ဈေးနှုန်းသက်သက်သာသာနဲ့ စမတ်ဖုန်းကောင်းကောင်းသုံးချင်သူများအတွက် Vivo Y31

ဈေးနှုန်းသက်သက်သာသာနဲ့ စမတ်ဖုန်းကောင်းကောင်းသုံးချင်သူများအတွက် Vivo Y31

ပါးလွှာပြီး စမတ်ကျစေမယ့်အပြင် ဈေးနှုန်းသက်သက်သာသာနဲ့ ဖုန်းကောင်းကောင်း သုံးချင်သူများအတွက် Vivo ကထုတ်တဲ့ Vivo Y31 စမတ်ဖုန်းနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Vivo Y31 စမတ်ဖုန်းက သုံးစွဲသူ အကြိုက်တွေ့စေမယ့် စွမ်းဆောင်ရည်တွေနဲ့ ဝယ်လိုအားများနေတဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

 Media Tek ကထုတ်တဲ့ 

Mediatek MT 6580 Chipset ကို Quad-core 1.3 GHz Cortex-A7 အမြန်နှုန်းရှိတဲ့ CPU နဲ့ တွဲဖက်တပ်ဆင် မောင်းနှင်ပေးထားတဲ့ Vivo Y31 စမတ်ဖုန်းဟာ အချက်အလက်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM Mali ကထုတ်တဲ့ Mali-400MP2 GPU ကို တွဲဖက်တပ်ဆင်ပေးထားတဲ့ အတွက်လည်း 2D,3D ဂိမ်းများကိုလည်း ထည့်သွင်း ဆော့ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

Vivo Y31 စမတ်ဖုန်းဟာ
2G,2.5G အပြင် 3G ကွန်ရက်အထိပါ အသုံးပြုနိုင်မှာ ဖြစ်ပြီး SIM ကဒ် နှစ်ကဒ် ထည့်စိုက် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Funtouch OS 2.1 နဲ့ Android OS,v5.1(Lollipop) နှင့် ပေါင်းစပ်ထားတဲ့ Vivo Y31 စမတ်ဖုန်းမှာ ROM 8GB နဲ့ RAM 1GB အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SD ကဒ်ကိုတော့ 256 GB အထိ ထည့်စိုက် အသုံးပြုနိုင်အုံးမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကျောဘက် ကင်မရာ
8MP နဲ့ အရှေ့ ကင်မရာ 2MP ရှိတဲ့ ကင်မရာ စွမ်းဆောင်ရည်တွေနဲ့ 720x1280 pixels ရှိတဲ့ ရုပ်ထွက်ကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဖြုတ်/တပ် ရလွယ်ကူတဲ့ Li-Po 2100 mAh ဘက်ထရီကို တပ်ဆင် အသုံးပြုပေးထားတဲ့ Vivo Y231 စမတ်ဖုန်းကို white & black ဆိုပြီး အရောင်နှစ်မျိုးနဲ့ ဝယ်ယူ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၂၈,၀၀၀ ကျပ် ရှိပါတယ်။ အနည်းငယ်တော့ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

Network- GSM/HSPA
SIM-Dual SIM
Display-IPS LCD capacitive touchscreen,16M colors
Screen Size-4.7”
Resolution-720x1280 pixels (~312 ppi pixel density)
Memory-ROM 8GB, RAM 1GB, micro SD up to 256 GB
CPU-Quad-core 1.3GHz Cortex-A7
Camera-Primary 8MP, Secondary 2 MP
OS-Funtouch OS 2.1, Android OS,v5.1(Lollipop)
Multitouch-Yes

Follow us

Log in or create an account