Meizu MX6
Smart Phone လောက မှာ နာမည်တစ်ခုအခိုင်အမာရရှိထားတဲ့ Meizu ဟာ ပြီးခဲ့တဲ့တစ်ပတ်က တန်ဖိုးသင့်ပြီး အရည်အသွေးမြင့်တဲ့ MX6 ဆိုတဲ့ Model တစ်မျိုးကို စတင်မိတ်ဆက်ရောင်းချခဲ့ပြီဖြစ်ပါတယ်။ MX6 ဟာ RAM 4GB ပါဝင်ပြီး Internal Memory 32GB ပါဝင်ပါတယ်။ Memory Card တော့ ထပ်ဆိုဒ်လို့မရနိုင်ပါဘူး။deca-core MediaTek Helio X20 ကိုအသုံးပြုထားတဲ့processor အမြင့်စားဖုန်းတစ်လုံးဖြစ်ပါတယ်။ deca-core MediaTek Helio X20 processor ဟာcore တစ်ခုနဲ့တစ်ခုအကြားမှာ အလုပ်လုပ်နိုင်တဲ့နှုန်းထားပေါ်မူတည်ပြီး ဖုန်းရဲ့အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကိုအမျိူးအစားခွဲခြားလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Self-camera အနေနဲ့ကတော့ 5MP ပါရှိပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့တော့ USB Type C ကိုထည့်သွင်းအသုံးပြုပေးထားတဲ့အတွက်Data အကူးအပြောင်းအတော်လေးမြန်ဆန်မှာဖြစ်ပါတယ်။ Charging အနေနဲ့လည်း m Charge3.0 ကိုအသုံးပြုပေးထားတဲ့အတွက် နာရီဝက်အတွင်းမှာ0% ကနေ 60% လောက်အထိ အမြန်ဆုံးသွင်းပေးနိုင်မှာဖြစ်တဲ့အပြင် နည်းပညာမြင့် m Charge စနစ်ကြောင့်လည်း Battery သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။Battery mAh ပမာဏကတော့ 3060 mAh ရှိပြီး Li-Ion အမျိုးအစားကို အသေတပ်ဆင်ထားတာပဲဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့တော့ အရင် MX 5 ထပ် ပိုမိုပါးလွှာသေသပ်ပြီး iPhone နဲ့ခပ်ဆင်ဆင်တူပါတယ်။သတ္တုနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အတွက် ကိုင်ကြည့်တဲ့အခါမှာ စီးစီးပိုင်ပိုင်လေးနဲ့အတော်လေး Smart ကျစေတဲ့ ဖုန်းတစ်လုံးလို့ပြောရမှာပဲဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Gray, Silver, Champagne Gold, Rose Gold အရောင်များရရှိနိုင်မှာဖြစ်ပြီး ဈေနှုန်းအနေနဲ့ကတော့ သုံးသိန်းခွဲကနေ လေးသိန်းအထိ ရှိနိုင်ပါတယ်။