Ma Hnin Wai

Ma Hnin Wai

Website URL:

ကမ္ဘာပေါ်မှာ IQ အမြင့်ဆုံးလူသားတွေ

  • Published in News
ကမ္ဘာပေါ်မှာ IQ အမြင့်ဆုံးလူသားတွေ
 
ဦးနှောက်ဟာ လူ့ရဲ့ အဆန်းအကြယ်ဆုံးနဲ့ အထူးဆန်းဆုံးသော အစိတ်အပိုင်းဖြစ်သလို မရှိမဖြစ်လိုအပ်တဲ့ အပိုင်းလည်းဖြစ်ပါတယ်။တယောက်နဲ့ တယောက် ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှု တွေးခေါ်မှု ဆင်ခြင်စဉ်းစားတတ်မှုတွေ ကွဲပြားတတ်ပါတယ်။ဒီလိုပဲ လူတစ်ချို့က IQ မြင့်ကြပြီး လူတချို့က IQ နိမ့်တတ်ကြပါတယ်။ကမ္ဘာပေါ်က ဉာဏ်အကောင်းဆုံးဆိုတဲ့ လူသားတွေကို ရွေးခြယ်တင်ပြလိုက်ပါတယ်။
 
1. Terence Tao
Terence Tao ဟာ IQ အမြင့်ဆုံးလူသားဖြစ်ပြီး သူ့ရဲ့ IQ ဟာ 230 ရှိပါတယ်။သူ့ကို သြစတေးလျမှာ မွေးဖွားပြီး တရုတ် အမေရိကန်စပ်တဲ့ လူဖြစ်ပြီး သချင်္ာပညာရှင်ဖြစ်ပါတယ်။သူဟာ မတူညီတဲ့ ညီမျှခြင်းတွေကို ရေးဆွဲပြီး ပုစ္ဆာသစ်တွေ ထုတ်ထားတာဖြစ်ပါတယ်။သူဟာ အသက် 8 နှစ််မှာ SAT က ပုစ္ဆာပေါင်း 760 ကို ဖြေရှင်းခဲ့တာဖြစ်ပြီး ဆုပေါင်းမြောက်မြားစွာရခဲ့သူဖြစ်ပါတယ်။
 
2. Christopher Hirata
Christopher Hirata ဟာ ကလေးဘဝထဲက ပါရမီရှင်ဖြစ်ပြီး သူဟာ အသက် 13 နှစ်မှာ NASA က သိပ္ပံပညာရှင်အဖွဲ့ဝင်ဖြစ်နေပြီး 16 နှစ်မှာတော့ မားစ်ဂြိုလ်လေ့လာရေး အစီအစဉ်ရေးဆွဲသူဖြစ်ပါတယ်။အသက် 22 နှစ်မှာ Princeton တက္ကသိုလ်မှာ ပါမောက္ခချုပ်ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။
 
3. Kim Ung-Yong
Kim Ung-Yong ဆိုတာ IQ 210 ရှိိတဲ့ ကိုရီးယားနိုင်ငံသားဖြစ်ပြီး သူဟာ အင်ဂျင်နီယာနဲ့ ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ကိုင်သူဖြစ်ပါတယ်။သူဟာ အသက် 6 လနဲ့ ကိုရီးယားနဲ့ အခြားဘာသာစကားတွေကို နားလည်နေပြီးတော့ သူဟာ အသက် 3 နှစ်မှာ ကိုရီးယား၊ဂျပန်၊ဂျာမာန် နဲ့ အင်္ဂလိပ် ဘာသာစကားတွေပြောတတ်နေပါပြီ။
 
4. Dr. Evangelos Katsioulis
Evangelos Katsioulis ဆိုတာ အမြင့်ဆုံး ပုစ္ဆာတွေကို ဖြေရှင်းနိုင်သူဖြစ်ပြီး သူ့ရဲ့ IQ 198 ရှိသူဖြစ်ပါတယ်။
Dr. Evangelos Katsioulis လို့ ဂရိနိုင်ငံမှာ နာမည်ကြီးပြီး ဆေးဘက်ဆိုင်ရာနဲ့ စိတ်ရောဂါကုထုံးပါရဂူ အကြီးဆုံးဖြစ်ပါတယ်။ World Intelligence Network (WIN) ကို ထူထောင်သူဖြစ်ပြီး AAAA.GR ကိုလဲ တည်ထောင်သူဖြစ်ပါတယ်။
 
