(၂)သိန်းဝန်းကျင်ထဲက ကင်မရာ အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းမော်ဒယ်များ

(၂)သိန်းဝန်းကျင်ထဲက ကင်မရာ အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းမော်ဒယ်များ

ယခု တစ်ပတ်မှာတော့ (၂)သိန်းဝန်းကျင်ထဲက ကင်မရာ အရည်အသွေး ကောင်းမွန်တဲ့ စမတ်ဖုန်း မော်ဒယ် တချို့ကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

#Samsung Galaxy J2 Prime - ၁၅၉,၀၀၀ ကျပ်

Samsung Brand ထဲမှာဆိုရင်တော့ Samsung Galaxy J2 Prime ဟာ လက်ရှိမှာ လူကြိုက်များပြီး အဝယ်များတဲ့ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း (၁၅၉,၀၀၀) ကျပ် သာရှိပြီး အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ အကြိုက်တွေ့စေမယ့် အချက်တွေ ရှိနေပါတယ်။ ကျောဘက်ကင်မရာ အနေနဲ့ 8MP ပါရှိပြီး အလင်းဝင်ပေါက် Aperture ကလည်း F/2.2 အထိ ချိန်ညှိရိုက်ကူးနိုင်ပါတယ်။ LED Flash လည်း ပါဝင်တာမို့ အလင်းနည်းတဲ့ နေရာတွေမှာလည်း အဆင်ပြေပြေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ Selfie ကင်မရာကတော့ 5MP ပါရှိပြီး LED Flash ပါဝင်တာကြောင့် Selfie ချစ်သူတွေ အကြိုက်တွေ့စေမှာပါ။ LED ဖွင့်ပြီး Beauty Mode လေးနဲ့ ရိုက်မယ်ဆိုရင်တော့ ပိုပြီး အိုကေမှာ စိုပြေစေမှာ ဖြစ်ပါတယ်။

#Huawei Y6II - ၁၉၅,၀၀၀ ကျပ်

Huawei ထဲမှာဆိုရင်တော့ Huawei Y6 II ကို ညွှန်းချင်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း (၁၉၅,၀၀၀) ကျပ် ဖြစ်ပါတယ်။ Samsung J2 Prime ထက်တော့ ဈေးအနည်းငယ် များပါတယ်။ ကင်မရာပိုင်းအာသာချက်အနေနဲ့ အရှေ့ Selfie ကင်မရာ 8MP ဖြစ်ပြီး ကျောဘက် ကင်မရာကတော့ 13MP ပါရှိပါတယ်။

13MP ပါဝင်တဲ ကျောဘက် ကင်မရာကတော့ သင့်ရဲ့ အချိန်အခိုက်အတန့်တွေကို ဓာတ်ဖမ်းပြီး အကောင်းဆုံး ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မယ့် စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ကင်မရာ ရိုက်ကူးပြီး ရုပ်ထွက်ပိုင်းကလည်း ကောင်းမွန်တဲ့အပြင် ပါဝင်တဲ့ features တွေကတော့ HDR mode, panorama mode အစရှိတာတွေကို အသုံးပြုရိုက်ကူးနိုင်အုံးမှာလည်း ဖြစ်ပါတယ်။

အရှေ့ Selfie ကင်မရာကလည်း 8MP ပါရှိပြီး LED Flash ပါဝင်တာကြောင့် အလင်းရောင် နည်းတဲ့ အခြေအနေမျိုးမှာ လှဆုံး ဓာတ်ပုံတွေကို ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ Y6II မှာ မတူညီတဲ့ အရှေ့ကင်မရာ Feature တွေကို စိတ်ကြိုက်အသုံးပြုနိုင်မှာ ဖြစ်ပြီး beauty mode, makeup mode တို့ကို သုံးပြီး အလှဆုံး ဓာတ်ပုံတွေကို ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။

#Redmi 4X (16GB) - ၁၅၉,၀၀၀ ကျပ်

Xiaomi ထဲမှာဆိုရင်တော့ Redmi 4X ကို ရွေးချယ် ဖော်ပြပါရစေ။ Xiaomi ရဲ့ ထုံးစံအတိုင်း အတန်ုဆုံးနဲပ အကောင်းဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ (၁၅၉,၀၀၀) ကျပ် ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ Selfie ကင်မရာ 5MP နဲ့ ကျောဘက် ကင်မရာကတော့ 13MP ပါရှိပါတယ်။

