SAMSUNG Galaxy J7(2016)

Samsung Galaxy J7 (2016)
ကိုယ်ထည်ပါးလွှာပြီး စမတ်ကျစေမယ့် Samsung Galaxy J7 (2016) မော်ဒယ်လေးနဲ့ ဒီတခေါက် ထပ်မိတ်ဆက်ပေးပါရစေ။ ကိုယ်ထည်ကို 7.8 mm အထိ ပါးလွှာအောင် တည်ဆောက်ပေးထားပါတယ်။ ကိုယ်ထည်ကို ဆေးမကျွတ်တဲ့ သတ္တုကိုယ်ထည်နဲ့လည်း တည်ဆောက်ပေးထားတာ သုံးစွဲသူ အကြိုက် ဖြစ်မယ် ထင်ပါတယ်။

ဖုန်းကိုယ်ထည် အလေးချိန်ကတော့ 170g (6.00oz) သာရှိပါတယ်။ အလျား 151.7 mm၊ အနံ 76 mm၊ အမြင့် 7.8 mm နဲ့ အရွယ်အစားသတ်မှတ် ထုတ်လုပ်ထားပါတယ်။ ဒီအရွယ်အစားဟာ ဖုန်းသုံးစွဲသူအနေနဲ့
အနေတော် အရွယ်အစားလို့ ပြောလို့ရပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကိုတော့ 5.5 inches (~72.3 screen-to-body radio) ထားရှိပြီး ရုပ်ထွက် ကောင်းမွန်ဖို့အတွက်လည်း 720 x 1280 pixels (~267 ppi pixel density) အသုံးပြုထားပါတယ်။

ဖုန်းလိုင်းအတွက်ကတော့ 2G,3G,4G အထိ သုံးစွဲနိုင်မှာ ဖြစ်ပြီး SIM Card အနေနဲ့ နှစ်ကဒ်သုံးလို့ရအောင် (Dual SIM) စီစဉ်ပေးထားတဲ့အတွက်လည်း ဖုန်းနံပါတ်နှစ်ခု ထည့်သွင်း အသုံးပြုနေသူတွေအတွက် အဆင်ပြေစေမယ့် ဖုန်းတစ်လုံးလို့ ပြောပါရစေ။ SIM Card ကတော့ Micro-SIM ထည့်စိုက် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

Android OS ဖြစ်ပြီး Version အနေနဲ့ v6.0.1 (Marshmallow) ကို အသုံးပြုထားပါတယ်။ Exynos 7870 Chipset ကို တပ်ဆင်ထားပြီး Octa-core 1.6 GHz Cortex-A53 နဲ့တွဲဖက်မောင်းနှင်ထားတဲ့အတွက် ဖုန်း အသုံးပြုတဲ့အခါ လျင်မြန်တဲ့ တုံ့ပြန်မှုကို ရရှိ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Mali-T830MP2 GPU ကိုလည်း တပ်ဆင်ပေးထားတဲ့အတွက် ဂိမ်းဆောများများ ဆော့ချင်သူတွေအတွက် ရုပ်ထွက်ကောင်းကို ပေးစွမ်းနိုင် မယ်လို့ ယူဆရပါတယ်။ဖုန်းတွင်း မှတ်ဉာဏ်အနေနဲ့ 16 ROM, 2 GB RAM ရှိပါတယ်။ Micro SD Card အနေနဲ့ကတော့ 256 GB အထိ ထည့်သွင်း အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ကင်မရာ ပိုင်းမှာတော့ အနောက်ကင်မရာကို 13 MP ထည့်သွင်းတည်ဆောက်ပေးထားပြီး ရှေ့ကင်မရာ ကိုတော့ 5 MP ထည့်သွင်း တည်ဆောက်ပေးထားတဲ့အတွက် ဓာတ်ပုံရိုက်များမယ့် သူများအတွက်တော့ ရွေးချယ်စရာ ကောင်းနေပါတယ်။

Li-lon 3300 mAh ဘက်ထရီကို တပ်ဆင်ထားပေးထားပါတယ်။ ဘက်ထရီအရှင် ဖြစ်တဲ့အတွက် အရေးကြောင်းဆို ဘက်ထရီ ဖြုတ်၊ တပ် လို့ ရပါတယ်။ ဖုန်းကိုယ်ထည် အရောင်ကို white, black, gold, rose gold ဆိုပြီး အရောင် (၄)မျိုး နဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ 280,000 ကျပ် ရှိပါတယ်။ (ဈေးနှုန်းကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။)

 

More in this category: « Mezius M3S Kenbo Fly O31 PLUS »

Follow us

Log in or create an account