5. Christopher Langan
Christopher Langan ဟာ IQ က 195 ဖြစ်ပြီး သူဟာ အမေရိက ဂုဏ်ဆောင် လူသားအဖြစ် သတ်မှတ်ထားသူဖြစ်ပါတယ်။သူဟာ ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားဖြစ်ပါဝင်သူဖြစ်သလို ခြောက်လသားထဲက စကားစပြောသူဖြစ်ပါတယ်။
စိတ်နဲက လက်တွေ့ရှင်းတမ်းကို သီအိုရီကို ရေးသားပြီး “Cognitive-Theoretic Model of the Universe” (CTMU) လို့ ခေါ်တဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
 
6. Rick Rosner
Rick Rosner ဟာ IQ က 192 ရှိတာဖြစ်ပြီး သူဟာ ကမ္ဘာပေါ်ကဖြေရှင်းလို့မရတဲ့ ပုစ္ဆာတွေကို အဖြေထုတ်သူထဲမှာ ပါဝင်ပါတယ်။သူဟာ အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံး ထုတ်လုပ်ရေးသမားထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး CHiPs ဆိုတဲ့ အစီအစဉ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
 
7. Mislav Predavec
Mislav Predavec ဟာ သချင်္ာပါမောက္ခဖြစ်ပြီး သူ့ရဲ့ IQ ဟာ 192 ဖြစ်ပါတယ်။သူဟာ GenerIQ Society ဆိုတဲ့ အသင်းကို စတင်တည်ထောင်သူဖြစ်ပြီး သူတို့ဟာ အဲ့ဒီအကျိုးအမြတ်ကို လှူဒါန်းတာဖြစ်ပါတယ်။သူဟာ ပို့ကုန် လုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်ဦးလဲ ဖြစ်ပါတယ်။
 
8. Marilyn vos Savant
Marilyn vos Savant has a verified IQ of 190.
Marilyn vos Savant ဟာ IQ 190 ရှိပြီး ဂရင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။သူဟာ marilynvossavant.com ဆိုတဲ့ သူ့ကိုယ်ပိုင် web site လဲရှိပြီး သူ့ဟာ အမျိုးသမီးထထဲမှာ IQ အမြင့်ဆုံးဖြစ်ဆုံးဖြစ်ပါတယ်။သူဟာ IQ စမ်းသပ်ချက် 228 ခုကို စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး သူမဟာ Parade Magazine မှာ ပေါ်ပြူလာဖြစ်လာပါတယ်။
 
9. Philip Emeagwali
Philip Emeagwali နိိုင်ဂှီးရီးယားက အင်ဂျင်နီယာ၊သချင်္ာပညာရှင်၊ကွန်ပြူတာ သိပ္ပံနဲ့ ဘူမိဗေဒသမားတဦးဖြစ်ပါအတယ်။သူဟာ 1989 မှာ Gordon Bell ဆုနဲ့ IEEE ဆိုတဲ့ ဆုတွေရရှိခဲ့ပြီး သူဟာ စူပါကွန်ပြူတာနဲ့ ဆက်သွယ်ပြီး ရေနံထုတ်တဲ့နေရာကို ကူညီခဲ့ပါတယ်။
 
10. Garry Kasparov
Garry Kasparov ဆိုတဲ့သူဟာ ချက်စ်ကို ကွန်ပြူတာက အရှုံးပေးခဲ့ရပြီး တချိန်ထဲမှာပဲ 3 သန်းလောက်အထိကို တွက်ချက်နိုင်ပါတယ်။သူဟာ အသက် 22 နှစ်မှာ ကမ္ဘာချန်ပီယံဖြစ်သူ Anatoly Karpov ရဲ့ စံချိန်ကို ချိုးဖျက် အနိုင်ရခဲ့ပါတယ်။
 
Read more...

