Xiaomi MI Max

PRICE 270000Ks

 

အားသာချက်

သင့်တင့်တဲ့စျေးနှုန်းနဲ့ specification ကောင်းကောင်းအသုံးပြုနိုင်တဲ့စျေးနှုန်းအလယ်အလတ်တန်းစားဖုန်းဖြစ်ပါတယ်။ GSM 2G/3G/4G စနစ်ေတွေအပြင်CDMA 800MHz စနစ်ကိုပါအသုံးပြုနိုင်ပါတယ်။ ပါ၀ါအသုံးပြုခြင်းတွက်လည်း ပါ၀ါသိုလှောင်မှုပမာဏမြင့်မားတဲ့ဘက်ထရီကိုအသုံးပြုထားတာတွေ့ရပါတယ်။ ဖုန်းမှာသုံးထားတဲ့CPU,GPU,,Memory အစရှိတဲ့Hardware ပိုင်းတွေမှာလည်းကောင်းမွန်တဲ့အပြင် ဖုန်းလုံခြုံရေးအတွက်လည်းFinger Print စနစ်ကိုအသုံးပြုနိုင်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း Megapixel မြင့်မားတဲ့ကင်မရာတွေကိုအသုံးပြုထားတာတွေ့ရမှာပါ။

xiaomi mi max 4xiaomi mi max 1

အားနည်းချက်

ရှေ့ကကင်မရာရဲ့ Megapixel ကအဆင်ပြေပေမယ့်ကင်မရာမှာအသုံးပြုနိုင်တဲ့ဓာတ်ပုံအသုံးပြုပုံ Mode အပိုင်းမှာတော့ Timer ဆိုတဲ့စနစ်နဲ့ အသံနဲ့ဓာတ်ပုံရိုက်နိုင်မယ့်Audio ဆိုတဲ့စနစ်နှစ်ခုပဲပါဝင်တာ တွေ့ရပါတယ်။

ဒီဇိုင်း

ကြီးမားကျယ်ပြန့်တဲ့မြင်ကွင်းမျိူးကိုဖန်းတီးထားပြီး ကိုယ်ထည်တစ်ခုလုံးကိုလည်း သတ်တုကိုယ်ထည်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ဖုန်းတခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၇.၃၁စင်တီမီတာနဲ့ဘေးတိုက်အကျယ် ၈.၈၃ စင်တီမီတာရှိပြီး ထုထည်ကတော့ဝ.၇၅စင်တီမီတာရှိတဲ့အတွက် ဘေးတိုက်အကျယ်များပြီး ပါးတယ်လို့ဆိုနိုင်တဲ့ဖုန်းဖြစ်ပါတယ်။ Finger Print Sensor ကိုတော့ ကျောဘက်ကာဗာအပေါ်နားမှာတပ်ဆင်ထး ပါးတယ်လို့ဆိုနိုင်တဲ့ဖုန်းဖြစ်ပါတယ်။ Finger Print Sensor ကိုတော့ ကျောဘက်ကာဗာအပေါ်နားမှာတပ်ဆင်ထားပြီးစပီကာတွေကတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာတပ်ဆင်ထားတာဖြစ်ပါတယ်။

xiaomi mi max 2

မြင်ကွင်း

၆.၄၄ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 1080x1920 Pixels (~342 ppi pixel density) ထိရှိနိုင်ပါလိမ့်မယ်။

နည်းပညာ

နည်းပညာပိုင်းမှာတော့MlUl 8 စတင်အသုံးပြုရမှာဖြစ်ပြီးUl 8 ရဲ့ဆန်းသစ်မှုတွေကိုထိတွေ့နိုင်မှာဖြစ်ပါတယ်။ MlUl 8 မှာတော့ပြည်တွင်းအသုံးပြုမြန်မာစာစနစ်အတွက်ယူနီကုပ်မြန်မာစာအပြင် ဇော်ဂျီမြန်မာစနစ်ကိုပါ တစ်ပါတည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပြူတာတွေမှာ Guest အကောင့်ခွဲပြီးအသုံးပြုတဲ့ပုံစံမျိူးသုံးနိုင်မယ့် second space (switch) ဆိုတဲ့စနစ်နဲ့App တွေကိုနှစ်ခုခွဲပြီးအသုံးပြုတဲ့ Dual apps ဆိုတဲ့စနစ်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Quick Touch စနစ်လိုမျိူး Touch Icon ပေါ်မှာHome, Back,Menu, Lock,Screenshot အစရှိတာတွေကို လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်မယ့်Quick Ball ဆိုတဲ့စနစ်လည်းပါဝင်လာတဲ့အပြင် Screenshot ပြုလုပ်တဲ့အခါမှာလည်း ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့မြင်ကွင်းတွေအတွက်Scroll စနစ်ပါဝင်ပါတယ်။

xiaomi mi max 3

သုံးသပ်ချက်

Mi Max ဟာ Screen အရည်အသွေးကောင်းမွန်တဲ့အပြင် ဖုန်းမှာ အသုံးပြုထားတ ဖုန်းမှာသုံးထားတဲ့CPU,GPU,,Memory Camera အစရှိတဲ့အစိတ်အပိုင်းတွေမှာလည်း ကောင်းမွန်တာတွေ့ရပါတယ်။ ဇော်ဂျီမြန်မာစာစနစ်တစ်ပါတည်းပါဝင်လာတဲ့အတွက် ဒါဟာလည်း ပြည်တွင်းကအသုံးပြုသူတွေအတွက်အဆင်ပြေစေတဲ့အပြင်MlUl 8 မှာပါဝင်လာတဲ့ စနစ်အသစ်တွေကိုလည်းထိတွေ့နိုင်ပါတယ်။ ကင်မရာအတွက် ဓာတ်ပုံအသုံးစနစ်တွေမှာတော့ နည်းပညာပိုင်းထူးထူးခြားခြားတွေပါဝင်လာတာသိပ်မတွေ့ရပါဘူး။Phablet ဖုန်းအမျိူးအစားဖြစ်တဲ့တွက်အရွယ်အစားကြီးမားတာကိုုမကြိုက်တဲ့သူတွေတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ဖုန်းမှာပါဝင်တဲ့ Specification နဲ့အသုံးပြုနိုင်မှုတွေဟာ စျေး နှုန်းနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တန်တယ်လို့ဆိုနိုင်ပါတယ်။

More in this category: « Xiaomi Redmi Pro Meizu MX6 »

Follow us

Log in or create an account