Dual Camera နဲ့ အဆင့်မြင့် နောက်ဆုံးထွက် Processor ပါဝင်တဲ့ စမတ်ဖုန်း

Dual Camera နဲ့ အဆင့်မြင့် နောက်ဆုံးထွက် Processor ပါဝင်တဲ့ စမတ်ဖုန်း
Dual Camera ခပ်မိုက်မိုက်နဲ့….
Qualcomm ရဲ့ Snapdragon Processor ထဲမှာ အဆင့်မြှင့်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Processor ရယ် RAM 6 GB ရယ် ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို Blue Color အလန်းလေးနဲ့ သုံးချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
Mi 6 ရဲ့ တစ်မူထူးခြားချက်များကို လေ့လာကြည့်မယ်ဆိုရင်….
အရင်ဆုံး ပြောရမှာက သူ့မှာ သုံးထားတဲ့ Processor အကြောင်းပဲ ဖြစ်ပါတယ်။ Mi 6 မှာ တပ်ဆင် အသုံးပြုပေးထားတဲ့ Processor က Snapdragon 835 Processor ကို အသုံးပြုပေးထားပါတယ်။ ဒီ Processor ကတော့ Snapdragon ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Processor ပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတိုင်းမသုံးသေးဘဲ အသုံးပြုတပ်ဆင်တဲ့ စမတ်ဖုန်းအရေအတွက် နည်းသေးပါတယ်။
နောက်တစ်ချက်က နားကြပ်ပေါက် ပါပဲ…
Mi 6 မှာတော့ နားကြပ်ပေါက် သီးသန့် ပါမလာတော့ပါဘူး။ USB Type-C Port မှာ တပ်ဆင်နားထောင် ရမှာ ဖြစ်ပါတယ်။
Dual Camera …
Picture Perfect Dual Camera ဆိုပြီး ညွှန်းထားပါတယ်။ Dual Camera မှာတော့ 12MP နှစ်လုံးဖြစ်ပြီး Wide-Angle Lens တစ်လုံးနဲ့ Telephoto Lens တစ်လုံးဖြစ်ပါတယ်။
Body…
ကိုယ်ထည်ပိုင်းမှာလည်း Four-Sided 3D Curved Glass (ထောင့်အနားသတ်များ လုံးဝန်း) ဖြင့် ဖုံးအုပ်ထားပါတယ်။ ဘေးဘောင်တွေကိုတော့ Stainless Frame နဲ့ တည်ဆောက်ပေးထားပါတယ်။
ဘက်ထရီ …..
ဘက်ထရီကတော့ 3350 mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။ တစ်နေ့လုံး စိတ်ကြိုက်အသုံးခံတယ်လို့ ညွှန်းထားပါသေးတယ်။
အရောင်များ…
Mi 6 မှာ ထွက်ရှိလာတဲ့ အရောင်တွေကတော့ အဖြူ၊ အမည်း၊ အပြာ နဲ့ ငွေရောင် ဆိုပြီး (၄)မျိုး ထွက်ရှိလာ ပါတယ်။
Xiaomi Mi 6 ကို နီးစပ်ရာ ကျွန်တော်တို့ လူကြီးမင်းဖုန်းဆိုင်များမှာ ဝယ်ယူ ရရှိနိုင်သလို ယခု website မှလည်း ဝယ်ယူနိုင်ပါတယ်။ Mi 6 Blue Color လေးလည်း ဝယ်ယူလို့ ရနေပါပြီ ခင်ဗျာ..။ ဈေးနှုန်းကတော့ Mi6 (128GB) Blue Color – 650,000 ကျပ် ဖြစ်ပါတယ် ခင်ဗျာ…။ Hot Line – 09453344800 မှလည်း ဆက်သွယ် မှာယူနိုင်ပါတယ်..။

Follow us

Log in or create an account