Samsung C9 Pro

Samsung C9 Pro

မျက်နှာပြင်အရွယ်အစား ကျယ်ပြန့်ပြီး စွမ်းဆောင်ရည်ပိုင်းလည်းကောင်းမွန်၊ ဂိမ်းအလန်းစားတွေလည်း အကောင်းဆုံး ဆော့ကစားနိုင်မယ့် Samsung C9 Pro နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Samsung ထွက်ခဲ့သမျှ မော်ဒယ်တွေထဲမှာ RAM 6 GB နဲ့ ပထမဆုံး ထွက်ရှိလာတဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။ Performance ပိုင်းကို ဦးစားပေး ထုတ်လုပ်ထားတယ်လို့ ဆိုရမှာပါ။
ဖုန်းရဲ့ မျက်နှာပြင် 6.0 ကို Super AMOLED Touchscreen အမျိုးအစားအသုံးပြုပေးထားပါတယ်။ ရုပ်ထွက်ပိုင်းမှာတော့ Full HD ရုပ်ထွက်ကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ Super AMOLED အသုံးပြုထားတဲ့အတွက် ရုပ်ထွက်မှာတော့ စိုစိုပြေပြေနဲ့လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


ဖုန်းမျက်နှာပြင်ကိုလည်း Corning Gorilla Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ ကိုယ်ထည်ပိုင်းကိုတော့ သတ္တုနှင့် တည်ဆောက်ပေးထားပြီး 6.9mm အထူနှင့် 180g သာ အလေးချိန် ရှိပါတယ်။
GSM 4G အထိ အထောက်ပံ့ပေးထားပြီး ဆမ်းကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Internal Memory ကလည်း 64 GB အထိ ပါဝင်ပါတယ်။ User အနေနဲ့ 64GB မလုံလောက်သေးရင်တောင် SD ကတ် Card Slot ပါဝင်တာကြောင့် သိပ်ပြီး စိတ်ပူစရာ မရှိတော့ပါဘူး။ Micro SD 256 GB အထိ ထပ်မံ ထည့်စိုက် အသုံးပြုနိုင်အုံးမှာ ဖြစ်ပါတယ်။
C9 Pro မှာ Snapdragon 653 chipset ကို အသုံးပြုပေးထားပြီး Octa-core (4x1.95 GHz Cortex-A72 & 4x1.4 GHz Cortex-A53) CPU နှင့် တွဲဖက် မောင်းနှင် ပေးထားပါတယ်။ Android OS ကတော့ 6.0.1 (marshmallow) ဖြစ်ပါတယ်။ RAM ကလည်း 6GB ဆိုတော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ပေ့ါပါး သွက်လက်ပြီး ဂိမ်း ဝါသနာရှင်တွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ကင်မရာ ပိုင်းမှာလည်း အရှေ့ကင်မရာ၊ နောက်ကင်မရာ နှစ်ခုစလုံးကတော့ 16 MP ရှိပါတယ်။ ရှေ့ကင်မရာ 16MP ရှိတဲ့အတွက်လည်း Selfie ကောင်းကောင်း ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ ထူးခြားချက်တွေကတော့ ပုံထွက်ကို အလွန်ကောင်းမွန်စေပြီး အလင်းရောင် အားနည်းတဲ့ နေရာတွေမှာ ရိုက်မယ်ဆိုလည်း ပုံကောင်းတွေ ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။
Finger Print ကတော့ ထုံးစံတိုင်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ သူရဲ့ Home Key မှာ ထည့်သွင်း ပေးထားပါတယ်။ C9 Pro ရဲ့ ထူးခြားချက်က audio speaker ပိုင်းမှာ သာမာန် speaker တွေထက် ပိုပြီး အသံကြည်လင်မှု ပြတ်သားမှု ရှိလာပါတယ်။ အသုံးပြုပေးထားတဲ့ ဘက်ထရီကတော့ 4000 mAh ဖြစ်တဲ့အပြင် အားသွင်းစနစ်မှာလည်း USB Type C ကို အသုံးပြုပေးထားပါတယ်။
Samsung C9 Pro ကတော့ ပြည်တွင်း ဈေးကွက်မှာ (၄)လပိုင်းလောက်မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခန့်မှန်းဈေးနှုန်းအနေနဲ့လည်း (၇)သိန်း ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပစ္စည်းရောက်ရင်လည်း Page မှာ ထပ်မံတင်ပေးသွားအုံးမှာ။

Follow us

Log in or create an account