ပုံဖော်ပြနေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ လူမှုအိမ်ထောင်ရေးကိစ္စအတွက်ပဲဖြစ်ပါတယ်။ အထက်တွင်ဖော်ပြခဲ့သည့်အချက်များမှ မည်သည့်နည်းလမ်းနှင့် သင့်လက်တွဲဖော်ကိုရှာဖွေချင်ပါသလဲ။ သင့်အမြင်လေးတွေကိုလည်းမျှဝေသွားကြပါဦး။
 
Read more...
Subscribe to this RSS feed

Follow us

Log in or create an account