Viber မှာ ဘာ အချက် အလက်မှ ပျက်စီး ဆုံးရှုံးခြင်းမရှိပဲ ဖုန်းနံပါတ် အကောင့် ပြောင်းလို့ရနေပြီဆိုတာ>

သိပြီးပြီလား......?
<Viber မှာ ဘာ အချက် အလက်မှ ပျက်စီး ဆုံးရှုံးခြင်းမရှိပဲ ဖုန်းနံပါတ် အကောင့် ပြောင်းလို့ရနေပြီဆိုတာ>
? Viber Latest Version ဖြစ်ဖို့ လိုပါတယ်နော်..
ဖုန်းနံပါတ်တစ်ခု ပြောင်းတိုင်း Viber မှာလည်း နံပါတ်လိုက်ပြောင်းပေးရပါတယ်။ အဲလို ပြောင်းလိုက်တဲ့အခါမှာတော့ ကိုယ်ရဲ့ Conversation တွေ History တွေ Group တွေ အကုန် လစ်သွားတာပါပဲ။ ဒါအတော်လေး စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်းတစ်ခုပါပဲဗျာ..။
အခုတော့ ဒီလိုတွေ မဖြစ်ရအောင် Viber က ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ပြောင်းရင် Data တွေ.. အထက်ကပြောခဲ့တဲ့ အရာတွေ လစ်မသွားတော့ပါဘူးဗျာ..။ ဘယ်လို လုပ်မလဲဆိုတာကတော့...
Viber > Setting > Acoount > Change Phone Number ထဲကိုဝင်လိုက်ပါ။
New Phone Number ထဲကို ဝင်လိုက်ရင် ကျွန်တော်တို့ အတွက် ရွေးစရာ Option 2 ခုရှိပါတယ်။
New Phone Number နဲ့ New Phone Number and new device ဆိုတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ က ဖုန်းနံပါတ်ပဲ ပြောင်းချင်တာဆိုတော့ New Phone Number ကို Continue လုပ်ပါမယ်။
Continue နှိပ်လိုက်တာနဲ့ Viber အကောင့်သစ်ဖွင့်သလို Register Form ဖြည့်ပြီး Continue ကို နှိပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ Viber မှာ User Data တွေမပျက်စီးပဲ ဖုန်းနံပါတ်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်ခင်ဗျာ။
Image may contain: text

Follow us

Log in or create an account