သပ်ရပ်ပြီး စမတ်ကျစွဲဆောင်မှုရှိတဲ့ Oppo Neo7

သပ်ရပ်ပြီး စမတ်ကျစွဲဆောင်မှုရှိတဲ့ Oppo Neo7

Oppo Neo 7 ရဲ့ ကိုယ်ထည်
တည်ဆောင်ထားမှုဟာ သပ်ရပ်ပြီး စမတ်ကျ စွဲဆောင်မှု ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ ထောင့်တွေကို ထောင့်မှန်မယူထားဘဲ အဝန်းအဝိုင်းသဏ္ဌာန် တည်ဆောက် ပေးထားပြီး ကိုယ်ထည်ရဲ့ ဘေးဘောင်တွေကိုတော့ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး နှစ်မျိုးခွဲခြား တည်ဆောက် ပေးထားပါတယ်။ Neo 7 ကို အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ အပြာရောင်ကိုယ်ထည်လှလှလေး မှာ ငွေရောင်ဘောင်ကိုယ်ထည်လေးနဲ့တည်ဆောက်ပေးထားပြီး ရွှေရောင်ဘောင်ကိုယ်ထည်လေးကိုတော့ အဖြူရောင် ကိုယ်ထည်လေးနဲ့ တွဲဖက် တည်ဆောက်ပေးထားတဲ့အတွက် ဒီဇိုင်းအရတင် စွဲဆောင်မှု ရှိလှပါတယ်။

ဖုန်းမျက်နှာပြင် အရွယ်အစားကတော့
5.0လက်မရှိပြီး 540x960 pixels ရှိတဲ့ ရုပ်ထွက်ကို ရရှိခံစားနိုင်မှာပါ။ Display မှာ IPS LCD capacitive touchscreen,16M colors နည်းပညာကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ အလေးချိန်က 141g သာရှိပြီး 7.6mm သာရှိတဲ့ ဖုန်းကိုယ်ထည်ရဲ့ ပါးလွှာမှုကိုလည်း ကိုင်တွယ်ခံစားနိုင်မှာ ဖြစ်ပါတယ်။ Neo 7 စမတ်ဖုန်းမှာ 2G,3G နှင့် 4G ကွန်ရက်အသုံးပြုနိုင်ပြီး SIM ကဒ်နှစ်ကဒ် စိုက်ထည့်အသုံးပြုနိုင်ပါတယ်။ SIM card အရွယ်အစားကတော့ (Nano-SIM) ဖြစ်ပါတယ်။

Oppo Neo 7 ရဲ့ SOC ကတော့
Media Tak ကထုတ်တဲ့ Mediatak MT6582-(3Gmodel) တပ်ဆင် အသုံးပြုထားပြီး Quad-core 1.3 GHz Cortex –A7(3G model) CPU နဲ့ တွဲဖက်မောင်းနှင် ပေးထားပါတယ်။ Mail ကထုတ်တဲ့ Mail-400MP2 GPU ကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။ Internal memory 16GB,1GB RAM တွဲဖက် အသုံးပြုပေးထားပါတယ်။ Oppo Neo 7 က သူရဲ့ Color OS 2.1 ကို Android OS,v5.1(Lollipop) နဲ့ တွဲဖက် အသုံးပြုပေးထားပြန်ပါတယ်။ External SD ကဒ်ကတော့ 256GB အထိ ထည့်စိုက်အသုံးပြုနိုင်မယ် လို့ ဖော်ပြထားပါတယ်။

ဖုန်းကင်မရာကတော့
selfie ရိုက်ချင်သူများအတွက် ကောင်းမွန်တယ်လို့ ဆိုရမယ့် Secondary 5MP စွမ်းဆောင်ရည်နဲ့ Primary 8MP ကို ရရှိစေမှာ ဖြစ်ပါတယ်။ ¼” sensor အရွယ်အစားနဲ့ HDR, panorama အစရှိတဲ့ ကင်မရာ လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်စွမ်းကတော့ [email protected] နဲ့ တစ်စက္ကန့်ကို 30frames နှုန်း ရရှိမှာလည်း ဖြစ်ပါတယ်။

ဘက်ထရီကတော့
Li-Po 2420 mAh (non-removable) ဘက်ထရီအမျိုးအစားကို တွဲဖက် တပ်ဆင် အသုံးပြု ပေးထားပါတယ်။ Oppo Neo 7 မှာ proximity sensor, ambient အလင်းအာရုံခံကိရိယာ၊ Accelerometer အစရှိတဲ့ Sensor များ ထည့်သွင်း တည်ဆောက်ပေးထားပါသေးတယ်။ Oppo Neo 7 စမတ်ဖုန်းရဲ့ တန်ဖိုးကတော့ ၁၂၉,၀၀၀ ကျပ် ရှိပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ် ကွာဟနိုင်ပါတယ်။

Follow us

Log in or create an account