Ultra HD ရုပ်ထွက်လန်းလန်းတွေကို မှတ်တမ်းတင်ပေးနိုင်မယ့် Vivo Y53…

Ultra HD ရုပ်ထွက်လန်းလန်းတွေကို မှတ်တမ်းတင်ပေးနိုင်မယ့်
Vivo Y53…

မကြာသေးခင်ကမှ အသစ်ထပ်မံထွက်ရှိထားတဲ့ လူငယ်တွေ အကြိုက် Vivo Y53 လေးကိုတစ်ချက်လောက် လေ့လာကြည့်ရအောင်….

Screen Size ကတော့ မကြီးလွန်း မသေးလွန်း အနေတော်ပါပဲ။ ၅လက်မတိတိဖြစ်ပါတယ်။ရုပ်ထွက်ကလည်း qHD ဆိုတော့ အတော်အသင့်ကြည်လင်တဲ့ ရုပ်ထွက်ကို ရှု မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျ။
Camera အနေနဲ့ အရှေ့ ကင်မရာ 5MP ပါဝင်မှာဖြစ်ပြီး ကျောဘက် မှာတော့ 8MP အရည်အသွေးရှိတဲ့
Camera ကိုတပ်ဆင်ပေးထားပါတယ်။ 8MP Camera ကနေပြီး အလွန်ကြည်လင်ပြတ်သားတဲ့ Ultra HD ပုံရိပ်ကို မှတ်တမ်းတင်ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ Ultra HD စနစ်ကြောင့် ရိုက်ပြီးသားပုံရိပ်ကို အကျယ်ချဲ့ကြည့်ရင်တောင် မှုန်ဝါးသွားမှာမဟုတ်ပါဘူး။ အဲ့တစ်ချက်ကတော့ အတော်လေး ရေပန်းစားဦးမယ်ထင်ပါရဲ့။
#Processor
ဖုန်းရဲ့အသက်ဖြစ်တဲ့ Processor ကို တော့ အရည်အသွေးမှာဂုရုကြီးတစ်ပါးဖြစ်တဲ့
Qualcomm Snapdragon 425 Chipset ကိုအသုံးပြုထားပါတယ်။တာရှည်အသုံးခံ မယ့်ဖုန်းတစ်လုံးပါ။သေချာတာကတော့ မပျက်မခြင်းကောင်းနေမှာပါခင်ဗျ။
#Storage & RAM
Storage အနေနဲ့ 16GB Buildin ပါဝင်မှာဖြစ်ပြီး ထပ်မံတိုးချဲ့လိုပါက 256GB အထိ လက်ခံနိုင်တယ်လို့သိရပါတယ်။ ဖုန်းရဲ့ Software ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအပိုင်းအတွက်တော့ RAM 2GB ပါဝင်မှာဖြစ်ပါတယ်။ အနေတော်ပါပဲ။
#Network
Mobile Network အနေနဲ့တော့ 4G LTE စနစ်အထိ လက်ခံအသုံးပြုနိုင်ပါတယ်။
ယခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ အမြင့်ဆုံးကွန်ယက် လို့ပြောရမှာပါ။
Dual SIM အမျိုးအစားဖြစ်တာကြောင့် Ooredoo နဲ့ MPT သုံးမလား Telenor ပဲ ၂ကဒ်သုံးမလား လေဒီကြိုက်တာရွေးနိုင်ပါတယ်။ ထူးခြားချက်လေးတစ်ခုပါပါတယ်။
အဲ့တာကတော့ SIM Card 2 ကဒ်ကို တစ်ပြိုင်တည်းထည့်ထားပြီး Memory ကဒ်အတွက် သီးသန့် အကန့်လေးတစ်ခုပါဝင်တာပါပဲ။
# OS Version
Android Version 6.0 ကိုအခြေခံထားတဲ့ Funtouch os3.0 ကိုအသုံးပြုရမှာပါ။
တမူထူးခြားပြီး ပေါ့ပါး သွက်လက်တဲ့ အရသာကို ခံစားစေရမှာဖြစ်ပါတယ်။
Battery ကတော့ 2500mAh ဆိုတော့ နည်းနည်းတော့ နည်းသလိုခံစားရတယ်။
သူ့spec နဲ့သူဆိုရင်တော့ အဆင်ပြေမယ်မျှော်လင့်ရပါတယ်။
Fingerprint စနစ်ကတော့ ပါဝင်မှာမဟုတ်ပါဘူး။
ရရှိနိုင်မယ့်အရောင်တွေကတော့ Crown Gold, Space Gray ဟူ၍ဖြစ်ပါသတဲ့ခင်ဗျာ။

Follow us

Log in or create an account