ဖုန်းလေးကိုဘေးချပြီးတော့ သဘာဝတရားကို ခံစားကြည့်လိုက်တဲ့အခါ

  • Published in News
ဖုန်းလေးကိုဘေးချပြီးတော့ သဘာဝတရားကို ခံစားကြည့်လိုက်တဲ့အခါ
 
အလုပ်က desktop screen ကြီး ကစားစရာက စမတ်ဖုန်းဖြစ်နေချိန်မှာ ကျွန်တော်တို့ဘေးနားမှာရှိတဲ့ သဘာဝလောကကြီးကို မေ့ထားဖို့ လျစ်လျူရှုထားဖို့ဆိုတာ လွယ်ကူသွားပါပြီ။ ကျွန်တော်တို့တွေဟာ အစဉ်မပြတ်ထွက်နေတဲ့သတင်းတွေ၊ Update တွေ၊ notification တွေကြောာင့် လူသားဆန်ဆန် ထိတွေ့ခံစားမှုကိုတောင် မေ့လျော့သွားကြပါပြီ။ ခံစားဖို့လည်း လိုအပ်ပါတယ်။
 
တစ်ပတ်တာလုံး ဒီဂျစ်တယ်နည်းပညာတွေထဲက ရုန်းမထွက်နိုင်ဘူးလား။ ရပါတယ်။ စမတ်ဖုန်းမရှိတဲ့ နေ့လည်ခင်းတစ်ခုလောက် ဒါမှမဟုတ် စိတ်လွတ်ကိုယ်လွတ်နာရီဝက်လောက်လေးတော့ ကိုယ့်ပတ်ဝန်းကျင်က အရာလေးတွေကို ခံစားပြီးတော့ သင့်ရဲ့စိတ်ကို အားပြန်သွင်းပြီးတော့ သဘာဝတရားနဲ့ ချိတ်ဆက်လိုက်ပါ။ scroll (ဆွဲချခြင်း) တွေ၊ ကလစ်တွေ၊ ပွတ်ဆွဲခြင်းတွေကို မေ့ပစ်လိုက်ပြီးတော့ သင့်ရဲ့လက်တွေကို ခံစားမှုအာရုံဘက်ကို သွားခွင့်ပေးလိုက်ရအောင်။
 
သင့်အရေပြားကို တောက်ပစေတဲ့ အလင်းရောင်ကို ခံစားလိုက်ပါ
 
အသီးတချို့ကိုကောက်ယူလိုက်ပြီးတော့ အနံ့၊ အရသာ၊ အထိအတွေ့ကို ခံစားလိုက်ပါ
 
တစ်ယောက်ယောက်ရဲ့ လက်ကိုဆုပ်ကိုင်ထားလိုက်ပါ
 
ရေးသားပါ။ တကယ့်ဘောပင်န်အစစ်နဲ့ တကယ့်စာရွက်ပေါ်မှာပေါ့
 
ရေအေးအေးလေးကို လက်ခုပ်လေးနဲ့ခပ်ယူပြီး လက်ထဲကနေ စီးဆင်းနေတဲ့ရေလေးတွေကို ခံစားပါ
 
ကလေးတစ်ယောက်လိုမျိုး အပင်တွေနဲ့ ထိတွေ့ကြည့်ပါ
 
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ထိတွေ့ပါ။ မွေးမထားရင်လည်း သူများအကောင်လေးတွေနဲ့ ထိတွေ့ကြည့်ပါ
 
တစ်ယောက်ယောက်ကို ထွေးပွေ့ပါ
 
ရွှံ့တွေနဲ့ ကစားပါ။ တခုခုကို ပုံဖော်ပါ။ ဘာမှမရောပဲ ဖန်တီးကြည့်ပါ
 
စာဖတ်ပါ။ စာအုပ်ကအဟောင်းဖြစ်နေမယ်ဆိုရင်တော့ စာရွက်ဟောင်းနံ့လေးကို ရှုရှိုက်ပါ။ တစ်ရွက်ချင်းကို ဖြည်းညင်းစွာ လှန်ပါ
 
ပြတင်းပေါက်ကနေ လက်ကလေးကိုထုတ်ပြီးတော့ သိမ်မွေ့တဲ့ မိုးစက်လေးတွေကို ထိတွေ့ပါ
 
လက်ထဲမှာ ဖုန်းမကိုင်ထားဘဲနဲ့ ပူနွေးတဲ့ကော်ဖီရဲ့အရသာကို အေးအေးဆေးဆေးခံစားဖို့ အချိန်ယူပါ
 
သင့်လက်ထဲကနေ လျှောကျသွားတဲ့သဲလေးတွေက သင့်ရဲ့ခံစားချက်ကို တမူထူးခြားအောင် လုပ်နိုင်တယ်
 
စုတ်တံလေးတွေနဲ့ ဆွဲသားကြည့်ပါ
 
ကိုယ်တိုင် ပန်းလေးတွေဝယ်ပြီး ပန်းလေးတွေရဲ့ အလှအပလေးတွေကိုခံစားကြည့်ပါ
 
လမ်းလျှောက်ထွက်ပြီးတော့ ရှာလို့ရသမျှ အချောမွေ့ဆုံး၊ အတောက်ပဆုံး ကျောက်တုံးလေးကို အိမ်အပြန်ယူလာခဲ့ပါ
 
Read more...

