သုံးစွဲသူ နှစ်သက်စေမယ့် Vivo V3 Max

သုံးစွဲသူ နှစ်သက်စေမယ့် Vivo V3 Max

မိုဘိုင်းဖုန်း စျေးကွက်ဟာ တစ်နေ့ထက် တစ်နေ့ ကြီးမား ကျယ်ပြန့်လို့ လာပါတယ်။ စျေးကွက် လိုအပ်ချက်အရသော်လည်းကောင်း သုံးစွဲသူ နှစ်သက်စေဖို့ အတွက်လည်းကောင်း နည်းပညာ အသစ်အဆန်းတွေနဲ့ ဒီဇိုင်းမျိုးစုံ အပြိုင်အဆိုင် ထုတ်လုပ်လျက် ရှိနေပါတယ်။ မိုဘိုင်းဖုန်း (Brand) အမျိုးအစား များစွာ ရှိနေတဲ့ ကျွန်တော်တို့ ပြည်တွင်းစျေးကွက်ထဲမှာ Vivo ဖုန်းတွေဟာလည်း လူကြိုက်များတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်လို့ နေပါတယ်။ သူရဲ့ ပါးလွှာပြီး စမတ်ကျစေတဲ့ ကိုယ်ထည်လေးနဲ့ နည်းပညာသစ်တွေ ပေါင်းစပ်ထားတဲ့ အတွက်ကြောင့်လို့ ထင်ပါတယ်။

 

Vivo ဖုန်းတွေထဲက သုံးစွဲသူ နှစ်သက်စေမယ့် မော်ဒယ် တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Vivo V3 Max ပါ။ သူကတော့ လှပတဲ့ ရွှေရောင် ကိုယ်လုံးလေးနဲ့ ပါးလွှားတဲ့ ကိုယ်ဟန်အနေအထားနဲ့ စမတ်ကျကျ ရှိနေပါတယ်။ ဖုန်းကိုယ်ထည်လေးဟာ 7.6 mm သာ အထူရှိပြီး အလေးချိန်ကတော့ 168g သာ ရှိပါတယ်။Touchscreen ကို IPS LCD capacitive touchscreen, 16M colours နည်းပညာကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အကျယ်ကတော့ 5.5 လက်မရှိတဲ့အတွက် ကိုင်ဆောင်ရတာလည်း အဆင်ပြေသလို 1080x1920 pixels (~401 ppi pixel density) ရှိတဲ့အတွက် ကြည်လင် ပြတ်သားတဲ့ မြင်ကွင်းနှင့် ရုပ်ထွက်ကိုလည်း ကောင်းကောင်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းလုံခြုံရေးပိုင်းမှာလည်း မြန်ဆန် သွက်လက်တဲ့ Fingerprint စနစ်ပါဝင်တဲ့ အတွက်လည်း သုံးစွဲသူကို သဘောကျ နှစ်သက်စေမှာလည်း ဖြစ်ပါတယ်။

Mobile Network ကတော့ GSM Network ဖြစ်ပါတယ်။ GSM Network ကို 2G,3G သာမက 4G အထိပါ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ SIM ကဒ် (Dual SIM) နှစ်ကဒ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။Internal Memory အနေနဲ့ 32 GB အသုံးပြုနိုင်မှာ ဖြစ်ပြီး RAM 4 GB ရှိတာကြောင့် အချက်အလက်အတော်များများကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ External Memory အနေနဲ့လည်း 256GB အထိ SIM ကဒ်ထည့်တဲ့ နေရာမှာ ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Vivo V3 Max ဖုန်းဟာ သူရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Funtoch OS 2.5 နဲ့ Android OS,v5.1 (Lollipop) နှင့် တွဲဖက် အသုံးပြုထားတာ ဖြစ်ပါတယ်။ SOC (System On a Chip) ပိုင်းမှာ ဆိုရင်တော့ Qualcomm က ထုတ်တဲ့ Qualcomm MSM8976 Snapdragon 652 Chipset နဲ့ Octa-core (4x1.8GHz Cortex-A72& 4x1.4 GHz Cortex-A53) CPU နှင့် တွဲဖက် မောင်းနှင်ထားတာ ဖြစ်ပါတယ်။ GPU ကလည်း Qualcomm ကထုတ်တဲ့ Adreno 510 GPU ကိုလည်း တွဲဖက် တပ်ဆင် ပေးထားပါတယ်။
Photo credit by vivo.co.in

ဓာတ်ပုံရိုက်သူများအတွက်လည်း ကင်မရာပိုင်းမှာ Primary 13MP နဲ့ Secondary 8MP ထည့်သွင်းတည်ဆောက်ပေးထားတာ ဖြစ်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ပုံတွေကို ရိုက်ယူ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ကင်မရာ Focusing အနေနဲ့ 0.2s သာကြာမြင့်မှာ ဖြစ်ပြီး ရိုက်ကူးတဲ့ အချိန်မှာတော့ 0.7s သာ ကြာမြင့်တဲ့အတွက် မြန်ဆန်တယ်လို့ ဆိုရမှာပါ။ ရုပ်ရှင် ဗီဒီယိုရိုက်ကူးတဲ့ အခါမှာလည်း [email protected] စွမ်းရည်ဖြင့် တစ်စက္ကန့်ကို 30 frames နှုန်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကိုတော့ Li-lon 3000 Ahm ဘက်ထရီအမျိုးအစားကို တပ်ဆင်ပေးထား ပါတယ်။ ဖြုတ်/တပ်လို့ ရတဲ့ ဘက်ထရီအရှင်မဟုတ်ပါဘူး။ ဖုန်းကာဗာ အရောင်အသွေးကတော့ အထက်မှာ ဖော်ပြပေးထားတဲ့အတိုင်း ရွှေရောင်လေး တစ်မျိုးတည်း ဖြစ်ပါတယ်။ လက်ရှိ စျေးနှုန်းကတော့ ၃၃၈,၀၀၀ ကျပ် ဖြစ်ပါတယ်။ စျေးနှုန်းကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Follow us

Log in or create an account