5G ဆိုတာ ဘာလဲ

5G ဆိုတာ ဘာလဲ
 
5G ဆိုတာ ခေတ်စားနေပြီမို့ သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
နှေးပေမယ့် သေချာပါတယ်။ ကျွန်တော်တို့ဟာ အင်မတန်မှမြန်ဆန်တဲ့ 5G နည်းပညာဆီကို နီးသထက် နီးလာပြီဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲ။
ဒီတော့ 5G အကြောင်းကလည်း သိထားသင့်တဲ့အကြောင်းအရာတစ်ခုပဲ မဟုတ်ပါလား။

၁။ တကယ် တကယ့်ကို မြန်ဆန်ပါတယ်

ဟုတ်ပါတယ်။ ဒါကလည်း မြင်သာပါတယ်။ ဒါပေမယ့် နားလည်ထားဖို့လိုတာကတော့ 5G က လက်ရှှိ 4G LTE အမြန်နှုန်းနဲ့ယှဉ်ရင် ဘယ်လောက်ပိုမြန်မလဲ။ 5G ဟာ လက်ရှိသုံးနေတဲ့ LTE ထက်တော့  အဆပေါင်းများစွာမြန်ဆန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်မှာတပ်ထားတဲ့ broadband ထက်တော့ သိသိသာသာ မြန်ဆန်မှာပါ။
ယူအက်စ်မှာရှိတဲ့ အမြန်ဆုံး 4G download နှုန်းကတော့ 19.42 Mbps ဖြစ်ကြောင်း OpenSignal က အတည်ပြုပေးထားပါတယ်။ 5G ကတော့ GB လောက်တက်လိမ့်မယ်လို့ ပြောကြားထားပါတယ်။
Qualcomm ရဲ့ ပထမဆုံးသော 5G modem ဖြစ်တဲ့ Snapdragon X50 ကတော့ အမြန်နှုန်းကို 5gbps အထိထောက်ပံ့ပေးနိုင်ပါတယ်။ ဒါဟာ ယူအက်စ်မှာရှိတဲ့ အမြန်ဆုံး LTE ထက် ၂၅၇ ဆ ပိုမြန်ပါတယ်။ ဒါကတော့လက်ရှိ 5G modem ရဲ့ ပထမမျိုးဆက်သာ ရှိပါသေးတယ်။ နောက်မျိုးဆက်တွေမှာ မြန်ဆန်လာနိုင်ပါတယ်။

၂။ အမြန်နှုန်းတစ်ခုတည်းသာ မဟုတ်ပါဘူး

အမြန်နှုန်းတစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ 5G ဟာ မြန်ဆန်တဲ့ data connection ရှိတာ ဟုတ်ပါတယ်။ ဒါပေမယ့်လည်း ဒီထက်မကတဲ့အရာတွေ ရှိနေပါသေးတယ်။
5G ရဲ့ တစိတ်တပိုင်းအနေနဲ့ မိုဘိုင်းလ်ကွန်ရက်တွေကို များပြားတဲ့ပမာဏတွေယူဆောင်လာတာမို့ အရင်ထက်မြန်ဆန်တဲ့ data connection တွေကို အသုံးပြုနိုင်စေတာပါ။ ပွဲကြီးတစ်ခုကိုသွားပြီးတော့ တက်ရောက်တဲ့အခါမှာ လိုင်းကျသွားတာမျိုး ဖြစ်ဖူးပါသလား။ ဒါမှမဟုတ် သုံးမရအောင် လုံးဝရပ်သွားတာမျိုးပေါ့။ ဒါဟာ 4G ရဲ့ ကန့်သတ်ထားတဲ့ပမာဏကို ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပါတယ်။
5G ဟာ ပမာဏများပြားပါတယ်။ စတုရန်းကီလိုမီတာတစ်ခုအတွင်းမှာကို တစ်မီလျံလောက်အထိ အသုံးပြုနိုင်စေပါတယ်လို့ International Telecommunications Union ရဲ့ စံနှုန်းအရ သိရပါတယ်။
5G ဟာ 4G ထက်တော့ နှောင့်နှေးမှုအပိုင်းများမှာ upgrade လုပ်ထားတာ များပါတယ်။ ဒီလိုနှောင့်နှေးမှုကတော့ data တွေကူးပြောင်းဖို့အတွက် စောင့်ရချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ 5G ဟာ အလွန်တရာနှောင့်နှေးတဲ့ကွန်ရက်တွေကိုပါ ထောက်ပံ့ပေးနိုင်တာမို့ အရင်ထက်တော့ ပိုမိုဆက်သွယ်ရလွယ်ကူစေမှာပါ။

