သာမန် LCD တွေထက် ပိုမိုတောက်ပကြည်လင်တဲ့ မျက်နှာပြင်အရည်သွေးပိုင်ဆိုင်ထားတဲ့

သာမန် LCD တွေထက် ပိုမိုတောက်ပကြည်လင်တဲ့ မျက်နှာပြင်အရည်သွေးပိုင်ဆိုင်ထားတဲ့

Samsung Galaxy A9 Pro
မျက်နှာပြင်အရည်အသွေးကို အကောင်းဆုံးဖန်တီးပေးထားတဲ့ Samsung Galaxy A9 Pro နဲ့ Samsung ကိုမှ နှစ်သက်သူများအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ Samsung Galaxy A9 Pro က ယခုနှစ်ထဲမှာ ထွက်ရှိလာတဲ့ ဖုန်းမော်ဒယ် ဖြစ်ပါတယ်။ လူကြိုက်များပြီး ရောင်းအားကောင်းမွန်နေစဲ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။
လူကြိုက်များပြီးရောင်းအားကောင်းမွန်နေတဲ့ အကြောင်းအရာလေးတွေကတော့

 ၆လက်မ ရှိတဲ့ ဖုန်းမျက်နှာပြင်အကျယ်ကို နည်းပညာမြင့် Super Amoled Display အသုံးပြုပေးထားခြင်းက သာမန် LCD များထက် ပိုမိုကြည်လင်တောက်ပတဲ့ မျက်နှာပြင်အရည်အသွေး ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Display မှာမှ 1080x1920 pixels ရှိတဲ့ ကြည်လင်တဲ့ ရုပ်ထွက်ကိုလည်း ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အရည်အသွေးမြင့် Display ကို Corning Gorilla Glass 4 ဖန်သားနဲ့ ဖုံးအုပ် ကာကွယ်ပေးထားပါသေးတယ်။ သာမန် အစင်းခြစ်ရာနဲ့ ထိခိုက်မှုတွေကို အလေးထားစရာ မလိုတော့ဘူးလို့ ဆိုရမှာပါ။ Finger Print sensor ပါတဲ့အတွက် ဖုန်းရဲ့ လုံခြုံရေးပိုင်းကို စိတ်ချလက်ချ ရှိစေမှာပါ။ ဖုန်းကိုယ်ထည်ရဲ့ ပါးလွှာမှုကလည်း 7.9mm သာ ရှိပါတယ်။ ပေါ့ပါး ပါးလွှာမှုနဲ့ မျက်နှာပြင်အကျယ်နှစ်သက်သူများအတွက်တော့ အထူးသင့်လျော် စမတ်ကျစေမယ့် ဖုန်းတစ်လုံးဖြစ်တယ်လို့ ဆိုရမှာပါ။

Samsung Galaxy A9 Pro ဟာ GSM ကွန်ရက်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM 4G အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လိုင်းဆွဲအားကောင်းကောင်းနဲ့ SIM ကဒ်နှစ်ကဒ် ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် ကိုယ်ရေးကိုယ်တာရော အလုပ်အတွက်ပါ ခွဲခြား အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ SIM ကဒ် အရွယ်အစားကတော့ Nano-SIM ဖြစ်ပါတယ်။ Android OS အနေနဲ့ Android OS,v6.0.1(Marshmallow) ကို အသုံးပြုထားပါတယ်။ Chipset ကလည်း Qulacomm ကထုတ်တဲ့ Snapdragon 652 (SOC) ကို တပ်ဆင်ပေးထားပြီး Octa-core (4x1.8GHz Cortex-A72) CPU နဲ့ တွဲဖက် မောင်းနှင်ပေးထားပါတယ်။ GPU ကတော့ Adreno ကထုတ်တဲ့ Adreno510 ကို တပ်ဆင် အသုံးပြုပေးထားပါတယ်။ ROM 32 GB နဲ့ RAM 4GB ပါဝင်တဲ့အတွက် ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကိုတော့ အကောင်းဆုံးလို့ သုံးသပ်ရမှာပါ။ Micro SD ကဒ် 256 GB အထိ ထပ်စိုက် အသုံးပြုနိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။

Highlights
Network ----- GSM/HSPA/LTE
SIM ----- Dual SIM (Nano-SIM, dual stand-by)
Display ----- Super AMOLED, 6.0 inches
Resolution ----- 1080x1920 pixels (~367 ppi pixel density)
Memory ----- 32GB, micro SD, up to 256 GB
RAM ----- 4GB
CPU ----- Rear Camera 13MP, 8MP Front Camera
OS ----- Android OS,v6.0.1 (Marshmallow)
Finger Print Sensor ----- Yes
NFC ----- Yes
Battery ----- Non-removable Li-lon 5000 mAh battery

ဖုန်းတစ်လုံးရဲ့ ကင်မရာစွမ်းဆောင်ရည်ဟာလည်း အရေးပါတယ်ဆိုတာ Samsung Galaxy A9 Pro မှာ မြင်တွေ့နိုင်ပါတယ်။ ½.8 လက်မသာရှိတဲ့ ကင်မရာ sensor နဲ့ primary 16MP, secondary 8MP စွမ်းရည်တွေကို A9 Pro မှာ အသုံးပြု ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 8MP ရှိတဲ့ ရှေ့ကင်မရာရဲ့ စွမ်းရည်နဲ့ ရုပ်ထွက်ကောင်းမွန်တဲ့ selfie တွေ ရိုက်ယူနိုင်မှာ ဖြစ်တဲ့အတွက်လည်း selfie သမားတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဗီဒီယိုပိုင်းမှာလည်း [email protected]0fps စွမ်းရည်ဖြင့် တစ်စက္ကန့်ကို 30 frame နှုန်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Multimedia ပိုင်းအနေနဲ့ ဖုန်းအချင်းချင်း ထိကပ်ပြီး data transfer ပြုလုပ်နိုင်တဲ့ NFC Function, FM Radio စနစ်တို့ကိုလည်း အသုံးပြုနိုင်အုံးမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-lon 5000 mAh ဘက်ထရီအမျိုးအစားကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီအသုံးပြုနိုင်မှုကလည်း အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မယ်လို့ ဆိုရမှာပါ။ ဘက်ထရီကတော့ ဖြုတ်/တပ်လို့တော့ မရပါဘူး။ တစ်ခါတည်း တွဲဖက် တပ်ဆင်ပေးထားတာလည်း ဖြစ်ပါတယ်။ Samsung Galaxy A9 Pro ကို white,black,gold ဆိုပြီး စွဲမက်ဖွယ် အရောင် သုံးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ ၅၅၅,၀၀၀ ကျပ် ရှိပါတယ်။ ဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

Follow us

Log in or create an account