Sony ရဲ့ ဂန္တဝင်မြောက် ဖုန်းတစ်လုံး (သို့မဟုတ်) Sony Xperia XA1

Sony ရဲ့ ဂန္တဝင်မြောက် ဖုန်းတစ်လုံး (သို့မဟုတ်) Sony Xperia XA1

Sony Xperia XA1 – 369,000
Sony Flagship စမတ်ဖုန်းတွေရဲ့ ကိုယ်ထည် ဒီဇိုင်းပိုင်းဟာ မြင်တာနဲ့တင် ထူးခြားတဲ့ ခံစားမှုမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။ ဘယ်လို ခံစားမှုမျိုးလဲဆိုတော့ ရိုးရိုးရှင်းရှင်းနဲ့ ရှေးကျတဲ့ ခံစားမှုမျိုးပါ။ တစ်နည်းဆိုရရင်တော့ ဂန္တဝင်ဆန်တဲ့ ခံစားမှုမျိုးပါပဲ။ အခု ထွက်ရှိလာတဲ့ Sony Xperia XA1 မှာလည်း အထက်က ဖော်ပြခဲ့တဲ့ ခံစားမှုမျိုး ခံစားမိမှာ အသေအချာပါပဲ။


Sony Xperia XA1 ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ ၅လက်မသာ ရှိတာမို့ လက်ထဲ ကိုင်တွယ်ရတာ အံဝင်ခွင်ကျတော့ ရှိတယ်လို့ ဆိုရမှာပါ။ ဓာတ်ပုံ၊ ဗီဒီယိုတွေ ကြည့်တဲ့အခါမှာလည်း ကြည်လင်တဲ့ ရုပ်ထွက်တွေ ကြည့်ရှုခံစားနိုင်ဖို့ Image Enhance Technology ကိုအသုံးပြုပေးထားတဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ မတော်တဆ အစင်းခြစ်ရာဖြစ်မှုတွေအတွက်လည်း 2.5D Curve Glass နဲ့ ဖုံးအုပ်ကာကွယ် ပေးထားပါတယ်။
SIM Card နှစ်ကဒ် ထည့်သွင်း အသုံးပြုနိုင်ခြင်းကလည်း အလုပ်များပြီး အဆက်သွယ်များတဲ့သူတွေ အတွက်တော့ ကွက်တိပါပဲ။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း Sony အနေနဲ့ Mediatek Chipset ကို အသုံးပြုပေးထားဖြစ်ပါတယ်။ Octa-core (4x2.3 GHz Cortex-A53 & 4x1.6 GHz Cortex-A53) CPU ကို အသုံးပြုပြီး Android OS 7.0 နဲ့ တွဲဖက် မောင်းနှင်ပေး ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ GPU ကလည်း Mali T880MP2 ကိုအသုံးပြုထားပါတယ်။
ဖုန်းတွင်းမှတ်ဉာဏ်ကလည်း 32GB အထိ ပါဝင်ပြီး အချက်အလက် များများ သိုလှောင်ချင်သူများအတွက်လည်း 256GB အထိ SD ကဒ် ထည့်စိုက် အသုံးပြုနိုင်အောင် တည်ဆောက်ပေးထားပါတယ်။ RAM က 3GB ပါဝင်တာကြောင့် ဂိမ်းတွေကိုလည်း အထစ်အငေါ့မရှိ ခပ်သွက်သွက် လုပ်ဆောင်ချက်တွေနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။
Sony က ကင်မရာထုတ်လုပ်သူပီပီ သူထုတ်လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း အသုံးပြုပေးထားတဲ့ ကင်မရာတွေက စိတ်ကျေ နပ်စရာပဲ။ XA1 မှာလည်း 23MP ရှိတဲ့ Exmor RS Sensor ကို ကင်မရာမှာ တပ်ဆင်ပေးထားပါတယ်။ အရှေ့ Selfie ကင်မရာ ကတေ့ာ 8MP ရှိတဲ့ ကင်မရာ ကို တပ်ဆင်ပေးထားပါတယ်။
8MP ရဲ့ တပ်ဆင်ထားတဲ့ အရှေ့ကင်မရာရဲ့ ထူးခြားချက်ကတော့ Oppo F3 လိုမျိုး Sony XA1 မှာတော့ 23mm wide angels lens ပါဝင်တာကြောင့်လည်း Group Selfie ရိုက်ချင်သူတွေအတွက်တော့ အိုကေပါပဲ။ ကင်မရာပိုင်းမှာ အတော်လေး ကောင်းမွန်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ အသုံးပြုတပ်ဆင်ထားတဲ့ ဘက်ထရီကလည်း Li-lon 2300 mAh ကို အသုံးပြုတပ်ဆင်ထားတဲ့အတွက် ဘက်ထရီအားခံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Sony Xperia XA1 ကိုတော့ whit, black, gold, pink ဆိုပြီး အရောင်လေးမျိုးနဲ့ ထွက်ရှိလာပါတယ်။ အခုလို သပ်ရပ်သေသပ်ပြီး စမတ်ကျကျရှိတဲ့ Sony XA1 ကို ကျွန်တော်တို့ လူကြီးမင်း ဖုန်းဆိုင်များမှာ 369,000 ကျပ်နှင့် ဝယ်ယူရရှိနိုင်ပြီလို့လည်း သတင်းကောင်းလေးပါးလိုက်ပါတယ်။ Hot Line Number ဖြစ်တဲ့ ဖုန်း 09453344800 သို့လည်း ဆက်သွယ် မှာယူနိုင်ပါ တယ်ခင်ဗျာ..။

Follow us

Log in or create an account