ဒုတိယမြောက်မျိုးဆက် Mi Max 2

ဒုတိယမြောက်မျိုးဆက် Mi Max 2

Mi MAX ဆိုတဲ့နာမည်ကြား လိုက်တာနဲ့ Screen ကြီးကြီး Battery များများ နဲ့ Performance ပိုင်းလည်း ပြောစရာမရှိအောင် ပြည့်စုံတဲ့ Mid Range ဖုန်းတစ်လုံးလို့ အားလုံး လက်ခံကြပြီးသားဖြစ်မှာပါ။
Mi MAX ကြီးကိုင်ရလို့မှ မဝသေးဘူး ဟော Mi Max2 ဆိုပြီးထပ်ထွက်လာပြန်ပြီ…


ဘယ်လို စိတ်ဝင်စားစရာ တွေပါမှာလဲ…
ဘာတွေပြောင်းလဲသွားလဲ…
စိတ်ဝင်စားစရာအနေနဲ့ကတော့ Battery,Speaker နဲ့ Camera ပိုင်းပါပဲ။
(mi max2 ဟာ ယခင် mi max ကို မွန်းမံပြီး အနည်းငယ် upgrade ထားတာလို့ဆိုရမှာပါ)
#Battery
Mi Max မှာ 4850mAh ပမာဏရှိတဲ့ Battery ပါဝင်ခဲ့ပြီး ယခု Mi Max 2 ကိုတော့ 5300mAh အထိ တိုးမြှင့်ပေးလိုက်ပါပြီ။ အရင်ကတည်းက Battery ပိုင်းမှာ ပြိုင်ဘက်ကင်းခဲ့တဲ့ Mi Max ကို ထပ်ပြီး ကောင်းသထက်ကောင်းအောင် ပျားရည်ထဲကို ဆေးသကြားရောလိုက်တာပါပဲ xD (ဂျင်းလို့မပြောရဘူးနော်)
တိုးမြှင့်လိုက်တဲ့ Battery 530,00mAh ဟာ ဘယ်လောက် အလုပ်လုပ်နိုင်သလဲ ?
ဖုန်းပြောချိန် - ၅၇ နာရီ
သီချင်းနားထောင်ချိန် - ၁၀ရက်ခန့်
ရုပ်ရှင်ကြည့်ချိန် - ၁၈ နာရီ
အင်တာနက်အသုံးပြုချိန် - ၂၁ နာရီ
Game ဆော့ချိန် - ၉ နာရီ
စာပို့ချိန် - မရေတွက်နိုင်သောအချိန်ပမာဏ :P
အပေါ်မှာပြောခဲ့တဲ့ အချိန်တွေဟာ မနားတမ်း တောက်လျှောက် အသုံးပြုနိုင်မယ့် အချိန်များဖြစ်တယ်လို့ ကြောငြာထားပါတယ်။ တစ်ကယ်ခံနိုင်လား….. ဟုတ်ကဲ့ အနီးစပ်ဆုံး အဖြစ်နိုင်ဆုံးအချိန်တွေပါပဲလို့ယူဆရပါတယ်ခင်ဗျ။
#Camera
ယခင် Mi Max မှာ အားမရဆုံး အပိုင်းကတော့ Camera ပိုင်းပါပဲ။ အများကြီးမျှော်လင့်ထားခဲ့ပေမယ့် Camera ပိုင်းမှာ အတော်လေး အားနည်းခဲ့ပါတယ်။ ဒီအချက်ကို ကောင်းကောင်းသိတဲ့ xiaomi က ယခု Mi Max2 မှာ Primary Camera ကို 12 Megapixels ပမာဏရှိတဲ့ Sony ရဲ့ IMX 386 Sensor ကိုပြောင်းလဲတပ်ဆင်ခဲ့ပါပြီ။အဆိုပါ Camera ဟာ မကြာသေးမီကမှ ရေပန်းစားခဲ့တဲ့ Mi 6 ရဲ့ Camera နဲ့ အမျိုးအစားအတူတူပါပဲ။ ဒီအချက်ဟာ အတော်လေး ဘဝင်ကျစရာ အခြေအနေတစ်ခုကို ရောက်ရှိလာတယ်ဆိုရမှာပါ။ Mi6 လောက် ပုံထွက်မကောင်းရင်တောင် ယခင် Mi Max ထက် အပြတ်ကွာသွားပြီပဲဖြစ်ပါတယ်။ Self Camera ကတော့ ယခင်အတိုင်း 5 Megapixels camera ကိုပဲအသုံးပြုပေးထားပါတယ်။
#Audio
အသံပိုင်းဆိုင်ရာ စနစ်မှာ ထူးထူးခြားခြားပါဝင်လာတာကတော့
Stereo Speaker စနစ်ပါ။ ဘယ်လိုမျိုးလဲဆိုတော့ အပေါ် နဲ့ အောက် နှစ်ဖက်စလုံးမှာ speaker ထည့်သွင်းပေးထားသာကြောင့် ဘယ် ညာ သံတွေနဲ့ ပတ်လည် ကြားနေရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီစနစ်ဟာ
အမြဲတမ်းအလုပ်မလုပ်ပါဘူး။ Landscape ဖြစ်တဲ့ video ကြည့်ခြင်း Game ဆော့ခြင်း အချိန်များမှာပဲ အလုပ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
#Specification Details
မျက်နှာပြင်အကျယ် 6.44 လက်မ နဲ့ Full HD display ပါပဲ။ Resolution Density ကတော့ (342 ppi pixel density) ပါ။
Mobile Network တွေ အနေနဲ့ကတော့ ထုံးစံအတိုင်း GSM,CDMA စနစ် နှစ်မျိုးလုံးကို အထောက်အပံ့ပေးဦးမှာဖြစ်ပါတယ်။
