Gadgets များကို သက်တမ်းတိုအောင်လုပ်မိနေသလား

Gadgets များကို သက်တမ်းတိုအောင်လုပ်မိနေသလား
 
မကြာခဏဆိုသလိုပဲ ကျွန်တော်တို့ gadget တွေက ၀ယ်ပြီးနှစ်ဝက်လောက်ပဲ သုံးလို့ကောင်းနေသလား။ အများစုကတော့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အပြစ်တင်ရလိမ့်မယ်။ ကျွန်တော်တို့ နည်းပညာမြင့်ပစ္စည်း၊ အရည်အသွေးမြင့်ပစ္စည်းတွေကို ကောင်းကောင်းမှ ဂရုမစိုက်တတ်တာ။
ဒီဆောင်းပါးမှာတော့ သင့်ရဲ့တက်ဘလက်၊ စမတ်ဖုန်း၊ laptop ကို အချိန်ကြာကြာ ကောင်းကောင်းလေး အသုံးပြုနို်င်အောင် ကူညီပေးမှာပါ။
 
ဘက််ထရီကိုအားသွင်းခြင်း
 
ခေတ်သစ် lithium-ion နဲ့ lithium-polymer ဘက််ထရီ တွေက memory effect မရှိပါဘူး။ ဒါကြောင့် ဖုန်း၊ တက်ဘလက်နဲ့ laptop တွေက သုညအထိကျမသွားစေဘဲ အားသွင်းလို့ရနေတာပါ။ ဒါကြောင် ့ထုတ်လုပ်သူတွေက ဘက််ထရီ ရဲ့သက်တမ်းကို အားလုံးဝပျက်သွားတဲ့ စက်ဝန်းနဲ့ သတ်မှတ်ကြပါတယ်။ ပုံမှန်အရတော့ စက်ဝန်းက ၄၀၀-၆၀၀ ဖြစ်ပါတယ်။
ဒါကြောင့် gadget ရဲ့ ဘက််ထရီ  သက်တမ်းကို တိုးမြင့်စေချင်တယတ်ဆိုရင်တော့ မကြာခဏ အားသွင်းပေးဖို့လိုအပ်တယ်။ အကောင်းဆုံးကတော့ ဘတ်ထရီကိို ၁၀-၂၀% အထိရောက်ချိန်တိုင်းမှာ အားသွင်းပေးပါ။ ဒါကတော့ စက်ဝန်းကို ၁၀၀၀-၁၁၀၀ အထိ တိုးမြှင့်စေပါတယ်။
ခေတ်သစ် ဘက််ထရီ တွေက အားပြည့်နေချိန်မှာ မဖြုတ်ဘဲ ဘာမှသက်ရောက်မှုမရှိပါဘူး။ အတွင်းမှာပါ၀င်တဲ့ ထိန်းချုပ်ကိရိယာလေးက လျှပ်စစ်စီးမှုကို ဖြတ်တောက်လိုက်ပါတယ်။ ဒါကြောင့် ဘက််ထရီ အားလွန်တာမျိုး မရှိပါဘူး။ ဒါကြောင့် အဆက်မပြတ်အားသွင်းလို့ မပြောဘူးနော်။ ၄၀-၈၀% အထိပဲ အားသွင်းခြင်းက ဘက််ထရီ ကို ကြာကြာခံစေပါတယ်။
စျေးပေါတဲ့ ဘက််ထရီ တွေကို ၀ယ်ယူမယ်ဆိုရင်တော့ ဘက််ထရီ  တွေထဲမှာ အဲဒီလိုထိန်းချုပ်ကိရိယာလေး မပါ၀င်တဲ့အတွက် စိတ်မချရပါဘူး။ နောက်တစ်ခုအကြံပေးချင်တာက ဖုန်းကို ပုံမှန် USB ကြိုးတွေ၊ အားသွင်းခေါင်းတွေနဲ့သာ အားသွင်းပါ။
"ultra fast" လို့ခေါ်တဲ့ အားသွင်းခေါင်းတွေကို ရှောင်ပါ။ သူတို့က တစ်နာရီမကြာဘူး အားမြန်မြန်ပြည့်တယ်လို့ပြောရင် ဝေးဝေးကရှောင်ပါ။
နောက်တစ်ခုသိထားရမှာက ထူတဲ့ကာဗာတွေပါပဲ။ သူတို့တွေက ဖုန်းနဲ့ ဘက််ထရီ ကို အားသွင်းချိန်မှာ ပိုပူစေပါတယ်။ ဒါကြောင့် အားမသွင်းခင်မှာ ဖြုတ်ထားသင့်ပါတယ်။
