Kenbo Fly O31 PLUS

နည်းပညာသစ်တွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ KENBO Fly O31 Plus

KENBO စမတ်ဖုန်း ကုမ္ပဏီမှ နောက်ဆုံံးပေါ် နည်းပညာသစ်နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ KENBO Fly O31 Plus စမတ်ဖုန်းတစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေပေးမယ့် KENBO Fly O31 Plus ရဲ့ ထူးခြားသစ်လွင်မှုတွေကို ပြောပြပါရစေ။

ကင်မရာ

ကင်မရာကို အရှေ့အနောက် တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ PIP (Picturer In Picture)၊ VIV (Video In Video) စနစ်များ ထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ကူးရာတွင် အလင်းနှင့် Focus ကို သီးခြား စီခွဲခြားပေးနိုင်တဲ့ Professional ကင်မရာနည်းတူ Function များ ထည့်သွင်း တည်ဆောက် ပေးထား ပါတယ်။ ဒီအချက်ကတော့ KENBO Fly O31 Plus မှာ ပါဝင်တဲ့ အဓိက ထူးခြားချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဖုန်း ကင်မရာရဲ့ အရှေ့မှာ ရှိတဲ့ မိမိပုံနှင့် ကင်မရာ အနောက်မှာ ရှိတဲ့ မိမိ သူငယ်ချင်း မိတ်ဆွေများပုံကို တစ်ချိန်တည်း တစ်ခါတည်း တစ်ပြိုင်တည်း ရိုက်ယူ မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ Flash မီးအနေနဲ့ အရှေ့ရော အနောက်ရေ တစ်ခုစီသီးသန့်ပါဝင်တာဟာလည်း သူ့ရဲ့ အားသာချက်တစ်ခုပဲလို့ဆိုရမှာဖြစ်ပါတယ်။အရှေ့ကင်မရာ 5MP နှင့် နောက် ကင်မရာ 13 MP ရှိပြီး ကင်မရာကို PADF (Phase Detection Autofocus) စနစ်ဖြင့် ပြုလုပ်ထားသည့် အတွက် လျင်မြန်တဲ့ ရုပ်ပုံများကို ရိုက်ကူးရာ တွင် 0.2 Second ဖြင့် ကြည်လင်တောက်ပစွာ ရိုက်ကူး နိုင်မှာလည်း ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်
ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကတော့ 5.2 လက်မရှိပြီး 2.5D Screen နှင့် IPS Dusplay ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 1920x1080 Pixels Full HD ရုပ်ထွက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကို Corning Gorilla Glass 3 နည်းပညာအသုံးပြုထားတဲ့ မှန်ချပ်ပြားကို အသုံးပြုထားတဲ့ အတွက်ကြောင့် အစင်းခြစ်ရာဖြစ်ပေါ်မှုများကို သာမာန်ထက် ပိုမို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ မျက်နှာပြင် မှန်ပုံစံကို အနည်းငယ်ထူတဲ့ အနားလုံးမှန် ပုံစံမျိုး ဖန်တီးပေးထားပါတယ်။ ဖုန်း Screen ဖွင့်ပိတ်ပြုလုပ်ခြင်း အား DoubleTap စနစ်ဖြင့် အသုံးပြုနိုင်သည့်အပြင် Screen ပိတ်ထားချိန်တွင် Screen ပေါ်၌ သတ်မှတ် ထားသော သင်္ကေတများအား ရေးဆွဲကာ စနစ်များ အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်သော Smart Awake , Smart Gesture အစရှိသော စနစ်များ ထည့်သွင်း တည်ဆောက်ထား တာလည်း ဖြစ်ပါတယ်။ Home, Back, Menu Key များကိုလည်း ဘယ်ညာ လိုအပ်သလို ပြောင်းလဲ ရွှေ့ပြောင်း အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
ကိုယ်ထည်တည်ဆောက်မှုနှင့် အလေးချိန်
ဖုန်းကိုယ်ထည် ဒီဇိုင်းကိုတော့ ကိုင်ဆောင်ရလွယ် အဆင်ပြေစေမယ့် ထောင့်ကျသော ပုံစံမျိုးနဲ့ တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့ ကိုယ်ထည် ဘေးဘောင်တစ်ခုလုံးကိုတော့ သတ္တုအသုံးပြု တည် ဆောက်ထားပါတယ်။ ဖုန်းနောက်ကျောဘက် ကာဗာကိုလည်း အလွယ်တကူ ဖြုတ်တပ်နိုင်တဲ့ ပလတ်စတစ်ကာဗာ အမျိုးအစားကို အသုံးပြုထားပါတယ်။ ဖုန်းတစ်လုံးလုံးရဲ့ အလေးချိန်ကတော့ 140g သာ ရှိတဲ့ အတွက် ပေါ့ပါး ခိုင်ခံတဲ့ ဖုန်းတစ်လုံးလို့ သုံးသပ်ရပါတယ်။

