Samsung Galaxy J5 2016

J5 (2016) ဟာ သူ့ယခင်ထွက်ရှိခဲ့တဲ့ နောင်တော် J5 ကို RAM , Android Version , Battery တို့ကို ပြန်လည် မွန်းမံမြှင့်တင်ပြီး ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ယခင် J5 မှာမရရှိနိုင်တဲ့ Rose Golde Colour ရရှိနိုင်ခြင်းပဲဖြစ်ပါတယ်။
Screen Display ကို Samsung ရဲ့နည်းပညာမြင့် Super Amoled Display ကိုအသုံးပြုပေးထားပါတယ်။ AMOLED LCD Display ဟာ သာမာန် LCD များထက် ပိုမို ကြည်လင်တောက်ပတဲ့မျက်နှာပြင်အရည်အသွေးကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ဒါကလည်း J5 2016 ရဲ့
အားသာချက်တစ်ခုလို့အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

Samsung Galaxy J5 2016

မျက်နှာပြင် အကျယ်ကတော့ 5.2 လက်မရှိတဲ့အတွက် မသေးလွန်း မကြီးလွန်းတဲ့ အရွယ်အစားပဲဖြစ်ပါတယ်။ Network ပိုင်းအနေနဲ့ကတော့ GSM Network များဖြစ်တဲ့ MPT , Ooredoo , Telenor SIM card များကို အလွယ်တကူအသုံးပြုနိုင်မှာပဲဖြစ်ပါတယ် ။Internal Memory အနေနဲ့ 16GB ပါဝင်မှာဖြစ်ပြီး Memory Card ကို 256GB အထိ ထည့်သွင်းအသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။Processor ပိုင်းအနေနဲ့ကတော့ Quad-core 1.2 GHz Cortex-A53 ကို Snapdragon 410 chipset ဖြင့်တွဲဖက်မောင်းနှင်မှာဖြစ်ပြီး 2GB ပမာဏရှိတဲ့ RAM ကို android version 6.0.1 ဖြင့် တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ နောက်ကျောဘက် ကို 13MP နဲ့ အရှေ့ဘက် Self Camera ကိုတော့ 5MP တပ်ဆင်အသုံးပြုပေးထားပါတယ်။ယနေ့ခေတ် smart phone များမှာ Camera ကိုအတော်လေး ဦးစားပေးလာတဲ့အတွက် 13MP ပမာဏဟာ တခြားပြိုင်ဘက်ဖုန်းများနဲ့ယှဉ်ရင် မျက်နှာမငယ်ရတော့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။အခြား Muitimedia ပိုင်းအနေနဲ့ ဖုန်းအချင်းချင်း ထိကပ်ပြီး data transfer ပြုလုပ်နိုင်တဲ့ NFC Function နဲ့ FM Radio စနစ်တို့ကိုလည်းအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

samsung galaxy j5 j7 2016b

Battery ပိုင်းအနေနဲ့ အလွယ်တကူ ဖြုတ် တပ်နိုင်တဲ့ Li-Ion 3100 mAh ပမာဏရှိတဲ့ batteryကို တပ်ဆင်ပေးထားပါတယ်။ အလွယ်တကူဖြုတ်လို့မရတဲ့Battery များနှင့် ထုတ်လုပ်လာကြတဲ့ ယနေ့ smart phone လောက မှာ J5 2016 ကတော့ ပြိုင်ဘက်ဖုန်းတွေထက် ဒီတစ်ချက်မှာသာသွားပြန်ပါတယ်။
ရောင်းစျေးအနေနဲ့ 250,000ကျပ် ဝန်းကျင်ဖြစ်ပြီး White, Black, Gold အရောင်များ ရရှိနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy J5 2016 PH Price Specs Release Philippines GOld WHite 2

More in this category: « Meizu MX6 Xiaomi RedMi Note 4 »

Follow us

Log in or create an account