ဖုန်း၊ laptop ဘက််ထရီ ကို သုံးလတစ်ခါလောက် သုညအထိ သုံးပစ်ဖို့ ပြောချင်ပါတယ်။ ပြီးရင်တော့ ၁၀၀% အပြည့်သွင်းထားလို်ကပါ။ ဒါက ဘက််ထရီ  သက်တမ်းကို ပိုမိုကောင်းမွန်စေပါတယ်။
အပူချိန်ထိန်းချုပ်မှု
Laptop ကို အသုံးပြုတဲ့အခါမှာ ဒူးပေါ်၊ ပေါင်ပေါ်တင်ထားတာမျိုး၊ ကုတင်ပေါ်တင်သုံးတာမျိိုးကို ရှောင်ပါ။ အပူလွန်ခြင်းကို ကာကွယ်ဖို့အတွက် အပူတွေထုတ်လွှတ်နေပါလိမ့်မယ်။ ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ဆိုရင်တော့ laptop stand တွေသုံးခြင်း၊ ပန်ကာအသုံးပြုခြင်းတွေ လုပ်နိုင်ပါတယ်။
အပူချိန်လွန်ကဲခြင်းက lithium-ion ဘတ်ထရီတွေရဲ့ အဆိုးရွားဆုံးသော ရန်သူဖြစ်ပါတယ်။ အပူချိန်ကို ခံနိုင်ရည်နည်းပါတယ်။ ဒါကြောင့် နေရောင်အောက်မှာ တိုက်ရိုက်ထားခြင်း၊ အပူထုတ်လွှတ်တဲ့အရာနားထားခြင်းများ ရှောင်သင့်ပါတယ်။
အေးနေရာကနေ အိမ်ထဲကိုဝင်လာချိန်မှာ laptopကို ချက်ချင်းမဖွင့်ပါနဲ့။ အခန်းအပူချိန်နဲ့ နေသားကျအောင် ခဏထားလိုက်ပါ။ တစ်နာရီလောက်စောင့်ခြင်းက အသေချာဆုံးပါပဲ။
စမတ်ဖုန်းကို ရာသီဥတုအေးချိန် အပြင်ဘက်မှာ မသုံးမိအောင်နေပါ။ ဖြစ်နိုင်ရင် အတွင်းအိတ်ထောင်ထဲကို ထည့်ထားပါ။ အပြင်မှာထားမယ်ဆိုရင်လည်း နွေးအောင် ကာဗာလေးနဲ့ပတ်ထားပါ။ အပူချိန်ကျခြင်းကလည်း ဘတ်ထရီကို စိုးရိမ်မှုတေါ ဖြစ်စေနိုင်ပါတယ်။
 
မော်နီတာ
Laptop ၊ ကွန်ပျူတာရဲ့ မော်နီတာကို နေရောင်တိုက်ရိုက်မထိအောင် ဂရုပြုပါ။ အချိန်ကြာကြာထိတွေ့ခြင်းက ကာလာတွေကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ပါ။
မော်နီတာကို ကိုင်တွယ်ရင် သတိထားပါ။ သူက ထိခိုက်လွယ်နို်ငဆုံး အစိတ်အပိုင်းဖြစ်နေလို့ပါပဲ။ screen ကို လက်နဲ့မထိမိပါစေနဲ့။ အမည်းကွက်တွေ အမြဲတမ်းစွဲသွားနိုင်ပါတယ်။
Screen ကို ပွတ်ချင်ရင် lint-free လေးတွေကို အသုံးပြုပါ။ ဘာပဲလုပ်လုပ် မှန်သန့်ဆေးကို အသုံးပြုခြင်းရှောင်ပါ။ သူတို့မှာက အမိုးနီးယားပါ၀င်လို့ မှန်ကိုထိခိုက်စေနိုင်ပါတယ်။
Laptop မပိတ်ခင်မှာ ကီးဘုတ်ပေါ်မှာ ဘာပစ္စည်းမှမရှိပါစေနဲ့။ ပစ္စည်းအသေးလေးဆိုရင်တောင် မျက်နှာပြင်ကို ကွဲအက်စေနိုင်ပါတယ်။

