ဆွဲဆောင်အားပြင်းပြီး သေသပ်လှပတဲ့ Vivo Y53 Matte Black”
ဆွဲဆောင်အားပြင်းပြီး သေသပ်လှပတဲ့ Vivo Y53 Matte Black”
ဖက်ရှင်လောကမှာတော့ အနက်ရောင်ဟာ သိပ်ပြီး ဆွဲဆောင်အားကောင်းတဲ့အရောင်၊ သေသပ်လှပတဲ့ အရောင်လို့ သတ်မှတ်ကြပါတယ်။ ဖက်ရှင်ကျကျနဲ့ စမတ်ဖုန်းကောင်းကောင်း ကိုင်ချင်တဲ့ Vivo နှစ်သက်သူများအတွက်တော့ Vivo Y53 Matte Black ဟာ စွဲဆောင်မှု ရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်လို့နေပါတယ်။
Dual SIM (4G)
Display 5 inches
Snapdragon 425 processor
Android version 6.0 (Marshmallo) +Funtouch OS 3.0
ROM 16GB (up to 256GB), RAM 2GB
Back camera 8MP (with Ultra HD), Front Camera 5MP
2500mAh battery
Vivo Y53 Matte Black ရဲ့ ထူးခြားချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ကင်မရာပိုင်းမှာ 8MP ရှိတဲ့ ကျောဘက်ကင်မရာက Megapixel အရ နည်းသလို ထင်ရပေမယ့် သူ့မှာ အသုံးပြုပေးထားတဲ့ Ultra HD နည်းပညာက Megapixel 32 MP နီးပါးလောက် ပုံထွက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေမှာ မှတ်တမ်းဓာတ်ပုံတွေကို ရရှိစေမှာလည်း ဖြစ်တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Eye Protection Mode ပဲ ဖြစ်ပါတယ်။ ဒါကတော့ သူ့ရဲ့ special feature တစ်ခုလည်း ဖြစ်ပါတယ်။ ညဘက် ဒါမှမဟုတ် အလင်းရောင် အားနည်းတဲ့နေရာမျိုးမှာ စာဖတ်မယ့်သူများအတွက်တော့ အဆင်ပြေစေမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။
Dual SIM အမျိုးအစားဖြစ်ပြီး 4G အထိ အသုံးပြုနိုင်မယ့် စမတ်ဖုန်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း RAM 2GB နဲ့ 64-bit Qualcomm Snapdragon CPU အသုံးပြုပေးထားတဲ့အတွက် ဖုန်းအသုံးပြုတဲ့အခါမှာ အဆင်ပြေ ချောမွေ့စေမှာလည်း ဖြစ်ပါတယ်။ Premium ကိုယ်ထည်ဒီဇိုင်းကိုမှ အနက်ရောင်ကာလနဲ့ ထွက်ရှိလာတဲ့ Vivo Y53 ရဲ့ ဖုန်းမျက်နှာပြင်ကတော့ ၅လက်မရှိပြီး Touch ပိုင်းမှာလည်း ကောင်းမွန်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။
ဖုန်းတွင်း မှတ်ဉာဏ်အနေနဲ့ 16GB သာပါရှိပါတယ်။ သို့သော်လည်း External SD Card 256GB အထိ ထပ်မံ ထည့်စိုက်အသုံးပြုနိုင်သေးတဲ့အတွက် အချက်အလက် များများ အသုံးပြုချင်သူများအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့ ဘက်ရီကတော့ 2500 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၉၈,၀၀၀ ကျပ်သာရှိပါတယ်။ အခုလို သေသပ်လှပပြီး ဆွဲဆောင်မှု ကောင်းတဲ့ Vivo Y53 Matte Black ကို ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ လူကြီးမင်းဖုန်းဆိုင်ရဲ့ Hot Line နံပါတ်ဖြစ်တဲ့ 09453344800 သို့ ဆက်သွယ် မှာယူနိုင်ပါတယ်။ နီးစပ်ရာ လူကြီးမင်း ဖုန်းဆိုင်များမှာလည်း သွားရောက်ဝယ်ယူနိုင်ပါတယ် ခင်ဗျာ…။