ကျပ်ငွေ (၃)သိန်းစွန်းစွန်းပေးပြီး အနက်ရောင်ကာလာနဲ့ Feature အစုံသုံးလို့ရမယ့် စမတ်ဖုန်းမော်ဒယ်

ကျပ်ငွေ (၃)သိန်းစွန်းစွန်းပေးပြီး အနက်ရောင်ကာလာနဲ့ Feature အစုံသုံးလို့ရမယ့် စမတ်ဖုန်းမော်ဒယ်

Vivo အနေနဲ့ သိပ်မကြာသေးခင်က မိတ်ဆက်ပေးလိုက်တဲ့ Vivo V5 Matte Black ဟာ ဈေးနှုန်းအရပဲ ဖြစ်ဖြစ်၊ သူရဲ့ feature အရပဲ ဖြစ်ဖြစ် ထူးခြားတဲ့ စမတ်ဖုန်း မော်ဒယ်တစ်မျိုးဖြစ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
Vivo V5 Matte Black ဟာ ဈေးနှုန်းအားဖြင့် ၃၁၈,၀၀၀ ကျပ်သာ ကျသင့်မယ့် စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ အမြင့်ဖုန်းတွေနဲ့ မယှဉ်နိုင်ပေမယ့် သူမှာတော့ ကိုယ်ပိုင် ထူးခြားချက်လေးတွေ ရှိနေတဲ့အတွက် Mid Range ထဲက ရွေးချယ်သင့်တယ် ဖုန်းတစ်လုံးလို့လည်း ပြောရမှာ ဖြစ်ပါတယ်။


စမတ်ဖုန်းသုံးစွဲသူများအနေနဲ့ Selfie ဆွဲတာကလည်း အသက်အရွယ်အပိုင်းအခြားမရွေး ပြုလုပ်လာကြပါတယ်။ ဒီလိုအခြေအနေမှာ ဖုန်းရဲ့ Selfie ကင်မရာက ကောင်းမွန်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Vivo V5 Matte Black ကတော့ Selfie ကင်မရာပိုင်းမှာ 20MP အထိ ရှိတဲ့အပြင် ဘယ်လို အလင်းအခြေအနေမှာပဲ ဖြစ်ဖြစ် Selfie ရိုက်တဲ့အခါ အလင်းစနစ်ပါဝင်တာကြောင့် ပုံကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Beauty 6.0 ဆိုတဲ့ feature ကလည်း မျက်နှာပေါ်မှာရှိတဲ့ အရာတွေကို ချောမွတ်လှပသွားအောင် ထောက်ပံ့ပေးထားပြန်ပါတယ်။ ကျောဘက်ကင်မရာကတော့ 13MP ရှိပါတယ်။
အနက်ရောင် ပြောင်လဲ့လဲ့ကို ကြိုက်နှစ်သက်သူများအတွက်တော့ Vivo V5 Matte Black ဟာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ အရောင်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်ထည်အနေနဲ့လည်း သတ္တုကိုယ်ထည်နဲ့တည်ဆောက်ထားပြီး ဖုန်းရဲ့ ဘေးဘောင်တွေကိုလည်း ကွေးညွတ်ပေးထားတဲ့အတွက် ဒီဇိုင်းပိုင်းကတော့ လူတိုင်းနှစ်သက်စရာ ဒီဇိုင်းဖြစ်ပါတယ်။
4G LTE အထိ အသုံးပြုနိုင်တဲ့ Dual Sim အမျိုးစား စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Vivo V5 Matte Black ရဲ့ RAM ကလည်း 4GB အထိ ပါရှိတာကြောင့် Android 6.0 ကို အခြေခံထားတဲ့ သူရဲ့ Funtouch OS 2.6 မှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
ရုပ်ရှင်ကြည့်ရင်း မက်ဆေ့ချ်ဝင်လာလို့ ရုပ်ရှင်ကြည့် ပျက်မသွားပါဘူး။ V5 Matte Black မှာ Multitasking ကို အထောက်အပံ့ပေးထားတဲ့အတွက် တပြိုင်နက် ဖုန်း Screen ပေါ်မှာ အလုပ်နှစ်ခု လုပ်နိုင်မှာ ဖြစ်ပါတယ်။ Vivo ရဲ့ ကိုယ်ပိုင် Hi-Fi စနစ်ကလည်း အသံအရည်အသွေးပိုင်းမှာ သီးချင်းနားထောင်ရင် အတော်လေး ကောင်းမွန်တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ (၃)သိန်းကျော် ဝန်းကျင်သာ ရှိပေမယ့် အနက်ရောင်ကာလာ၊ သတ္တုကိုယ်ထည်နဲ့ Selfie ကင်မရာကောင်းကောင်းလေး ကိုင်ချင်သူများအတွက်တော့ Vivo V5 Matte Black ဟာ ရွေးချယ်ဝယ်ယူစရာ စမတ်ဖုန်းမော်ဒယ်တွေထဲက တစ်ခု ဖြစ်ပါတော့တယ် ခင်ဗျာ..။

Follow us

Log in or create an account