Meizu M3E 239,000ks
Meizu M3E  239,000ks
မင်္ဂလာပါခင်ဗျာ။ ဒီလကတော့ Handest အသစ်တွေ အပြိုင်အဆိုင်ပေါ်ထွက်လာတဲ့ လ လို့ပဲပြောရမလိုဖြစ်နေပါပြီ။ Huawei,Samsung,Meizu,Xiaomi .. အစရှိတဲ့ နာမည်ကြီး Company တွေက နေ တန်ဖိုးနည်း/များ Handset တော်တော်များများကို ပွဲထုတ်ခဲ့ပါတယ်။
ယခုတစ်ပတ် မှာမိတ်ဆက်ပေးချင်တဲ့ Handset တစ်မျိုးကတော့ Design လှပပြီး သုံးစွဲလို့လည်းကောင်းတဲ့ တန်ဖိုးသင့် SmartPhone တစ်လုံးကိုမိတ်ဆက်ပေးပါရစေ။
သူ့နာမည်ကတော့ Meizu M3E ပဲဖြစ်ပါတယ်။
ဈေးနှုန်းကတော့ 239,000ks ဖြစ်ပါတယ်။
Meizu M3e မှာပါဝင်တဲ့ အချက်အလက်တွေကတော့ အောက်ပါ အတိုင်းတွေ့ရှိရပါတယ်။
Network - အသုံးပြုနိုင်တဲ့ Network အမျိုးအစားကတော့ GSM Network ဖြစ်ပြီး 4G အထိ အထောက်အပံ့ပေးထားပါတယ်။ ဆင်းကဒ်နှစ်ကဒ်ဆိုဒ် ဖြစ်ပါတယ်။
Display - မျက်နှာပြင်အကျယ်ကတော့ ၅.၅လက်မ ရှိမှာဖြစ်ပြီး ရုပ်ထွက်အနေနဲ့ (1080 x 1920)(403ppi density) ရှိပါတယ်။ HD ရုပ်ထွက်ကိုအပြည့်အဝခံစားခွင့်ရမှာဖြစ်ပါတယ်။
OS - Android Version 5.1(Lollipop) Version ကို Meizu ရဲ့ ကိုယ် ပိုင် UI တစ်ခုဖြစ်တဲ့ Flyme OS ဖြင့်ပေါင်းစပ်မောင်းနှင်မှာဖြစ်တာကြောင့် အသုံးပြုရတာ အတော်လေး ကောင်းမွန်ချောမွေ့စေမှာပဲဖြစ်ပါတယ်။
Storage & RAM – Internal Storage အနေနဲ့ 32GB ပါဝင်မှာဖြစ်သလို microSD Card ကို 256GB အထိထည့်သွင်းအသုံးပြုနိုင်ဦးမှာပဲဖြစ်ပါတယ်။ RAM အနေနဲ့ 3GB ပမာဏပါဝင်တဲ့အတွက် application တွေကို တော်တော်များများ ကိုချောမွေ့စွာဖြင့် ထည့်သွင်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Camera – Camera ပိုင်းကတော့ ကျောဘက်မှာ 13MP ပါဝင်မှာဖြစ်ပြီး ရှေ့မျက်နှာပြင် Camera ကတော့ 5 MP ပါဝင်ပါတယ်။Meizu ဖုန်းတွေရဲ့ အားသာချက်တစ်ချက်ကတော့ Camera Manual Mode ကနေတစ်ဆင့် တစ်ကယ့် Professional Camera တွေလို မိမိနှစ်သက်ရာ setting ချိန်ညှိပြီး ရိုက်ကူးနိုင်တာမျိုးပဲဖြစ်ပါတယ်။
Security - ယနေ့ခေတ် ဖုန်းအားလုံးနီးပါးမှာ Fingerprint ပါလာတာတော့ သိပ်ပြီးအထူးအဆန်းရယ်လို့ မဆိုနိုင်တော့ပါဘူး။ ဒါပေမယ့် Meizu ရဲ့ m touch နည်းပညာ စနစ်ရယ် Fingerprint လေးရယ်ပေါင်းစပ်ထားတဲ့အတွက် အသုံးပြုရတာ နည်းနည်းတော့ ထူးခြား ဆန်းသစ်နေမှာပါ။
Security ပိုင်းအနေနဲ့ ပိုမို ခိုင်မာစေရန် Flyme acc ဖြင့်လည်း ထပ်မံအားဖြည့် နိုင်ဦးမှာဖြစ်ပါတယ်။
Design – Design ပိုင်းအနေနဲ့ကတော့ ဖုန်းရဲ့ 90% လောက်ကို ပေါ့ပါးကျစ်လစ်တဲ့ အလူမီနီယမ်သတ္တုဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီး ကိုင်ရတဲ့အခါမှာလည်း ကျစ်ကျစ် လစ်လစ်လေးနဲ့ အတော်လေးစမတ်ကျပါတယ်။
Battery – Battery အနေနဲ့ အလွယ်တကူဖြုတ်တပ်လို့မရနိုင်တဲ့ 3100 mAh ပမာဏရှိတဲ့ battery ကိုတပ်ဆင်ပေးထားပါတယ်။ ထူးခြားချက်အနေနဲ့ m-charge နည်းပညာကိုထည့်သွင်းပေးထားတဲ့အတွက် နာရီဝက်အတွင်း ဖုန်းအား 50% လောက်ကိုရောက်ရှိအောင်သွင်းပေးနိုင်မှာပဲဖြစ်ပါတယ်။
Color - အရောင်အနေနဲ့ကတော့ Blue , Gold , Gray , Pink , Silver ဆိုပြီး အရောင် လေးမျိုးဖြင့် ထုတ်လုပ်ထားပေမယ့် ယခုလက်ရှိမှာတော့ Gold တစ်မျိုးသာ ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။
Meizu M3E လေးကို ဝယ်ယူလိုတယ်ဆိုရင်တော့ ကျွန်တော်တိုု့ LGM ဖုန်းဆိုင်ရဲ့ Hot Line ဖုန်းနံပါတ်ဖြစ်တဲ့ 09-453344800ကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းကာ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။
zawgyi
Meizu M3E လေးကို ဝယ်ယူလိုတယ်ဆိုရင်တော့ ကျွန်တော်တို့ လူကြီးမင်းဖုန်းဆိုင်ရဲ့ Hot Line ဖုန်းနံပါတ်ဖြစ်တဲ့ 09-453344800ကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းကာ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။
Follow us
Log in or create an account