ဗို့အားအတက်အကျ

မိုးကြိုး၊ မုန်တိုင်းတိုက်တော့မယ်ဆိုုရင် ကွန်ပျူတာကို ပိတ်လိုက်ပါ။ laptop ကို ပလပ်ဖြုတ်ထားပါ။ အင်တာနက်ချိတ်ထားရင် ဖြုတ်လိုက်ပါဦး။ ဒါတွေက ဒဏ္ဍာရီလာဇာတ်လမ်းတွေ မဟုတ်ပါဘူး။ မိုးသက်မုန်တိုင်းအတွင်းမှာ လျှပ်စစ်ပစ္စည်တွေက ဆွဲငင်နိုင်စွမ်းအရမ်းကောင်းလို့ပါပဲ။ Network filter တွေက သင့်ရဲ့ပစ္စည်းတွေကို ဗို့လွန်ခြင်းမှကာကွယ်ပေးနိုင်ပေမယ့်လည်း လျှပ်စီးကိုတော့ မခံနို်င်ကြပါဘူး။ လျှပ်စီးကတော့ ဗို့အား ထောင်သောင်းချီပါတယ်။
ဗို့အားအတက်အကျရှိတဲ့နေရာမှာ နေထိုင်သူဆိုရင်တော့ အကြံတစ်ခုပေးချင်ပါတယ်။ နောက်တစ်ခါ ကွန်ပျူတာ၊ laptop ၀ယ်တော့မယ်ဆိုရင် Uninterruptible Power Supply လို့ခေါ်တဲ့ UPS လေးကိုပါ ၀ယ်ထားစေချင်ပါတယ်။ ဒါလေးက ကာကွယ်ပေးနိုင်ပါတယ်။
 
ဖုန်တွေကိုကာကွယ်ခြင်း
စမတ်ဖုန်းကို လက်ကိုင်အိတ်ရဲ့အတွင်းပိုင်းကို ထည့်ခြင်းက အပေါက်လေးတွေမှာ ဖုန်တွေနဲ့ အညစ်ကြေးတွေ ၀င်စေနိုင်ပါတယ်။ ဒါကြောင့် ချိတ်ဆက်မှုအပိုင်းမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ဖုန်းကိုပိတ်ပြီးတော့ သွားကြားထိုးတံလေးနဲ့ ဖြည်းညင်းစွာသန့်ရှင်းပါ။ lint-free အဝတ်လေးတွေကိုလည်း အသုံးပြုသင့်ပါတယ်။
လက်ကိုင်အိတ်ထဲကိုထည့်တဲ့အချိန်မှာ အပြင်ကအိတ်လေးကို အသုံးပြုစေချင်ပါတယ်။
တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ laptop ၊ ကွန်ပျူတာတွေကို အတွင်းပိုင်းက ဖုန်တွေသန့်ရှင်းပေးသင့်ပါတယ်။ cooler ကြီးက အသံဆူနေတာမျိုး၊ laptop အရမ်းပူလာတာမျိုးဆိုရင် သန့်ရှင်းဖို့လိုနေပါပြီ။
ဖြုတ်တပ်ရတာ ကိုယ်တိုင်မလုပ်ရဲဘူးဆိုရင်တော့ service center ကို ပို့လိုက်ပါ။

Follow us

Log in or create an account