Huawei အမှတ်တံဆိပ်ထဲက နောက်ဆုံးပေါ် Tablet ကိုမှ သုံးချင်သူများအတွက် Huawei MediaPad T2 ထွက်ရှိလာ

Huawei အမှတ်တံဆိပ်ထဲက နောက်ဆုံးပေါ် Tablet ကိုမှ သုံးချင်သူများအတွက် Huawei MediaPad T2 ထွက်ရှိလာ

ဈေးနှုန်းအသင့်အတင့်နဲ့
Huawei အမှတ်တံဆိပ်ထဲက နောက်ဆုံးထွက်ရှိလာတဲ့ Huawei MediaPad T2 ကို Huawei User တွေအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ ယခုနှစ် စက်တင်ဘာလမှာ နောက်ဆုံးထွက်ရှိလာတဲ့ Tablet တစ်လုံးလည်း ဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်
7.0 လက်မရှိပြီး 600x1024 pixels ရုပ်ထွက်ရှိတဲ့ Huawei MediaPad T2 ဟာဆိုရင် GSM 2G,3G သာမက 4G အထိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Huawei က သူရဲ့ ကိုယ်ပိုင် Emotion UI 4.0 နဲ့ Android OS,v6.0(Marshmallow) ပေါင်းစပ်ထားပြီး SOC ပိုင်းမှာ Spreadtrum SC98301 Chipset ကို တပ်ဆင်ထားပါတယ်။ အဆိုပါ Chipset ကို Quad-core 1.5GHz Cortex-A7 CPU နဲ့ တွဲဖက် တပ်ဆင် မောင်းနှင်ပေးထားပါတယ်။

Tablet ရဲ့ ပါးလွှာမှုကတော့

8.5mm သာရှိပြီး Tablet LCD ကိုတော့ IPS LCD capacitive touchscreen,16MP colors အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ Memory အနေနဲ့ ROM 16GB, RAM 2GB အသုံးပြုနိုင်မှာဖြစ်တဲ့ Huawei MediaPad T2 ဟာဆိုရင် Primary ရော Secondary 2MP ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီကို Li-lon 4100 mAh(non-removable) ဘက်ထရီအမျိုးအစားကို တွဲဖက်တပ်ဆင်ပေးထားတဲ့ Huawei MediaPad T2 မှာ balck & silver ဆိုပြီး အရောင်နှစ်မျိုး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၄၉,၀၀၀ ကျပ် ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

Network-GSM/HSPA/LTE
SIM-Single SIM
Android OS- Android OS,v6.0(Marshmallow)
Camera- Primary 2MP, Secondary 2MP
Memory- ROM 16GB, RAM 2GB

Follow us

Log in or create an account