သမိုင်းဝင် အကြီးကျယ်ဆုံး ဆိုက်ဘာ တိုက်ခိုက်မှု 8 ခု

  • Published in News
သမိုင်းဝင် အကြီးကျယ်ဆုံး ဆိုက်ဘာ တိုက်ခိုက်မှု 8 ခု

1 Project Chanology
Scientology နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တွေ ကို အမည်မသိဟက်ကာတွေ က ဟက်ကင်းပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ အဖွဲ ့ ရဲ ့ ခေါင်းဆောင်ကို တော့ ထုတ်ဖော်ပြောပြခဲ့ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီတိုက်ခိုက်မှု ဟာ ၂၀၀၈ တုန်းက ယူကျု မှာ “Message to Scientology” ဆိုတဲ့ စာသား ချန်ထားခဲ့ပြီး အီးမေလး်တွေ နဲ့ ဖက်စ် ပို့ တဲ့ စာတွေ အများအပြားဟက်ကင်းလုပ်ခဲ့တာဖြစ်ပါတယ်။
2 Paypal
၂၀၁၀ ဒီဇင်ဘာ ဆိုက်ဘာတိုက်ခိုက်မှု ရဲ ့ အဓိက တရားခံကတော့ Paypal ကလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှု မှာ ၀ီကီနဲ့ လည်းတစ်ပိုင်းတစ်ဆ သက်ဆိုင်ပုံရတယ်လို့ ဆိုပါတယ်။ကမ္ဘာမှာ တော့ ရှုတ်ထွေးကြီးကျယ်ခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုဖြစ်ခဲ့တာပါ။
 
3 Canadian Government Hacking
၂၀၁၁ ခုနှစ်တုန်းက ကနေဒါ အဆိုးရရဲ ့ ဋ္ဌာနဆိုင်ရာကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ကတော့ တရုတ် အိုင်ပီ လိပ်စာ နဲ့ ဖြစ်နေပါတယ်။ကနေဒါအစိုးရဟာ တရုတ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ အထိ ကြိုးပမး်ခဲ့ရပြီး အလွန်ကို ကြီးကျယ်လွန်းတဲ့ ဆိုက်ဘာ ရာဇဝတ်မှု လည်းဖြစ်ပါတယ်။
 
4 July 2009 Cyber Attacks
ဇူလိုင် ၂၀၀၉ ဆိုက်ဘာတိုက်ခိုက်မှု တွေထဲကတော့ အစိုးရရဲ ့ ငွေကြေးဆိုင်ရာ ကိစ္စတွေ နဲ့ အမေရိက ၊တောင်ကို ရီးယားတို့ ရဲ ့ သတင်းဝက်ဆိုဒ်တွေ အစရှိတာတွေ ကို ဆိုက်ဘာ တိုက်ခိုက်မှု တွေ ပြု လုပ်လာတာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရဲ ့ ပြောပြချက်အရ အမေရိကန် ၊တောင်ကိုရီးယား နဲ့ ဗီယက်နမ် နိုင်ငံရှိ ကွန်ပျူတာများအထိနာလာစေခဲ့ကြောင်းသိရှိရပါတယ်။
 
5 Flame
မီးတောက်လို့ ဘာသာပြန်ရင်ရနိုင်တဲ့ ဖလိန်း ကို  kywiper နဲ့ Flamer လို့ လူသိများကြပါတယ်။၂၀၁၂ ခုနှစ် က အရှေ ့ အလယ်ပိုင်းနိုင်ငံတွေ မှာ ကွန်ပျူတာ ၀င်းဒိုးကို အခြေခံတဲ့ စနစ်ကို ဗိုင်းရပ် ရှာ ဖွေ ရ မှ စတင်တွေ ့ ရှိခဲ့ပြီး အင်တာနက် နက်ဝက် ပစ္စည်းချိတ်ဆက်မှု ၊ယူအက်ဘီ စတစ်တွေ ကနေတစ်ဆင့်ကူးဆက်နိုင်တဲ့ ဗိုင်းရပ်ဖြစ်ပါတယ်။အဲ့ဒီဗိုင်းရ့ပ်ကို ၂၀၁၂ မေလ ၂၈ ခုနှစ်မှာ ကပ်စပါ စကီး အန်တီဗိုင်းရပ်မှ တာဝန်ယူရှာဖွေ လုပ်ဆောင်ကာကွယ်ခုခံနိုင်ခဲ့တယ်လို့ လည်းဆိုပါတယ်။
 