ဖုန်းတွင်း ထည့်သွင်းတည်ဆောက်ထားမှု စနစ်
ဖုန်းကွန်ရက်အနေနဲ့ GSM ကွန်ရက် ဖြစ်ပြီး 2G,3G,4G အထိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ SIM Card ကတော့ Micro SIM ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပြီး SIM Card နှစ်ကဒ် ထည့်စိုက်(Dual SIM) အသုံးပြု နိုင်မှာလည်း ဖြစ်ပါတယ်။ Chipset အနေနဲ့ MT6753 Chipset ကို core 1.3 GHz CPU နဲ့ တွဲဖက် မောင်းနှင်ထားတာ ဖြစ်တဲ့အတွက် လျင်မြန်တဲ့ တုံ့ပြန်မှုကို ရရှိ ခံစားနိုင်မှာလည်း ဖြစ်ပါ တယ်။ Android OS version 5.1 (Lollipop) version ဖြစ်ပြီး ဂရပ်ဖစ်အတွက် Mali-T720 GPU ကို အသုံးပြုထားတဲ့အတွက် ဂိမ်းဆော့ချင်များ အတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဖုန်းတွင်း အချက်အလက် သိုလှောင် မှတ်သားနိုင်မယ့် မှတ် ဉာဏ်သိမ်းဆည်းမှု အပိုင်းကို 16GB နှင့် RAM 2GB ပါဝင်မည်ဖြစ်ပြီး ထပ်မံ ထည့်သွင်း အသုံးပြုနိုင် မယ့် မှတ်ဉာဏ်ပိုင်း (micro SD card) အနေနဲ့ 128GB ထိထပ်တိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ
KENBO Fly O31 Plus မှာ Li-Po 2900 mAh ရှိတဲ့ ဘက်ထရီကို တပ်ဆင်အသုံးပြုထားပါတယ်။ ဘက်ထရီအသုံးပြုရာတွင် ပိုမိုကြာရှည်ခံနိုင်သော Battery Saving စနစ် များလည်း ပါဝင်တယ်။

အရောင်အသွေး
လောာလောဆယ်တော့ အဖြူရောင်နှင့် အနက်ရောင် ဟူ၍ အရောင်နှစ်မျိုး ရရှိနိုင်ပါတယ်။

စိတ်လှုပ်ရှားစရာ နည်းပညာသစ်တွေနဲ့ ဒီဇိုင်းလှပသေသပ်စွာ ထုတ်လုပ်ထားတဲ့ KENBO Fly O31 Plus စမတ်ဖုန်းရဲ့ ဈေးနှုန်းကတော့ ၁၅၉,၈၀၀ ကျပ် ရှိပါတယ်။ ဈေးနှုန်းအပြောင်းလဲ တော့ အနည်းငယ်ရှိနိုင်ပါတယ်။

 

 

Follow us

Log in or create an account