Samsung Galaxy J5 Prime

Samsung Galaxy J5 Prime

- 1.4GHz Quad-Core Processor, 2GB RAM With 16GB ROM
- 5 Inch HD Display , Dual Nano SIM ,13MP Camera With LED Flash
- 5MP Front Camera , Fingerprint Scanner , 4G LTE/WiFi
-Bluetooth 4.1 , Full Metal Body , 2400mAh Battery

J5(2016) ထက် သာလွန်တဲ့ နည်းပညာတွေနဲ့ မြှင့်တင်ထုတ်လုပ်ထားတဲ့ ထိတွေ့ခံစားချက်တွေကြောင့်လို့ ထင်ပါတယ်။ J5 (2016) မှာ မပါဝင်ခဲ့တဲ့ လက်ဗွေစနစ်ကို J5 Prime မှာ အသုံးပြုနိုင်သွားပါတယ်။ ဖုန်းရဲ့ Display ကိုတော့ IPS LCD နည်းပညာနဲ့ တည်ဆောက်ပေးထားပြီး Corning Gorilla Glass ဖန်သားပြင်နဲ့ ကာကွယ် တည်ဆောက်ပေးထားပါတယ်။


ဖုန်းရဲ့ ဘက်ထရီကတော့ ဖြုတ်/တပ် လွယ်တဲ့ ဘက်ထရီအမျိုးအစား မဟုတ်တော့ပဲ (non-removable) ဘက်ထရီအမျိုးအစားကို တပ်ဆင် တည်ဆောက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက တော့ J5 Prime ရဲ့ ထူးခြားချက်တွေလို့ ဆိုရမှာပါ။
ဖုန်းရဲ့ ကွန်ရက် ပိုင်းကတော့ GSM ကွန်ရက်ဖြစ်ပြီး 4G အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM ကဒ် အရွယ်အစား ကတော့ (Nano-SIM) အရွယ်အစားဖြစ်ပြီး ဆင်းကဒ်ကတော့ နှစ်ကဒ်ထည့်စိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်အရွယ်အစားက J5(2016) ထက် အနည်းငယ် သေးငယ်သွားမှာ ဖြစ်ပါတယ်။ 5.0 လက်မရှိတဲ့ မျက်နှာပြင်အကျယ်မှာ 720x1280 pixels ရှိတဲ့ ကြည်လင်တဲ့ ရုပ်ထွက်ကို ကြည့်ရှု ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ ပါးလွှာမှုကတော့ 8.1mm ရှိတဲ့အတွက် J5(2016)နဲ့ အတူတူ ဖြစ်ပေမယ့် ကိုယ်ထည်အလေးချိန်ကတော့ 143g ဖြစ်တဲ့အတွက် အနည်းငယ် ပေါ့သွားမယ်လို့ ဆိုရမှာပါ။
ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုတော့ Qualcomm ကထုတ်တဲ့ Snapdragon Chipset မှာ Quad-core 1.4GHz Cortex-A53 ကို တပ်ဆင်မောင်းမှာ ဖြစ်ပြီး Android OS,v6.0.1(Marshmallow) ဗားရှင်း အသုံးပြုပေးထားတယ် ထားပါတယ်။ မှတ်ဉာဏ်စွမ်းရည်ကို ROM 16GB, RAM 2GB ထောက်ပံ့ပေးထားပြီး micro SD 128 GB အထိ ထည့်စိုက်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
Samsung Galaxy J5 Prime မှာ 5MP ရှိတဲ့ အရှေ့ကင်မရာနဲ့ 13MP ရှိတဲ့ အနောက်ကင်မရာကို တပ်ဆင်ပေးထား ပြီး ဗီဒီယို ရိုက်ကူးနိုင်စွမ်းကတော့ တစ်စက္ကန့်အတွင်း 30 frame နှုန်းနဲ့ 1080p စွမ်းရည်နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Li-lon 2400 mAh ရှိတဲ့ ဘက်ထရီ (non-removable)အမျိုးအစား တပ်ဆင်ပေးထားပါတယ်။ Samsung Galaxy J5 Prime ကို အနက်ရောင်၊ ရွှေရောင်နဲ့ အဖြူရောင်ဆိုပြီး သုံးမျိုးနဲ့ ထွက်ရှိလာတဲ့အတွက် မိမိ နှစ်သက်ရာ အရောင်ကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါပြီ။ ဈေးနှုန်းကတော့ ၂၉၀,၀၀၀ ကျပ် ရှိပါတယ်။ ဖုန်း 09-453344800 သို့လည်း ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

Follow us

Log in or create an account