6 Operation Aurora
ရာဟိုးကို ဦးတည်တိုက်နေတဲ့ Operation Aurora ကတော့ Elderwood အုပ်စု က ဘေဂျင်းအခြေစိုက် စစ်တပ်နဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ရာဟိုးနဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေ ရဲ ့ စီးပွားရေးတွေ နဲ့ အချက်အလက်တွေ ကို ၂၀၁၀ ခုနှစ် ဇန်နဝါရီမှာ ဂူဂဲလ် က ဖော်ထုတ် မှု တစ်ဆင် ့ ပြီး တစ်ဆင့် ဖွင့်ချခဲ့တယ်လို့ သိရပါတယ် ။အလွန်ကြီးကျယ်တဲ့ တိုက်ခိုက်မှု မျိုးဖြစ်ပြီး ပြဿနာတွေ လည်း ရှုတ်ထွေးခဲ့ရဖူးပါတယ်။
 
7 Opi Israel
၂၀၁၂ ဧပြီလ ရ တုန်းက တိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု တွေ အရ အစ္စရေး ဆန့် ကျင်သူများအုပ်စု ကြောင့် ဆိုက်ဘာ အကြီးအကျယ်တိုက်ခိုက်ခံရဖူးပါတယ်။အစ္စရေးဝက်ဆိုဒ်အများအပြားကို ပစ်မှတ်ထားခဲ့ပြီး ငွေကြေးဆိုင်ရာ ၀က်ဆို်ဒ်၊သတင်းစာ နဲ့ လုပ်ငန်းကြီးတွေ ပါ၀င်နေတယ်လို့ ဆိုပါတယ်။
 
8 India
အိန္ဒိယနိုင်ငံဟာလည်း ဆိုက်ဘာ လုံခြုံရေးနဲ့ ပတ်သက်လို့ ကတိကဝတ်ပျက်ရခြင်းတွေ များစွာ ရှိနေပါတယ်။ဥပမာ အနေနဲ့ ၂၀၁၂ ဇူလိုင် ၁ ၂မှာတုန်းက ဆိုက်ဘာ တိုက်ခိုက်မှု ကြောင့် အီးမေလ်းပေါင်း ၁၂၀၀၀ ကျော်ထိပေါက်ကြားခဲ့တာဖြစ်ပါတယ်။အဓိကအားဖြင့် တော့ ဆိုက်ဘာအနေနဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ စစ်ရေးသုတေသနတွေ အထိ တိုက်ခိုက်ခံရမှု ရှိနေပါတယ်။အခြားသော ၀န်ကြီးဋ္ဌာ နတော်တော် များများ လည်းတိုက်ခိုက်ခံလိုက်ရဖူးပါတယ်။
 
9 4chan
နယူးယောက်မြို ့က အသက် ၁၅နှစ်အရွယ် ကျောင်းသားလေး Christopher Poole က ၂၀၀၃ ခုနှစ် အောက်တိုဘာ ၁ ရက် မှာ DDoS နည်းပညာတွေ နဲ့ သမိုင်းတွင်လောက်တဲ့ ကွန်ပျူတာတိုက်ခိုက်မှု မျိုးပြုလုပ်ခဲ့ပါတယ်။4chan ၀က်ဆိုဒ်ကို တည်ထောင်ပြီး ဓာတ်ပုံတွေ နဲ့ အချက်အလက်အချို ့ ကို ဖွင့်ချတာတွေ ပြု လုပ်ခဲ့ဖူးပါတယ်။နောက်ဆုံးမှာ တော့ ၂၀၀၇-၀၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွက် ကြားဖြတ် ရေဒီယိုလှိုင်းတွေ ကို နားထောင်ပြီး အစိုးရရဲ ့ အီးမေလ်းတွေ ကို ပါ ဟက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
Read more...

