Samsung Galaxy C7 (2017) မှာ Dual Camera တပ်ဆင်တော့မည်ဟု သတင်းထွက်

Samsung Galaxy C7 (2017) မှာ Dual Camera တပ်ဆင်တော့မည်ဟု သတင်းထွက်

Samsung Galaxy C7 (2017) မှာ Dual Camera တပ်ဆင်ပါဝင်လာတော့မယ်လို့ သတင်းများ ထွက်ရှိနေပါတယ်။ ဒီသတင်းကတော့ Twitter အကောင့် handle@mmddj ပိုင်ရှင်မှ ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်ပဲ မကြာခင်ထွက်ရှိလာမယ့် Samsung Galaxy C7 (2017) ဟာ Dual Camera နဲ့ ထွက်ရှိလာမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။


စမတ်ဖုန်းဈေးကွက်အရလည်း Dual Camera ပါဝင်တဲ့ စမတ်ဖုန်းများဟာ နည်းပညာအရသော်လည်းကောင်း ဈေးနှုန်းအရသော်လည်းကောင်း ပိုမြင့် ပိုများကြပါတယ်။ အရင်ထွက်ရှိပြီးဖြစ်တဲ့ Samsung Galaxy C7 (2016) မှာ ကင်မရာ တစ်လုံးတည်းသာ ပါဝင်ခဲ့ပါတယ်။ C7 2016 မှာတုန်းကလည်း ကျွန်တော်တို့ ပြည်တွင်း ဈေးကွက်မှာလည်း လူကြိုက်များ၊ အဝယ်များခဲ့တဲ့ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ခဲ့ပါတယ်။
Source : gsmarena

Follow us

Log in or create an account