" Xiaomi Mi 5 ( 3GB RAM , 32GB ROM ) "

" Xiaomi Mi 5 ( 3GB RAM , 32GB ROM ) "

ကိုင်လိုက်တာနဲ့ လူကြီးလူငယ်မရွေး စမတ်ကျပြီး ကျစ်လစ်သေသပ်စွာ နဲ့ လှပတောက်ပြောင်နေမယ့် မြင်သူတိုင်း နှစ်ခါပြန်ငေးလောက်တဲ့ Design ကိုပိုင်ဆိုင်ထားတာကတော့ Xiaomi Mi5 ပါ။

ဒီဇိုင်းလှရုံပဲလား….
မဟုတ်ပါဘူး ပါ၀င်ထားတဲ့ Specifaction တွေကလည်း အကောင်းဆုံး အမြင့်ဆုံး ဆိုတာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါသေးတယ်။

စက်ရဲ့လည်ပတ်မှုကို မြန်ဆန်သွက်လက်ပြီး အချောမွေ့ဆုံး မောင်းနှင်စေမယ့် Qualcomm Snapdragon 820 Chipset...

လှုပ်ရှားမှုတွေကို ပုံရိပ်ဖမ်းယူရာမှာ အတည်ငြိမ်ဆုံး ရုပ်ထွက်ကို ရရှိအောင် မှတ်တမ်းတင်ပေးမယ့် OIS ၀န်ရိုး လေးခု ပါ၀င်ပြီး16MP အဆင့်ရှိတဲ့ Camera

ရှင်းလင်း ကျယ်ပြန့်ပြီး ဘေးဘောင် မပါ၀င်သလိုခံစားရတဲ့ 5.15 လက်မရှိသည့် ကြည်လင်တောက်ပသော Full HD မျက်နှာပြင် Display

Home Key ကို လက်တင်လိုက်တာနဲ့ Lockပွင့်တဲ့ မြန်ဆန်ကောင်းမွန်လွန်းတဲ့ Fingerprint System

သာမာန်ထက် Data ကူးနှုန်းပိုမိုမြန်ဆန်ပြီး ပြောင်းပြန်ထိုးထိုး အတည့်ထိုးထိုး အမှားမရှိတဲ့ နှစ်ဖက်တူ Type C USB Port

နာရီ၀က်အတွင်းမှာ အား 60% နှင့်အထက် သွင်းပေးနိုင်တဲ့ Quick Charge 3.0 အားသွင်းစနစ်

အစရှိတဲ့ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်မြင့်မားတဲ့ နည်းစနစ်တွေပါ၀င်ပါတယ်။

အခြား Function တွေအနေနဲ့ဆိုရင် IR Sensor ပါ၀င်တဲ့ အတွက် TV,Air-con နှင့်အခြားသော IR စနစ်ပါ၀င်တဲ့ လျှုပ်စစ်ပစ္စည်းများကို ထိန်းချုပ်နိုင်ခြင်း ၊ SD card , Memory Stick များကို OTG ကြိုးဖြင့် ချိတ်ဆက်၍ အလွယ်တကူ ကူးယူဖတ်ရှုနိုင်သည့် OTG စနစ် , Ooredoo နှစ်ကဒ်လုံး တစ်ပြိုင်နက် အသုံးပြုနိုင်သည့် DUAl SIM DUAL STANDBY စနစ်…(3G+3G) or (4G+3G)

အကောင်းတကာ့ အကောင်းဆုံးနည်းပညများဖြင့်ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Xiaomi Mi 5 ကို

ကျွန်တော်များ လူကြီးမင်း ဖုန်းဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

ဒီလောက်တောင်ကောင်းနေတဲ့ ဖုန်း ဈေးကြီးမှာစိုးရိမ်နေပါသလားးး

ဈေးကတော့ သုံးသိန်းနှစ်သောင်းကနေ သုံးသိန်းခွဲ၀န်းကျင်သာရှိတဲ့ အတွက် ပေးရတဲ့ ဈေးနှုန်းနဲ့ ပြန်လည်ရရှိမယ့် အကျိုးခံစားခွင့် သုံးရတဲ့ အရည်အသွေးကိုတွက်ကြည့်ရင် အတော်လေး တန်လွန်းပါတယ်

Internal Memory 32GB နှင့် RAM 3GB ပါ၀င်ပြီး အရောင်အနေနဲ့ကတော့

White (Official Warranty )

Black (look like Jet Black Colour) နှင့်

Gold Colour များ၀ယ်ယူရရှိနိုင်ပါသည်။

Follow us

Log in or create an account