ဆိုက်ဘာ နည်းပညာ ရှင်တွေ နဲ့ နောက်ကွယ်က အချက်အလက်များ

  • Published in News
ဆိုက်ဘာ နည်းပညာ ရှင်တွေ နဲ့ နောက်ကွယ်က အချက်အလက်များ

1. Gary McKinnon
ပင်တဂွန်စစ်ဋ္ဌာန ချုပ်ရဲ ့ ကွန်ပျူတာတွေ ကို ၂၄နာရီတိတိ ပိတ်ပစ်အောင် လုပ်နိုင်တဲ့ ကမ္ဘာ့ နံပါတ် ၁ ဟက်ကာ ကတော့ Gary McKinnon ဖြစ်ပါတယ်။ဒါပေမဲ့ ယနေ့ အချိန်မှာတော့ ထောင်ထဲ မှာ ကျခံနေရတုန်းပါပဲ။အဓိကတော့ သူ ဟာ နာဆာ နဲ့ အမေရိကန် စစ်တပ်ကို လွယ်လွယ်ကူကူ ဟက်နိုင်နေလို့ ပါ။
 
2. Kevin Mitnick
ဆိုက်ဘာ ဆိုးသွမ်းမှု ကြောင့် ထောင်ဒဏ် ၅ နှစ်ကျခံနေရသူ Kevin Mitnick
ဟာ ယနေ့ အချိန်မှာတော့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ။သူဟာ ၁၉၉၅ ခုနှစ်တုန်းက တရားရုံးရဲ ့ ကွန်ပျူတာတွေ ကို ဖောက်ထွင်းခဲ့ပြီး နျူ ကလိးယား ပစ်လွှတ်မည့် အစီအစဉ်တွေ ကို ၀င်ရောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
 
3. Jacob Appelbaum
၀ီကီနဲ့ ဆက်စပ်နေတဲ့ အခြားသော ဟက်ကာ တစ်ယောက်ကတော့ Jacob Appelbaum ပဲဖြစ်ပါတယ်။သူဟာ ဘိန်းဖြူ စွဲ နေတဲ့ သူ့ဖခင်နဲ့ အတူ နေထိုင်နေပြီး သူ ့ ရဲ ့ နိုင်ငံရေးအမြင်တွေ ကြောင့် တားဆီးခံရမှုတွေ ရှိနေသူဖြစ်ပါတယ်။သူဟာ အီးမေးလ် ကိစ္စတွေ အတွက် အထူးကျွမး်ကျင်သူဖြစ်ပြီးဘာလင်မှာနေထိုင်တယ်လို့ ဆိုပါတယ်။
 
4. Cody Kretsinger
၂၀၁၁ တုန်းက ဆိုနီ ပလေးစတေရှင်ကို ဟက်ကင်းလုပ်ခဲ့သူ  Cody Kretsinger ကတော့ နည်းပညာလောကမှာ လူဦးရေ သန်း ရ၇ သန်းရဲ ့ အချက်အလက်တွေ ကို ၂၄ ရက် ကြာတဲ့ တိုင်အောင် စီမံခန့် ခွဲ မှု ပြု လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီကိစ္စကြောင့် ထောင်ဒဏ် ကျခံခဲ့ ရဖူးပါတယ်။
 
5. Robert Tappan Morris
“Morris Worm”  ဗိုင်းရပ်ကို တီထွင်ခဲ့သူ Robert Tappan Morris ကြောင့် ကွန်ပျူတာပေါင်း ၆၀၀၀ ခန့် အခက်အခဲတွေ ့ စေခဲပါတယ်။သူဟာ တက္ကသိုလ် မှာ စာပေလေ့လာနေစဉ် ၁၉၈၈ ခုနှစ်လောက်တုန်းက ကွန်ပျူတာတွေ ကို ဟက်ကင်းလုပ်မှု ကြောင့် နှစ်ရှည်ထောင်ကျခဲ့သူလည်းဖြစ်ပါတယ်။
 
6. Adrian Lamo
Adrian Lamo ကတော့ အိမ်ခြေမဲ့ တစ်ယောက်အဖြစ် လူသိများပါတယ်။တစ်ချိန်တုန်းက နယူးယောက်တိုင်းသတင်းစာကို ဟက်ခဲ့ပြီး ဒေတာဘေ့ တွေ ကို ပြင်ဆင်ခဲ့ဖူးပါတယ်။ သူ ကို အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ထောင် ၆ လ ကျခံစေခဲ့ပါတယ်။နောက်ပိုင်းမှာ စစ်ရေးသတင်းအချက်အလက်တွေကို ၀ီကီနဲ့ တွဲ ထုတ်ပြန်ခဲ့တယ်လို့ ဆိုသလို အခြားသော အကြောင်းတွေကြောင့် တကယ့် ကို ပြဿနာကောင်အဖြစ်ကြောက်ရွ ံ့ နေကြရပါတယ်။
 
