Mezius M3S

ဒီဇိုင်းလန်းတဲ့ Meizu M3S
ပါးလွှာခိုင်ခန့် ဒီဇိုင်းဆန်းတဲ့ Meizu M Series တွေထဲမှ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Meizu M3S အကြောင်း မိတ်ဆက်ပေးပါရစေ။ ဒီဇိုင်းပိုင်း ကျစ်လစ်သေသပ်ပြီး လူငယ်အများစု အကြိုက်များတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်အကျယ်က 5 လက်မရှိပြီး ရုပ်ထွက်အနေနဲ့ 720×1280 pixels (~294 ppi pixel density) ရှိတဲ့ အတွက် ရုပ်ထွက်ပိုင်းအနေနဲ့လည်း မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ Network ပိုင်းအနေနဲ့ GSM 4G LTE အထိ အထောက်အပံ့ပေးထားပြီး Dual SIM (နှစ်ကဒ်သုံး) ဖြစ်တာကြောင့် ယနေ့ခေတ် အတိုင်းအတာနဲ့ဆို အတော်လေး အသုံးဝင်မှာဖြစ်ပါတယ်။
Chipset အနေနဲ့ Mediatek MT 6750 ကို အသုံးပြုထားပြီး CPU Octa-core 1.5 GHz Cortex-A53 နဲ့ တွဲဖက်ထားတဲ့ အတွက် စွမ်းဆောင်ရည်ပိုင်းလည်း မနိမ့်ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ GPU အနေနဲ့ Mail-T860 MP2 ကို အသုံးပြုထားတဲ့အတွက် ယနေ့ခေတ်ဂိမ်းတွေတော်တော်များများနဲ့ အဆင်ပြေနိုင်ပါတယ်။

Android version အနေနဲ့ Android OS, v 5.1 (Lollipop) ကို Meizu ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ Flyme UI 5.1 နဲ့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့အတွက် အသုံးပြုရတဲ့ UI ပိုင်းကလည်း ရိုးရှင်းလှပနေမှာပဲဖြစ်ပါတယ်။
Memory ပိုင်းမှာတော့ Internal Memory အနေနဲ့ 16 GB ROMပါဝင်ပြီး RAM အနေနဲ့ 2G RAM ပါဝင်ပါတယ်။32GB ROM နဲ့ 3GB RAM ဆိုပြီးလည်း ထုတ်လုပ်ပေးထားတာကြောင့် မိမိ နှင့်သင့်တော်ရာကိုရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။Internal memory နှင့်မလောက်သူများအနေနဲ့ External Memory Card ကို 256 GB အထိ ထည့်စိုက် အသုံးပြုလို့ ရတယ်လို့ ဖော်ပြထားပါတယ်။ လုံခြုံရေးပိုင်းမှာတော့ လျှင်မြန်သွက်လက်တဲ့ Fingerprint စနစ်ကို Meizu ရဲ့ ထုံးစံအတိုင်း mtouch နည်းပညာဖြင့် Home Button မှာ ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။

Camera ပိုင်းမှာတော့ Back Camera ကို 13MP နှင့် Front Camera 5MP ပမာဏ တို့ကို တပ်ဆင်ပေးထားတာဖြစ်တဲ့အတွက် ဓါတ်ပုံ ဝါသနာရှင်တွေရော Selfie သမားတွေပါ သဘောကျနှစ်ခြိုက်တဲ့အနေအထားမှာရှိပါတယ်။
ဘက်ထရီအနေနဲ့ 3020 mAh အသုံးပြုထားတဲ့အတွက် ဘက်ထရီသက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ဦးမှာပါ။ အလူမီနီယံ သတ္တုကိုယ်ထည်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အလေးချိန်ကတော့ 138g ပဲရှိပါတယ်။ အရောင်အသွေးတောက်ပပြောင်လက်ပြီး ပါးလွှားတဲ့အတွက် သုံးစွဲသူလက်ထဲမှာ ကျစ်လစ်ပေါ့ပါး ဒီဇိုင်းဆန်းနေမှာ ဖြစ်ပါတယ်။အရောင် အနေနဲ့ကတော့ Silver , Gray, Pink , Gold ဆိုပြီ်း လေးမျိုးထုတ်လုပ်ထားပါတယ်။ အရောင်အသွေးစုံ ပေါ့ပါးကျစ်လစ် ဒီဇိုင်းဆန်းတဲ့ Meizu M3s ဟာ Meizu M Series တွေထဲမှာ ဈေးနှုန်း အသင့်အတင့်နဲ့ လူကြိုက်များနေတဲ့ ဖုန်းတစ်လုံး ဖြစ်နေတာကြောင့် ဖုန်းဝယ်ယူတဲ့အခါမှာဦးစားပေးထည့်သွင်းစဉ်းစားသင့်တဲ့အမျိုးအစားဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

Follow us

Log in or create an account