အကောင်းဆုံး၊ အကြမ်းခံဆုံး၊ ရေစိုခံစမတ်ဖုန်းအမျိုးအစားရှိတယ် ဆိုတာ သင်မသိသေးရင် သင့်အပြစ် ဖြစ်သွားမှာနော်…

အကောင်းဆုံး၊ အကြမ်းခံဆုံး၊ ရေစိုခံစမတ်ဖုန်းအမျိုးအစားရှိတယ် ဆိုတာ သင်မသိသေးရင် သင့်အပြစ် ဖြစ်သွားမှာနော်…

အကြမ်းခံနိုင်မှု အဆင့်၊ ရေဒဏ်၊ သဲဒဏ် ခံနိုင်တဲ့ စမတ်ဖုန်းဟာ ဘယ် Brand ထဲက ဖြစ်မလဲ?
မျက်နှာပြင်အရွယ်အစား ၅ လက်မရှိပြီး အားကစားလုပ်ချိန်မှာပဲ ဖြစ်ဖြစ်၊ ခရီးသွားရင်းပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင် လက်အိတ်စွတ်ထားပြီးပဲ ဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။ IPS LCD Display အမျိုးအစားကို အသုံးပြုပေးထားပြီး Touch အနေနဲ့ အဆင်ပြေနဲ့ အသုံးပြုနိုင်မယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အကြမ်းခံနိုင်တဲ့နေရာမှာလည်း သာမန်စမတ်ဖုန်းတွေနဲ့မတူအောင် အသိအမှတ်ပြုထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ရေဒဏ် သဲဒဏ် ခံနိုင်လည်း ရှိတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အဲဒါကတော့.. Samsung Galaxy XCover 4 မော်ဒယ်ပဲ ဖြစ်ပါတယ်။


MPT, Telenor, Ooredoo ဆင်းမ်ကဒ်များ ထည့်စိုက်အသုံးပြုနိုင်မှာ ဖြစ်ပြီး 4G Network အထိ အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Android version ကလည်း Android 7.0 (Nougat) ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ Exynos 7570 မှာ Quad-core 1.4 GHz Cortex-A53 နဲ့ တွဲဖက် မောင်းနှင်ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းတွင်း မှတ်ဉာဏ်အနေနဲ့ကတော့ ROM 16GB, RAM 2GB ပါရှိပါတယ်။ Internal memory အနေနဲ့ 16GB သာရှိပေမယ့် external SD card ကို 256GB အထိ ထည့်စိုက် အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အချက်အလက် များများ သိုလှောင် အသုံးပြုချင်သူများအတွက်လည်း အဆင်ပြေတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။
Samsung Galaxy XCover 4 ရဲ့ ကင်မရာပိုင်းမှာတော့ ကျောဘက် ကင်မရာ 13MP ပါရှိပြီး အရှေ့ကင်မရာကတော့ 5MP ပါရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ကျောဘက် 13MP မှာ Aperture f/1.9 အထိ အသုံးပြုနိုင်တာကြောင့် အလင်းရောင်အားနည်းတဲ့အချိန်မှာတောင် ပုံရိပ်တွေကို အကောင်းဆုံးမှတ်တမ်းတင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုတပ်ဆင်ပေးထားတဲ့ ဘက်ထရီအမျိုးအစားကတော့ removable Li-lon 2800 mAh အမျိုးအစား တပ်ဆင်ပေးထားပါတယ်။
Samsung Galaxy XCover 4 ကတော့ လုပ်ငန်းခွင်အတွင်း ဖုန်ဒဏ်၊ သဲဒဏ် နဲ့ ရေမတော်တဆစင်မှုတို့အတွက်သာမက အကြမ်းခံပြီး ရေစိုခံနိုင်တဲ့စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတော့တယ်ခင်ဗျာ..။ အကောင်းဆုံးနဲ့ အကြမ်းခံ၊ ရေစိုခံ ဖုန်းသုံးချင်တယ်ဆိုရင်တော့ Samsung Galaxy XCover 4 ကို ညွှန်းချင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၃၀၆,၀၀၀ ကျပ် ဖြစ်ပါတယ်။ နီးစပ်ရာလူကြီးမင်းဖုန်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Hot Line နံပါတ်ဖြစ်တဲ့ ဖုန်း 09453344800 သို့လည်း ဆက်သွယ် မေးမြန်း မှာယူနိုင်ပါတယ် ခင်ဗျာ..။

Follow us

Log in or create an account