“ကင်မရာစွမ်းရည် ရမှတ်အများဆုံးနဲ့ စတိုင်လ်အကျဆုံး စမတ်ဖုန်း”

“ကင်မရာစွမ်းရည် ရမှတ်အများဆုံးနဲ့ စတိုင်လ်အကျဆုံး စမတ်ဖုန်း”

Mid-range ဖုန်းအမျိုးအစားတွေထဲမှာတော့ စတိုင်လ်အကျဆုံးနဲ့ ကင်မရာစွမ်းရည်အကောင်းဆုံး စမတ်ဖုန်းတစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဈေးနှုန်းအရ ၂၉၉,၀၀၀ ကျပ်သာ ရှိပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။
Mid-range ထဲမှာ ကင်မရာဦးစားပေး စမတ်ဖုန်းက ဘယ်မော်ဒယ် ဖြစ်မလဲ ??


အရင်ဆုံး သူ့ရဲ့ အချက်အလက်များကတော့…
• 5.2-inch IPS (1280 x 720 pixels),
• octa core Snapdragon 435 processor,
• 3GB RAM, 32GB storage,
• expandable storage,
• dual SIM, 4G, VoLTE, WiFi, Bluetooth,
• 13MP primary camera,
• 16MP front camera,
• 2,900mAh battery,
• Android 6.0, 147 grams
ထူးခြားချက်လေးတွေ အရင်ဆုံး သုံးသပ်ရမယ်ဆိုရင်တော့ Selfie Camera က 16MP ရှိပြီး အလင်းဝင်ပေါက် Apeature က f/2.0 ဆိုတော့ အလင်းအားနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ ပုံရိပ် မပြတ်သားမှာ မစိုးရိမ်ရတော့ပါဘူး။ အရှေ့ကင်မရာရဲ့ ထူးခြားချက်က full HD video တွေကိုလည်း မှတ်တမ်းတင် ရိုက်ကူးနိုင်အုံးမှာလည်း ဖြစ်ပါတယ်။ အားသာချက်ကတော့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အစက်အပျောက်လို့ခေါ်တဲ့ noice ထမှုကိုလည်း အကောင်းဆုံးလျော့ချပေးထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အလင်းရောင်အားကောင်းတဲ့နေရာမျိုး၊ နေ့အလင်းရောင်အောက်မှာ ရိုက်ကူးတဲ့အခါမှာရောဆိုရင်တော့ Noice အနေနဲ့ သုညအထိ လျော့ချနိုင်တယ်လို့ ဆိုထားပါတယ်။ အရောင်အသွေးစုံပြီးအကောင်းဆုံး ပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။
ဒီလောက် ကောင်းတဲ့ စမတ်ဖုန်းကတော့ Oppo ရဲ့Oppo A57 စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ Oppo လို့ ပြောလိုက်ရင် Selfie ဘုရင်လို့ ပြေးမြင်မိကြမှာပါ။ Oppo F1, F1 Plus, F1s တွေတုန်းကလို့ Selfie ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ Oppo A57 ရဲ့ ကင်မရာပိုင်းဟာလည်း တစ်မူထူးခြားတဲ့ ကင်မရာ feature တွေဟာ စိတ်ကျေနပ်စရာပါပဲ။ Hardware ပိုင်းအရလည်း Snapdragon 435 processor ကို အသုံးပြုပေးထားပါတယ်။ RAM ကလည်း 3GB ပါရှိတာကြောင့် ပေ့ါပေါ့ ပါးပါး အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Android 6.0 မှာ သူရဲ့ Colour OS 3.0 နဲ့ ပေါင်းစပ်ပေးထားတဲ့အတွက် သုံးရတာ စိုစိုပြေပြေ ရှိစေမှာ ဖြစ်ပါတယ်။ Fingerprint ပါဝင်တာကလည်း သုံးစွဲသူကို အကြိုက်တွေ့စေမယ့် အချက်တစ်ချက်လည်း ဖြစ်စေမှာပါ။ အသုံးပြုပေးထားတဲ့ ဘက်ထရီအမျိုးအစားကတော့ non-removable Li-lon 2900 mAh ဘက်ထရီအမျိုးအစားကို တပ်ဆင်အသုံးပြုပေးထားပါတယ်။
ဘက်ထရီအနေနဲ့ 2900 mAh သာပါရှိပေမယ့် သူရဲ့ Color OS ကြောင့် ဘက်ထရီစားသက်သာစေမယ့် ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ GPU ကလည်း Adreno 505 ကို အသုံးပြုပေးထားတဲ့အတွက်လည်း ဂိမ်းဆော့ချင်သူများအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ မျက်နှာပြင် ၅.၂ လက်မမှာ ဂိမ်းဆော့မယ်ဆိုရင်တော့ ဘက်ထရီအားအနေနဲ့ နေ့တစ်ပိုင်းနဲ့တင် ပြန်သွင်းရမှာ ဖြစ်ပါတယ်။ Flagship စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Oppo A57 အနေနဲ့ ကင်မရာစွမ်းရည်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်တာကြောင့် ဆက်သွယ်မှာယူချင်တဲ့သူများအနေဖြင့် ဖုန်း 09453344800 သို့ ဆက်သွယ်မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။ နီးစပ်ရာ လူကြီးမင်းဖုန်းဆိုင်များမှာလည်း သွားရောက်ဝယ်ယူနိုင်ပါတယ်။ ရရှိနိုင်တဲ့ Oppo A57 ရဲ့ အရောင်ကတော့ အနက်ရောင် ပဲ ဖြစ်ပါတော့တယ် ခင်ဗျာ….။

Follow us

Log in or create an account