MPT ရဲ့ 4G LTE စနစ်ကို ဘယ်လို အသုံးပြုမလဲ....?

MPT ရဲ့ 4G LTE စနစ်ကို ဘယ်လို အသုံးပြုမလဲ....?

အထူးမြန်နှုန်းကိုခံစားနိုင်ဖို့ ပုံမှန် 4G/LTE ထက် ၂ဆ ပိုမိုမြန်ဆန်တဲ့ မြန်နှုန်းမြင့် LTE+ အင်တာနက် ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပါပြီ။


မြန်ဆန်မှုများထဲက ပိုမိုမြန်ဆန်တဲ့ MPT LTE+ အင်တာနက်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များမှာ အရင်ဆုံးအသုံးပြုလို့ရမှာဖြစ်ပြီး ကျန်ရှိနေတဲ့ အခြားမြို့များမှာလည်း မကြာခင်မှာ ရရှိသွားမှာပဲဖြစ်ပါတယ်။
4G စနစ်ကို အသုံးပြုနိုင်တဲ့ ဖုန်းများနဲ့ MPT USIM ဆင်းမ်ကတ်များကိုင်ဆောင်ထားတဲ့ MPT သုံးစွဲသူအားလုံး LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာဖြစ်ပြီး LTE+ ကွန်ရက်လွှမ်းခြုံထားတဲ့ နေရာများမှာ အလိုအလျောက် ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ အသုံးပြုသူတွေအနေနဲ့ ဝန်ဆောင်မှု ကိုရယူဖို့အတွက် မိမိတို့ ဖုန်း Settings ထဲမှာ LTE+ ကွန်ရက်အသုံးပြုနိုင်ဖို့ ရွေးချယ်ထားဖို့တော့ လိုတယ်နော်။
ဖုန်းမှာ LTE network ကိုဘယ်လိုရွေးချယ်မလဲ ?
သင့်လက်ကိုင်ဖုန်း Settings မှ More Network> Mobile Network> Network Mode သို့ဝင်၍ LTE (သို့) 4G ကို ရွေးချယ်ပါ။
LTE (သို့) 4G ဟုရွေးချယ်ရန်ပါရှိလျှင် LTE+ စနစ်သုံးဟန်းဆက်ဖြစ်ပါသည်။
(* ဖုန်းSettingသည် လက်ကိုင်ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါသည်။)
သင့်ရဲ့ MPT SIM card က 4G စနစ်ရမရ ဘယ်လိုစစ်မလဲ ?
106*5# ကိုဖုန်းခေါ်ဆိုပြီး သင်၏ SIM card LTE+ SIM (USIM) ဖြစ်မဖြစ်ကို စစ်ကြည့်ပါ။
သင်၏ SIM card USIM မဖြစ်သေးပါက သင့်ကဒ်အဟောင်းကို နီးစပ်ရာ MPT ဆိုင်များတွင် အခမဲ့လဲလှယ်နိုင်ပါပြီ။
SIM card လဲနိုင်သော MPT ဆိုင်များကို ဤလင့်တွင်(http://bit.ly/2juQZ3O) ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို http://bit.ly/2rLA3Gs တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာ။
ref;MPT myanmar

Follow us

Log in or create an account