TV တွေမရှိ ဖုန်းတွေမရှိ ဟိုး...အရင်ကလေးဘဝကို အလွမ်းပြေစေမယ့် မိခင်တဦးရဲ့ လက်ရာမှတ်တမ်းတွေ

 
Niki Boon ဆိုတဲ့ အမျိုးသမီးဟာ စကော့တလန်က ဝါသနာအရ ဓာတ်ပုံရိုက်သူတယောက်ပါ။ ဘဝကံအကြောင်းကြောင်းကြောင့် ဓာတ်ပုံရိုက်ခြင်းကို စွန့်လွှတ်ခဲ့ရပေမယ့် နယူးဇီလန်နိုင်ငံ တောတန်းကျေးလက်ဒေသတခုမှာ အခြေချနေထိုင်ဖြစ်ရင်း ရင်သွေးလေးဦးမွေးဖွားလာခဲ့တဲ့အခါ ကျေးလက်တောရွာမှာ ကလေးငယ်တွေရဲ့ ပျော်ရွှင်လွတ်လပ်ပုံကို မှတ်တမ်းတင််ဖို့ ဓာတ်ပုံပြန်ကူးဖြစ်ခဲ့ပါတယ်။
 

နည်းပညာပစ္စည်းတွေနဲ့ ကင်းဝေးပျော်မွေ့နေကြတဲ့ ကလေးတွေရဲ့ "Technology-free" life ကို မှတ်တမ်းလက်ရာပြုထားတာကြောင့် "CHILDREN IN THE RAW" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံ Album လေးကို ဖော်ပြပေးလိုက်ပါတယ်။
 
ကျွန်မကလေးတွေ တီဗီမရှိ၊ ဖုန်းမရှိ၊ ခေတ်မီ electronic ပစ္စည်းတွေ ဘာတခုမှမရှိပဲ ရှင်သန်ကြပါတယ်။
 

တချို့တွေအတွက် ပုံမှန်သမားရိုးကျ ဘဝပျော်မွေ့မှုပုံစံတော့ မဆန်လောက်ဘူးပေါ့လေ။
 
 
အခု ကျွန်မအရမ်းပျော်ပါတယ်။ ဒီလိုဒေသမှာ ဒီလိုလွတ်လပ်မှုနဲ့ ကိုယ့်ကလေးနဲ့ မိသားစုနဲ့... ပျော်မွေ့နှစ်ခြိုက်ရှင်သန်နေရတာ ကျွန်မအရမ်းကြည်နူးနေတာ။

ကလေးတွေရဲ့ ဖြတ်သန်းနေ့ရက်တွေကို ကျွန်မ မှတ်တမ်းတင်ထားခဲ့ပါတယ်။ သဘာဝထဲ ပျော်ဝင်... တသားတည်းနေထိုင်ရပြီး အချုပ်အနှောင်ကင်းမဲ့ စိတ်ရှိသလောက် သူတို့ ပျော်ရွှင်ဆော့ကစားနေတာတွေ။
 
 
ကလေးဘဝကတည်းက ပုံလေးတွေ။ ဘဝကို ဘဝလိုပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တဲ့ ကလေးတွေရဲ့ ငယ်ဘဝ။
 
 
ပြီးတော့ တကယ့် အစစ်အမှန် ပျော်ရွှင်မှု .....
 
 
ကျွန်မရဲ့ အတိတ်မှတ်ဉာဏ်ထဲ သံမှိုနှက်ထားသလို စိတ်စွဲနေတဲ့ ကလေးဘဝဆိုတာကို အခုပြန်မြင်နေရပြီလေ။
 
 
အပူအပင်မဲ့လွန်း ပေါ့ပါးလွတ်လပ်လွန်း၊ အချုပ်အနှောင်ကင်းလွတ်လွန်းခဲ့တဲ့ ကျွန်မရဲ့ငယ်ဘဝလေး အတိုင်းပါပဲ။
 
 
အခု ကျွန်မကလေးတွေဆီ အမွေပြန်ပေးနိုင်ပြီဖြစ်တဲ့ ငယ်ဘဝလေးပေါ့။
 
 
ကျွန်မရိုက်ထားတဲ့ ဓာတ်ပုံတွေကြည့်ပြီး အဝေးစိတ်အာရုံထဲက ကိုယ့်ကလေးဘဝဆီ ကိုယ်စီခဏပြန်ပြေးလွှားနိုင်ခဲ့ကြမယ်ဆို ကျွန်မကျေနပ်မိမှာ။ ဟိုး...အရင်ဘဝ အလွမ်းပြေပေါ့လေ။
 
ကျွန်မကလေးတွေ ရွှံ့ဗွက်တွေထူပိန်းနေအောင်လူး ညစ်ပတ်ပေကျံပြီး အိမ်ပြန်ရောက်လာရင် ကျွန်မအပျော်ဆုံးအချိန်ပဲ။
 
သဘာဝတရားထဲ စိတ်ရှိသလောက် ခုန်ပေါက်ပြေးလွှား... ဘဝကို သဘာဝနဲ့ တသားတည်းဖြတ်သန်းရှင်သန်ခွင့်ရနေတဲ့ ကျွန်မရဲ့ကလေးတွေ။
 
လွတ်လပ်ကြစမ်း။ ပျံသန်းကြစမ်း။ တောထဲ မြေထဲ စိတ်ကို ရွက်လွှင့်ပစ်ကြစမ်း။ ကလေးတို့ရေ ဒါ မင်းတို့ရဲ့ကမ္ဘာပဲ။
 
ငယ်ရွယ်နုနယ်တဲ့ စိတ်ဝိဉာဉ်တွေ သဘာဝတရားဆီ နူးညံ့စွာ တိုးဝင်သွားရင်း.....
 
ကျေးလက်တောတောင်ဒေသဆိုတာ နေရထိုင်ရ လုပ်ရကိုင်ရ ရုန်းရကန်ရ များပြားပင်ပန်းလှတာတော့ အမှန်ပဲ။
 
စာနာစိတ်ထုထည်တွေ မပါးလျဖို့ ... တဖြည်းဖြည်းလွတ်လပ်ပွင့်လန်းလာရင်း... ပျော်ရွှင်ခြင်းဘယ်ကလာလဲ။
 
ဘဝအမြင်ဆိုတာ ကိုယ့်စိတ်ကိုယ် စီမံနိုင်ရေး။ သဘာဝလောကထံပါးက သူတို့သင်ယူနိုင်တာတွေ...သူတို့ဆီ စိမ့်ဝင်စီးဆင်းလာတာတွေ။
 
တန်ဖိုးရှိလှတဲ့ စိတ်အတွေးမှာတော့ သူတို့လေးတွေ ကိုယ့်တန်ဖိုး ကိုယ်အရှိတရားကို ကျေနပ်ပျော်ရွှင်နေဖို့၊ အေးမြငြိမ်သက်စွာ လက်ခံတတ်ဖို့....။
 
ကိုယ်စားတဲ့ အစာတွေ ဘယ်ကရလာသလဲ။ သေခြင်းတရားဆိုတာ..... ရှင်သန်ခြင်းဆိုတာ..... သူတို့ ကိုယ်စီပုံဖော်မှုနဲ့ ထွေးပွေ့သင်ယူခွင့်ရတာ။
 
 

Follow us

Log in or create an account