7. The Aurora Hackers
၂၀၀၉ တုန်းက ကုမ္ပဏီပေါင်း ၃၀ ကျော ်ဟက်ခံရမှု မှာ ဂူဂဲလ် ရော ၊ရာဟိုးရော ပါ၀င်နေပါတယ်။အဲ့ဒီတုန်းက ဟက်ကာတွေ ဟာ အုပ်စုဖွဲ ့ ပြု လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဘေဂျင်းအခြေစိုက်အဖွဲ ့ ဖြစ်ပြီး Aurora ကို ဖမ်းလို့ မမိတာကြောင့် ဂူဂဲလ်ဟာ တရုတ်ကနေပြန်လည် ရုတ်သိမ်းလိုက်ရတယ်လို့ ဆိုပါတယ်။
 
8. Jonathan James
နည်းပညာ ပတ်ဝန်းကျင်မှာ နေထိုင်နေတဲ့ အသက်ငယ်ငယ် ဟက်ကာသမားတွေ အများအပြားရှိနေပါတယ်။Jonathan James ကို ဆယ်ကျော်သက်အရွယ်ကပင် ပိုစတာနဲ့ ကြေညာ ခဲ့ရတယ်လို့ ဆိုပါတယ်။ဒါကလညး် သူ ၁၆ နှစ်သားအရွယ်တုန်းက နာဆာ ရဲ ့ ဒေါ်လာ သန်း ၁၇၀ ကို ခိုးယူခဲ့ဖူးပါတယ်။အဲ့ဒါကြောင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၇ မှာတော့ TJX department ကစတိုးဆိုင်ဆီမှ ငွေတွေ ခိုးယူခဲ့ပြန်ပါတယ်။နောက်ပိုင်းမှာ ထောင်ဒဏ်တွေ အကျများတာကြောင့် သူ့ ကိုယ် သူသတ်သေခဲ့ပါတယ်။
 
9. Kevin Poulsen
Kevin Poulsen ကတော့ လက်ရှိအချိန်မှာ wired.com အတွက် သတင်းအယ်ဒီတာ ပြု လုပ်နေသူလည်းဖြစ်ပါတယ်။ဒါပေမဲ့ တစ်ချိန်တုန်းက တော့ သူ ဟာ ဖုန်းဘေတွေ ခိုးယူဖုန်းဆက်ခဲ့သူဖြစ်ပြီး FBI ရဲ ့ ကွန်ပျူတာတွေကိုဟက်ကင်းပြု လုပ်တာကြောင့် ထောင်ဒဏ် ၅ နှစ်ထိ ကျခံရဖူးပါတယ်။တစ်ချိန်တုန်းကတော့ သူဟာ black-hat ဟက်ကာတစ်ယောက်ပါပဲ။
 
10. Jeremy Hammond
Jeremy Hammond ကတော့ လက်ရှိထောင် ၁၀ နှစ်ကျနေသူ နည်းပညာရှင်တစ်ဦးပါ။သူဟာ ခရစ်ဒစ်ကဒ် ခေါ် အကြွေး ၀ယ်ကဒ် 60,000 ကို ခိုးယူခဲ့သူဖြစ်ပြီး တစ်ကမ္ဘာလုံး က တုန်လှုပ်ရတဲ့ သူလည်းဖြစ်ပါတယ်။သူဟာ ၀က်ဆိုဒ််တွေ နဲ့ အချို ့ သော အကြောင်းအချက်တွေ ကို ဖောက်ထုတ်ကာ ၀ီကီပေါ်ကို တင်နိုင်တဲ့ အထိ နည်းပညာကျွမ်းကျင်ပါတယ်။သူ ့ ရဲ ့ ထောင်ကျခံရတာနဲ့ ပတ်သက်လို့ ကတော့ အချို ့ သော နည်းပညာသမားတွေ က မကျေနပ်ကြပါဘူး။
Read more...
Subscribe to this RSS feed

Follow us

Log in or create an account