" Redmi Note3 နှင့် Note 4 ကိုင်ဆောင်သူများအတွက် ဓါတ်ပုံအလန်းဆုံးတွေရိုက်နိုင်ဖို့ Camera setting "

" Redmi Note3 နှင့် Note 4 ကိုင်ဆောင်သူများအတွက် ဓါတ်ပုံအလန်းဆုံးတွေရိုက်နိုင်ဖို့ Camera setting "

သတင်းတွေကြီးပဲဇွတ်တင်နေလို့ ဒီတစ်ခါတော့ ဆေးမီးတိုလေးနည်းနည်း မျှလိုက်ပါဦးမယ်ခင်ဗျ။ ဒီဖုန်းတွေ မဟုတ်ပဲ တခြားဖုန်းတွေမှာလည်း စမ်းကြည့်နိုင်ပါတယ်ခင်ဗျ။
Redmi Note 3 နဲ့ Note 4 ဟာ Xiaomi ရဲ့ အရောင်းရဆုံး နာမည်ရ Model တွေဖြစ်သလို ကျွန်တော် တို့ ရွှေမြန်မာတွေ စီမှာလည်း အတော်လေး လူကြိုက်များ ခဲ့တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။
ရေပန်းစားခဲ့သလို လူသုံးများတဲ့ ဖုန်းတစ်လုံးလဲ ဖြစ်တာကြောင့် Myanmar mi fan အတော်များများ အသုံးပြုကြမယ်လို့လည်းထင်ပါတယ်။ဒါကြောင့် Camera ရိုက်တဲ့ အခါ ပိုပြီး လန်းအောင်လို့ Camera Setting ချိန်နည်းလေး ပြန်လည် မျှဝေပေးလိုက်ရပါတယ်။


-အရင်ဦးဆုံး ကိုယ့်ဖုန်းမှာ နဂိုပါတဲ့ Camera ကိုဖွင့်လိုက်ပါ။
-ပြီးသွားရင် Mod ကို နှိပ်ပါ။ Setting ထဲကိုဝင်ပါ။
-ဖုန်းထဲမှာ SD ကဒ်ထည့်ထားပါက "Save to SD Card" ကိုရွေးပေးပါ။
ဒါမှ မတော်တဆ ဖုန်းပျက်ခဲ့သည်ရှိသော်(Powerသေ ၊ ဆားငံရေဝင်) သင့်ရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရများ အလွယ်တကူ မပျက်စီးမှာဖြစ်ပါတယ်။
-အကယ်၍ သင်ဟာ ကိုယ်ပြချင်တဲ့ အကြောင်းအရာ(Object) ကို စနစ်တကျ နေရာချိန်ပြီးရိုက်မယ်ဆိုရင် "Show Gird Lines" ကိုဖွင့်ပါ။ ဒါမှသာ ကိုယ်ပြချင်တဲ့Object ကို လိုသလို ချိန်ပြီး စနစ်တကျ ရိုက်ကူးနိုင်မှာပါ။
-ဓါတ်ပုံရုပ်ထွက် Picture Quality ကို "High" လို့ပြောင်းပေးပါ။ဒါမှသာ သင်ရိုက်တဲ့ပုံရဲ့ ရုပ်ထွက်ဟာ အကောင်းဆုံးဖြစ်လာနိုင်မှာဖြစ်ပါတယ်။
- Camera Frame ကို "4:3" မှာထားပါ။ အကယ်၍ 16:9 ဆိုရင် ရိုက်ပြီးပြန်ကြည့်တဲ့အခါ ပုံက ရုပ်ထွက် သိပ်မကောင်းနိုင်ပါဘူး။ ဘာလို့ဆို ပုံကိုဆွဲဆန့်ထားရတဲ့အတွက် pixel တွေဟာ ကျဲနေလို့ပါ။ 4:3 မှာထားရင်တော့ pixel သိပ်သည်းမှုများတဲ့အတွက် အကောင်းဆုံး ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
- "Auto exposure setting" ကို "Frame Average" အဖြစ်ပြောင်းပါ။ ဒါဟာ ကြည်လင်ပြတ်သားပြီး ရှင်းလင်းတဲ့ ရုပ်ထွက်ရရှိဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပဲဖြစ်ပါတယ်။
‘Sharpness’ ကို ‘Lower’ or ‘Lowest’ အထိလျှော့ချပါ။ ဗြုတ်ထာတာတွေကို ကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ‘Contrast’ & ‘Saturation’ ကိုတော့ ‘Normal’ မှာပဲထားပါ။(SATURATION, SHARPNESS နဲ့ CONTRAST တို့ကို HIGH, HIGHER OR HIGHEST လုံးဝမထားပါနဲ့)
ဒါတွေအားလုံး လုပ်ပြီးသွားပြီဆိုရင်တော့ Camera အတွက်ပြီးသွားပါပြီ စမ်းကြည့်လို့ရပါတယ်။
Video ရိုက်တဲ့အခါ ပိုမိုကောင်းမွန်အောင် ဆက်ကြည့်ပါဦး...
Camcorder or Video ထဲကို ဝင်လိုက်ပါ။
ထုံးစံအတိုင်းပဲ MOD ကိုနှိပ် Setting ထဲကိုဝင်ပါ။
‘Focus Mode’ ကို CAF (Continuous Auto Focus)ထားပါ။ ဒီလိုထားခြင်းအားဖြင့် သင်ရိုက်ကူးပြသချင်တဲ့ Object ကိုကြည်လင်ပြတ်သားစွာဖြင့် Focus ထားပြီး ရိုက်ကူးပါလိမ့်မယ်။
#mtechbox
Ref ; xiaomitoday
တခြားဖုန်းတွေလည်း စမ်းကြည့်လို့ရတယ်နော်။ အကျိုးမယုတ်ပါဘူး :)
Image may contain: one or more people, phone, screen and outdoor

Follow us

Log in or create an account