Dual SIM အမျိုးအစားဖြစ်ပြီး Memory SD ကဒ်ထည့်မယ်ဆိုရင်တော့ SIM ကဒ်တစ်ကဒ်သာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ooredoo လိုမျိုး 3G only ကို Dual active ဖြစ်ပါ့မလားဆိုတာကတော့
စောင့်ကြည့်ရပါဦးမယ်။ ရဖို့တော့များမှာပါ။
အသုံးပြုထားတဲ့ CPU ကတော့ Snapdragon 625 အမျိုးအစားကို အသုံးပြုထားပါတယ်။
ဒီမှာ သတိ ပြုစရာက Mi Max မှာ 650 ကို အသုံးပြုခဲ့ရမှ တစ်ဆင့် လျှော့ခဲ့ပြီပဲဖြစ်ပါတယ်။
ဒါဟာလည်း Battery စားသုံးမှုလျှော့ချနိုင်ဖို့အတွက် အသုံးပြုရတာ ဖြစ်ပေမယ့် Performance ပိုင်းကတော့
ယခင် Mi Max ထက် မသိ မသာလေး လျော့သွားမှာဖြစ်ပါတယ်။
Storage အနေနဲ့ကတော့ 4GB RAM/64GB ROM နဲ့ 128GB ROM ဆိုပြီး နှစ်မျိုးသာ ထုတ်လုပ်မယ်လို့သိရပါတယ်။ ဒါကြောင့် ယခင် Mi Max လိုတော့ ဈေးသိပ်ပျော့မှာ မဟုတ်ပါဘူး။
OS..
Android Version 7.1.1 (latest Version) ကို MIUI 8 နဲ့ပဲထွက်ရှိလာမှာဖြစ်ပါတယ်။
MIUI 9 ကျရင်တော့ သူလည်း ဦးစားပေးစားရင်းထဲမှာ ထိပ်ဆုံးနားလောက်တော့ရှိမယ်မျှော်လင့်ရပါတယ်။
ထူးခြားတာ တစ်ခုက တော့ MIUI 9 မှာ ပါဝင်လာမယ့် Split Screen (Multi Tasking) Feature ကို သီးသန့်ထည့်သွင်းပေးထားတာပါပဲ။ ဒါဟာလည်း Android Version ပေါ်မှာအများကြီးအခြေခံပါတယ်။
Fingerprint စနစ်ကတော့ ထုံးစံအတိုင်း ကျောဘက်မှာပဲပါဝင်မှာဖြစ်ပါတယ်။
USB Port အနေနဲ့ Type C အဖြစ်ပြောင်းလဲလာခဲ့ပြီး Battery အားသွင်းတဲ့ စနစ်ဟာလည်း Quick Charge 3.0 ကို အထောက်အပံ့ပေးလာပြီဖြစ်ပါတယ်။ (Quck Charge 3.0 adaptor ကိုအသုံးပြုမှအကျုံးဝင်ပါမယ်)
အဆိုပါစနစ်ကြောင့် အားသွင်းချိန် ၁နာရီအတွင်း Battery 68% အထိသွင်းနိုင်မယ်လို့ဆိုထားပါတယ်။
Battery ပမာဏများပြားလာသလို အားသွင်းချိန်ဟာလည်း ပိုမိုကြာနိုင်တာကြောင့် Quick charge Adaptor ကိုအသုံးပြုသင့်သလို သာမာန် adaptor နဲ့သွင်းမယ် ဆိုရင်လည်း ဖုန်း Battery ကို အနည်းဆုံး ၃၀% အောက် ပိုမသုံးသင့်ဘူးလို့ ယူဆမိပါတယ်။
#Design
ယခင် Mi Max ကို upgrade လုပ်ထားတာ ဖြစ်တဲ့အတွက် အထူးတလည်တော့ ပြောင်းလဲသွားတာမရှိပါဘူး။
ဒါပေမယ့် ဘေးထောင့် ဘောင်တွေက ယခင်လို လေးထောင့် ဆန်ဆန်မဟုတ်တော့ပဲ Mi 5 Mi5c တို့လို
ခုံးလာပါတယ်။
ထုတ်လုပ်မယ့် အရောင်ကတော့ Gold color တစ်မျိုးတည်းလို့ သိရပေမယ့် Xiaomi ရဲ့ ထုံးစံအတိုင်း
Limited Edition တွေလည်းထပ်ထွက်လာဦးမလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။
ဈေးနှုန်းတွေ အနေနဲ့ကတော့
RAM 4GB/64GB - 1699 Yuan ( ၃ သိန်းခွဲဝန်းကျင်)
RAM 6GB/128GB - 1999 Yuan ( ၄ သိန်းကျော်) ကျသင့်မှာဖြစ်ပြီး မြန်မာနိုင်ငံအရောက်ဆိုရင်တော့ အနည်းဆုံး ၅သောင်းလောက်ထည့်ပေါင်းပြီးတွက်ဖို့လိုပါမယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်သဘောတရားအရ ရောက်ရောက်ချင်း တော့ ဈေးပြင်းဦးမှာပါ။ တရုတ်နိုင်ငံမှာကတော့ လာမယ့် Jun လ 1 ရက်နေ့မှာစတင်ရောင်းချသွားမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းကိုတော့ Jun လ လယ် သို့ July လဆန်းလောက်တော့ ဝင်ရောက်လာမယ်လို့ သုံးသပ်ရပါတယ်။
#mimax2 #
#scarletrose
Ref;Techgadgetmm,techcrunch

Follow us

Log in or create an account