Vivo ချစ်သူများအတွက် အသစ်ထပ်မံထွက်ရှိလာတဲ့ Vivo Y55 စမတ်ဖုန်းလေးကို လူကြီးမင်းဖုန်းဆိုင်မှာ ဝယ်ယူနိုင်ပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။

Vivo ချစ်သူများအတွက် အသစ်ထပ်မံထွက်ရှိလာတဲ့ Vivo Y55 စမတ်ဖုန်းလေးကို လူကြီးမင်းဖုန်းဆိုင်မှာ ဝယ်ယူနိုင်ပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။

 

ပါးလွှာပြီး စမတ်ကျကျနဲ့ အသစ်ထွက်ရှိလာတဲ့ Vivo Y55 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ 5.2 လက်မ သာရှိပါ တယ်။ သူရဲ့ Display ကိုတော့ HD IPS display နည်းပညာကို အသုံးပြုထားတဲ့အပြင် 2.5D curved glass နဲ့ Display ကို ဖုံးအုပ်ကာကွယ်ပေးထားတဲ့ အတွက် သာမာန်အစင်းခြစ်ရာတွေလောက်တော့ စိုးရိမ်စရာ လိုမှာ မဟုတ်တော့ပါဘူး။
SIM ကဒ်ကလည်း နှစ်ကဒ်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားအသုံးပြုချင်သူတွေ အတွက်တော့ အဆင်ပြေစေမှာပါ။ SIM ကဒ် ထည့်သွင်းအသုံးပြုတဲ့အခါ Micro-SIM ကဒ်တစ်ခုနဲ့ Nano-SIM အတွက် တစ်ခုဆိုပြီး SIM ကဒ်ပေါက် နှစ်ခု ခွဲခြားပါရှိပါတယ်။ Network ကတော့ GSM ဖြစ်ပြီး 3G,4G အထိ သုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။
Vivo Y55 ရဲ့ Android OS ကတော့ သူရဲ့ ကိုယ်ပိုင် Funtouch UI ကို Android 6.0 (Marshmallow) နဲ့ ပေါင်းစပ် အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်မှာတော့ Snapdragon 430 processor မှာ 1.4GHz Octa Core CPU နဲ့ တွဲဖက် မောင်းနှင်ပေးထားတဲ့အပြင် Adreno 505 GPU ကိုလည်း တပ်ဆင်ပေးထားပါတယ်။
ကင်မရာပိုင်းမှာလည်း primary 8MP နဲ့ secondary 5MP ကို တပ်ဆင်ပေးထားပါတယ်။ ညဘက် ဓာတ်ပုံတွေ ရိုက်ကူး တဲ့အခါမှာလည်း အလိုလျောက် အလင်းချိန်ညှိပေးတဲ့ စနစ်လည်း ထည့်သွင်းပေးထားပါသေးတယ်။Memory ကတော့ internal 16GB နဲ့ 2GB RAM ကို အသုံးပြုပေးထားပါတယ်။ ညအခါ စာဖတ်ရှုသူများသာမက အလင်းအားနည်းတဲ့ နေရာ မျိုးမှာ ဖုန်းအသုံး ပြုသူများအတွက်လည်း မျက်စိမပျက်အောင် ကာကွယ်ပေးထားတဲ့ စနစ်လည်း ပါဝင်အသုံးပြုပေးထားပါ သေးတယ်။
ဘက်ထရီကိုတော့ 2650 mAh (non-removable battery0 ဘက်ရီအမျိုးအစားကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ အရောင်ကတော့ golden နဲ့ rose gold ဆိုပြီး နှစ်မျိုးထွက်ရှိလာပါတယ်။ Vivo Y55 ရဲ့ ဈေးနှုန်းကတော့ 198,000 ကျပ်ဖြစ်ပါတယ်။ ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ လူကြီးမင်း Hot Line ဖုန်းနံပါတ်ဖြစ်တဲ့ 09-453344800 သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Follow us

Log in or create an account