“ ဈေးအသင့်အတင့်နဲ့ ယခုလထွက် စမတ်ဖုန်းသုံးချင်သူများအတွက် Huawei Y5 (2017) ”

“ ဈေးအသင့်အတင့်နဲ့ ယခုလထွက် စမတ်ဖုန်းသုံးချင်သူများအတွက် Huawei Y5 (2017) ”

Huawei သုံးစွဲသူများကတော့ အကြမ်းခံတယ်လို့ Huawei အပေါ် ထင်မြင်ချက်ပေးကြပါတယ်။ Huawei အနေနဲ့လည်း တကယ်ကို အကြမ်းခံ အသုံးခံတဲ့ စမတ်ဖုန်း Brnad တွေထဲက တစ်ခုလို့ သုံးသပ်ရမှာပါ။ ယခုလည်း ဈေးအသင့်အတင့်နဲ့ Huawei Y5 (2017) မော်ဒယ် ထွက်ရှိလာပြန်ပါပြီ။ ယခု ဇွန်လမှ ထွက်ရှိလာတဲ့ အသစ်စက်စက် စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။


Network : MPT, Ooredoo, Telenor ဆင်းမ်ကဒ်တွေကို ထည့်စိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GSM 4G Network အထိ အသုံးပြုနိုင်မယ့် စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။
SIM : ဆင်းမ်ကဒ် နှစ်ကဒ် ထည့်စိုက်အသုံးပြုနိုင်တဲ့အတွက်လည်း ဖုန်းနံပါတ်နှစ်လုံး အသုံးပြုနေပြီး အလုပ်များတဲ့ သူများအတွက်တော့ အဆင်ပြေစေတဲ့ ဖုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။
Display : Huawei Y5 (2017) မှာ အသုံးပြုပေးထားတဲ့ display ကတော့ IPS LCD အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၅ လက်မရှိပြီး 720x1280 pixels(~294 ppi pixel density) ရှိတဲ့ ရုပ်ထွက် အရည်အသွေးကို ကြည့်ရှု ခံစားနိုင်မယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။
OS : Android version 6.0 (Marshmallow) ကို သူရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ Emotion UI 4.1 နဲ့ ပေါင်းစပ်ပေးထားပါတယ်။
SOC : Huawei Y5 (2017) မှာတော့ Mediatek Chipset မှာ Quad-core 1.4GHz Cortex-A53 နဲ့ တွဲဖက်မောင်းနှင်ပေးထားပါတယ်။ အသုံးပြုပေးထားတဲ့ GPU ကတော့ Mail – T720MP2 ကို အသုံးပြုပေးထားပါတယ်။
Memory : Huawei Y5 (2017) ရဲ့ မှတ်ဉာဏ်ပိုင်းမှာတော့ 16GB ပါရှိပြီး RAM ကတော့ 2GB ရှိပါတယ်။ အချက်အလက်များများ သိုလှောင်ချင်သူများအတွက်တော့ external SD card ထပ်စိုက်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
Camera : ကင်မရာပိုင်းမှာတော့ အရှေ့ (selfie) ကင်မရာအနေနဲ့ 5MP ရှိပြီး ကျောဘက်ကင်မရာကတော့ 8MP ပါရှိပါတယ်။
Battery : Huawei Y5 (2017) မှာ အသုံးပြုတပ်ဆင်ပေးထားတဲ့ ဘက်ထရီအမျိုးအစားကတော့ Li-lon 3000 mAh ဘက်ထရီအမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ သာမန်ဖုန်းအသုံးပြုသူအနေဖြင့် တစ်နေ့တာလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Color : ရရှိနိုင်တဲ့ အရောင်များကတော့ Gold, Gray, White ဆိုပြီးအရောင်သုံးမျိုး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Price : Huawei Y5 (2017) ရဲ့ ဈေးနှုန်းကတော့ 179,000 ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
Available : နီးစပ်ရာ လူကြီးမင်းဖုန်းဆိုင်များမှာသွားရောက်ဝယ်ယူနိုင်သလို ဖုန်း 09453344800 မှလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။
သုံးသပ်ချက် : Huawei Y5 (2017) ကတော့ ဈေးနှုန်းအသင့်အတင့်နဲ့ ယခုလမှ ထွက်ရှိလာတဲ့ Huawei ရဲ့ မော်ဒယ်သစ်ဖြစ်ပါတယ်။ လိုင်းဆွဲအားကောင်းမွန်ပြီး သာမာန် ဖုန်းအသုံးပြုသူများအနေနဲ့တော့ အဆင်ပြေပြေနဲ့ ကြာရှည် အသုံးပြုနိုင်မယ့် စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။

Follow us

Log in or create an account