Top 5 Best Laptop Brands in the World ,ကမ္ဘာ့အကောင်းဆုံး လက်တော့ပ် တံဆိပ်များ

Top 5 Best Laptop Brands in the World
ကမ္ဘာ့အကောင်းဆုံး လက်တော့ပ် တံဆိပ်များ

1. Apple

ကမ္ဘာမှာ လူကြိုက်အများဆုံး လက်တော့ တံဆိပ်တွေထဲက အက်ပဲလ် ကတော့ ထင်ရှားလှပါတယ်။အက်ပဲလ် ရဲ့ ပစ္စည်းတွေ ၊ထုတ်ကုန်တွေ ဟာ နည်းပညာလောကမှာ များပြားလွန်းပါတယ်။MacBook Pro ကတော့ လူတိုင်းကြိုက်တဲ့ အက်ပဲလ် ရဲ့ လက်တော့ တစ်လုံးဖြစ်ပါတယ်။အက်ပဲလ်တံဆိပ်နဲ့ ပစ္စည်းတွေ ဟာ အာမခံချက်မြင့်မားသလို ဆော့ဝဲလ် ၊ဟက်ဝဲလ် တွေ နဲ့ အတူ သုံးစွဲ သူတွေ အတွက်လည်း အထူးကောင်းမွန်ပါတယ်။အဲ့ဒါကြောင့် ကမ္ဘာမှာ အက်ပဲလ် တံဆိပ်ဟာ နံပါတ် ၁ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

2. Dell

ဒဲလ် လက်တော့ တွေ ကတော့ လီနိုဗို လက်တော့ တွေ နဲ့ အတူ ဈေးကွက်ကို ယှဉ်ပြိုင်စဉ်တုန်းက ဒဲလ် ဟာ
မော်ဒယ်မြင့် လက်တော့ မျိုးစုံကို ထုတ်လုပ်ခဲ့ပြီး လျှပ်စစ် ပါဝါစနစ်ပိုင်းအာမခံမှုတွေ နဲအတူ နောက်ဆက်တွဲနည်းပညာထောက်ပံ့မှု တွေ ကြောင့် နာမည်ပိုကြီးခဲ့ဖူးပါတယ်။နောက်ပိုင်းမှာလည်း ဒဲလ်ရဲ့ XPS 13 မော်ဒယ်နဲ့ အတူ ဝင်းဒိုးစနစ် တွေ ဈေးသက်သာလာပြီး ဂိမ်း လက်တော့ တွေ အတွက်လည်းအဆင်ပြေလာတာဖြစ်ပါတယ်။


3. Asus


အောစု( Asus) လက်တော့ တွေကတော့ ယခု နှစ်ပိုင်းတွေမှာ ဈေးကွက်ထိုးဖောက်နိုင်မှု အားကောင်းလာခဲ့ပါတယ်။အောစု ရဲ့ ZenBook UX305 ကို တော့ မည်သူမဆို ကြို က်နှစ်သက်တာတွေ ရပြီး အကြမ်းအတမ်းခံမှု ၊နည်းပညာမြင့်မှု နဲ့ ဆွဲဆောင်အားကောင်းတဲ့ ဒီဇိုင်းထွင်နိုင်မှု၊အသုံးပြု သူတွေ အတွက် အာမခံချက်ပေးနိုင်မှု ၊ပေးရတဲ့ ဈေးနှုန်းသင့်တင့်မှု တွေ အတွက် ကမ္ဘာ့ အဆင့် သတ်မှတ်ချက် နံပါတ် ၃ နေရာထိ ရောက်ရှိနေတာဖြစ်ပါတယ်။

4.  Lenovo

လီနိုဗိုကတော့ ကမ္ဘာ့ အကောင်းဆုံး နည်းပညာမြင့် လက်တော့ ထုတ်လုပ်ရေးတွေထဲက တစ်ခု ဆိုရင်မမှားပါဘူး။လီနိုဗို တံဆိပ်ဟာ ယုံကြည်လို့ ရကောင်းရနိုင်ပေမဲ့ ဘတ်ဂျက်ပြဿ နာတွေ ထဲက LaVie Z မော်ဒယ်ရဲ့ အမှားအယွင်းတွေ ကြောင့် ဈေးကွက်ထဲကနေပြန်လည်ရုပ်သိမ်းတာမျိုး ပြု လုပ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ThinkPad T450 မော်ဒယ်အုပ်စုကတော့ သုံးစွဲ သူတွေ အတွက် တစ်စုံတစ်ရာ အကျိုးရှိနေတာသေချာပါတယ်။အဲ့ဒါကြောင့်လည်း ကမ္ဘာမှာ စတုတ္တနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

5. HP

အိတ်စ်ပီ လက်တော့ တွေ ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှာ အောစု နဲ့ အတူ အပြိုင်အဆိုင် ရှိနေခဲ့တာပါ။ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်တုန်းကမှ EliteBook 745 G3 ရဲ့ပြဿ နာတွေ ကြောင့် HP ဟာ ဈေးကွက်မှာ ထိုးကျသွားစေခဲ့တာပါ။အဓိက ပြဿနာကတော့ သုံးစွဲ သူတွေ ရဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်တာလို့ လည်းဆိုပါတယ်။ဒါပေမဲ့ ယခုတော့ ကမ္ဘာမှာ ထိပ်တန်း တံဆိပ် ၅ ခု မြောက်အဖြစ်ရပ်တည်နေပါသေးတယ်။

Follow us

Log in or create an account