Samsung New Model [ Galaxy J7 Prime ]

Samsung New Model  [ Galaxy J7 Prime ]

(328,000ks) Official 1yr Warranty
-----------------------------------------------------------------------------------
September 2016 မှာထွက်ရှိလာတဲ့ Samsung J7 Prime ဟာ
Prime တို့ရဲ့ ထုံးစံအတိုင်း ယခင် ထွက်ခဲ့တဲ့ Model ကို Hardware , Software ပိုင်းဆိုင်ရာ ပြန်လည်
မွန်းမံံမြှင့်တင်ပြီး ကျော့ကျော့မော့မော့ ဖြင့်ထွက်ရှိလာပြန်ပါပြီ။
စဉ်းစားစရာတစ်ခုကတော့ J7 , J7(2016) အပြင်ကို ခု J7 Prime ဆိုပြီး Model ၃ မျိုးလောက်ထူးထူးခြားခြားထွက်လာတာပါ။ စာရေးသူအထင်တော့ J7 2016 ကို အားမရဘူးနဲ့တူပါတယ်။

 

J7 2016 နဲ့ J7 Prime ဘာတွေများကွာသွားပါလိမ့်???

Dual SIM အမျိုးအစားဖြစ်ပြီး
Screen Size 5.5 လက်မ ပဲဖြစ်ပေမယ့်
Resolution ကတော့ HD ဖြစ်သွားပါတယ်။ (1080 x 1920 pixels (~401 ppi pixel density)ပါ။

J7 2016 မှာတောင် 267 ppi ပဲပါတယ်ဆိုတော့ ယခု Prime ရဲ့ ရုပ်ထွက်ကတော့ တော်တော်လေး
ကြည့်ရတာ စိုပြေနေမှာသေချာပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ AMOLED Display မဟုတ်တော့ပဲ IPS Display ကိုပဲတပ်ဆင်ပေးထားပါတယ်။ ဈေးပိုများသွားမှာစိုးလို့နဲ့တူပါတယ်။

Android Version ကတော့ J7 နည်းတူ 6.0.1 (Marshmallow) ကိုပဲအသုံးပြုပေးထားပါတယ်။
Android Nougat ( version 7.x.x ) Release လုပ်ပြီးမှ ထွက်လာတာဆိုတော့ တစ်ချိန်မှာ android 7 ကို Upgrade ပြုလုပ်ခွင့်ရလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

J7 2016 မှာတော့ Internal 16 GB,RAM 2GB ပေမယ့် ယခု Prime မှာတော့ Internal 32GB,RAM 3GB ဖြစ်သွားပါပြီ။

Android Software တွေဟာ Performance ပိုမိုကောင်းမွန်လာတာနှင့်အမျှ RAM စားသုံးမှုဟာလည်း ပိုမို များပြားလာတာကြောင့် 3GB ပမာဏ ရှိတဲ့ RAM ဟာ ယနေ့ခေတ် update app တွေ နဲ့တော့ အကိုက်ပဲလို့ဆိုရမှာပဲဖြစ်ပါတယ်။

J7 Prime ကို ရွေးချယ်ဝယ်ယူတဲ့ အခါမှာ စိတ်ကျေနပ်စရာဖြစ်စေမယ့် တစ်ချက်ကတော့ 8 Megapixel ပမာဏ ရှိတဲ့ Self Camera ပါပဲ…. အမှတ်တရပုံရိပ်တွေကို အကောင်းဆုံး အလှပဆုံးဖြစ်အောင် မှတ်တမ်းတင် သိမ်းဆည်းပေးနိုင်မှာဖြစ်ပါတယ်။

ထို့ အပြင် Primary Camera အနေနှင့် 13 MP, f/1.9, 28mm, autofocus စနစ်ပါဝင်နေတာဟာလည်း အပျာ်တမ်း Photographer တွေအတွက် မျက်စိကျစရာ အနေအထားဖြစ်နေပြန်ပါသေးတယ်။

USB Stick ကို ဖုန်းမှာချိတ်ဆက် အသုံးပြုနိုင်တဲ့ OTG စနစ်လည်း အထောက်အပံ့ပေးထားတဲ့အ့ပြင် FM Tuner လည်းပါဝင်တဲ့ အတွက် ယနေ့ခေတ် နောက်ပိုင်း ထွက်တဲ့ ဖုန်းတွေမှာ မရရှိနိုင်တော့တဲ့ Offline Radio စနစ်ကိုပြန်လည် ခံစားနိုင်ဦးမှာဖြစ်ပါတယ်။

ဖုန်းလုံခြုံရေးအတွက်လည်း ဖိနှိပ်ရန်မလိုပဲ လက်တင်ရုံဖြင့် ပွင့်တဲ့ အလွန်မြန်ဆန်တဲ့Fingerprint စနစ်ပါဝင်လာပါတယ်။ တခြားပြိုင်ဘက် ဖုန်းတွေကို လည်း အမှီလိုက်လာတယ်လို့ဆိုရမှာပါ။

Battery အနေနဲ့ အလွယ်တကူဖြုတ်တပ်လို့မရတော့ပါဘူး Non-removable Li-Ion 3300 mAh battery ကိုတပ်ဆင်ပေးထားပါတယ်။ Battery အသေဖြစ်သွားတဲ့ အကြောင်းရင်းကတော့ Fingerprint စနစ်ကြောင့်လို့ထင်ပါတယ်။

ရရှိနိုင်တဲ့ အရောင်တွေကတော့ အနက် နှင့် ရွှေ ရောင် တို့ကိုသာ ထုတ်လုပ်ထားတဲ့ အတွက် J7 2016 ထက်စာရင်တော့ အရောင်ရွေးချယ်စရာနည်းသွားပါတယ်။

Follow us

Log in or create an account