ကင်မရာပိုင်းအနေနဲ့ တခြား စမတ်ဖုန်းတွေနဲ့ သိပ်မကွာပေမယ့် အသုံးပြုနိုင်မယ့် ကင်မရာ Effect တွေနဲ့ ရုပ်ထွက်ကတော့ အံ့အားသင့်စရာ ပါပဲ။ ပုံထွက် ကြည်လင်ခြင်း၊ Noise နည်းပါးခြင်း စတဲ့ အရည်အသွေးအတွေအပြင် ညဘက် အပြင်ဘက် ဓာတ်ဖမ်း ချင်သူများအတွက်လည်း အဆင်ပြေစေမယ့် စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတော့တယ်။

#Vivo Y53 - ၁၉၈,၀၀၀ ကျပ်

နောက်ထပ် ဈေးနှုန်းသက်သာပြီး ကင်မရာအရည်သွေးကောင်းမွန်တဲ့ စမတ်ဖုန်းကတော့ Vivo ထဲက Vivo Y53 ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ (၁၉၈,၀၀၀) ကျပ် ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ ပေးရတဲ့ ဈေးနှုန်းထက် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံ တွေကို ရိုက်ကူးနိုင်မှာ ဖြစ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

ကောျဘက် ကင်မရာကတော့ 8MP တပ်ဆင်ပေးပါတယ်။ 8MP ဆိုပြီး အထင်သေးလို့တော့ မဖြစ်ပါဘူး။ သူရဲ့ ပါဝင်အသုံးပြုနိုင်တဲ့ Feature တွေကလည်း HDR ရိုက်ကူးမလား , face beauty နဲ့ ရိုက်မလား , night mode လား ဘက်စုံ ဓာတ်ဖမ်းနိုင်မယ့် စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။

အရှေ့ Selfie ကင်မရာကလည်း 5MP ဆိုပေမယ့် လျှင်မြန်တဲ့ Focus ဖမ်းနိုင်မှု Wide Angle အနေနဲ့ ၈၅ ဒီဂရီအထိ ရိုက်ကူးနိုင်မှု စတဲ့အချက်တွေကြောင့် လူကြိုက်မာျးလျက် ရှိပါတယ်။ ဒါတင်မကသေးဘဲ beautify mode သုံးပြီး အလှဆုံး ဓာတ်ဖမ်းလား skin tone နဲ့ ပြင်မလား စသည်ဖြင့် စိတ်ကြိုက် ဖန်တီး ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတော့တယ်။

#Oppo A37 - ၁၇၉,၀၀၀ ကျပ်

နောက်ဆုံး မိတ်ဆက်ပေးချင်တဲ့ မော်ဒယ်ကတော့ Oppo ထဲက ဖြစ်ပါတယ်။ Oppo လို့ ပြောရင် အရင်ဆုံး ပြေးမြင်မိမှာပါ Selfie ဘုရင် ဆိုတဲ့ ကြော်ငြာစာသားကို ပြေးမြင်မိမှာပါ။ ယခု လည်း ဈေးနှုန်းအားဖြင့် (၁၇၉,၀၀၀) ကျပ်သာ ရှိတဲ့ Oppo A37 နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Oppo ဟာ စမတ်ဖုန်းဈေးကွက်မှာတော့ Selfie ကင်မရာ ဦးစားပေးဖုန်းလို့ လူသိများကြပါတယ်။ ကျောဘက် 8MP နဲ့ Selfie ကင်မရာအတွက် 5MP ကို တပ်ဆင်ပေးထားပါတယ်။ Selfie ပိုင်းမှာ ထူးခြားသွားတဲ့ အချက်တွေကတော့ Aperture f/ 2.4 ရှိတဲ့ အရှေ့ကင်မရာကြောင့် အလင်းအားနည်းတဲ့ အခြေအနေများမှာ ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ Feature ပိုင်းမှာဆိုရင်လည်း Beauty 4.0 ကြောင့် သင့်ရဲ့ Selfie Photo တွေကို အလှဆုံး ရိုက်ကူးနိုင်မယ့် စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတော့တယ်။

ဈေးနှုန်းသက်သာပြီး ကင်မရာ အရည်အသွေး ကောင်းမွန်တဲ့ အထက်ဖော်ပြပါ စမတ်ဖုန်းတွေကို နီးစပ်ရာ လူကြီးမင်း ဖုန်းဆိုင်များမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။ ဆက်သွယ်မှာယူချင်တယ် ဆိုရင်တော့ ဖုန်း 09453344800 သို့လည်း ဆက်သွယ် မှာယူနိုင်ပါတယ် ခင်ဗျာ.

Follow us

Log in or create an account