၃။ 5G က ဖုန်းတွေအတွက်ပဲ မဟုတ်ပါဘူး

ဒီအကြောင်းတွေ နားလည်ပြီဆိုရင်တော့ စမတ်ဖုန်းလုပ်ငန်းအတွက်သာမက ဘယ်နေရာတွေမှာပါ 5G ဟာ ဘာကြောင့်အရေးကြီးနေရသလဲဆိုတာ သိထားဖို့လိုပါတယ်။ ချိတ်ဆက်ထားတဲ့ device တိိုင်းအတွက် အသုံးပြုနိုင်စွမ်း ရှိလို့ပါပဲ။
ဒီနည်းပညာဟာ  မောင်းသူမဲ့ကားတွေအတွက်လည်း အရေးကြီးပါတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးကို မြန်ဆန်စွာ ချိတ်ဆက် ဆက်သွယ်နိုင်ဖို့လို်အပ်ပါတယ်။ နှောင့်နှေးမှုနည်းပါးပြီးတော့ ပမာဏများပြားခြင်းဟာ ကားတွေအတွက် ပတ်ဝန်းကျင်နဲ့ မြန်ဆန်စွာချိတ်ဆက်နိုင်တာမို့ အပြည့်အဝကို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချခွင့်ပေးနိုင်ပါတယ်။ သုံးစွဲသူနည်းပညာတွေဖြစ်တဲ့ wearables ၊ virtual reality headsets ၊ PCs နဲ့ စမတ်ဟုမ်းပစ္စည်းတွေဟာ 5G ရဲ့ကျေးဇူးနဲ့ အတော်လေးကို တိုးတက်လာနိုင်ပါတယ်။ နေ့စဉ်လုပ်ဆောင်ချက်တွေဖြစ်တဲ့ လူမှုကွန်ရက်အသုံးပြုခြင်း၊ ဗွီဒီယိုဖုန်းခေါ်ဆိုမှုသုံးခြင်းတွေကလည်း တိုးတက်ပြောင်းလဲလာနိုင်ပါတယ်။

၄။စျေးသက်သာမှာ မဟုတ်ပါဘူး

အားနည်းချက်ကတော့ မြန်ဆန်တဲ့နှုန်းထားက စျေးကြီးစေလို့ပါပဲ။ Sprint ရဲ့ စီအီးအိုဟာ 5G အတွက် အကန့်အသတ်မဲ့ data ကို $20 ကနေ 30 အထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အခြားသော carriers တွေကတော့ စျေးနှုန်းအပေါ်မှာပြောထားတာ မရှိေသေးပါဘူး။ ဒါပေမယ့် သမိုင်းကြောင်းအရတော့ စျေးနှုန်းတွေက တိုးလာတာပါ။
ဒါပေမယ့်လည်း ဒါဟာ သတင်းဆိုးတော့မဟုတ်ပါဘူး။ Qualcomm လို ကုမ္ပဏီမျိုးတွေဟာ စျေးနှုန်းအပေါ်မှာ အကောင်းမြင်ကြပါတယ်။ သူတို့အနေနဲ့ 5G စထွက်လာပြီဆိုတာနဲ့ ကိုက်ညီတဲ့ device တွေကို ထုတ်လုပ်နိုင်တော့မှာမို့လို့ပါ။ ဘယ်လောက်ကြာမလဲဆိုတာကတော့ ပြောရခက်ပါတယ်။
 
၅။ 5G ကို မရနိုင်သေးပါဘူး

မနှစ်ကတည်းက တိုးတက်မှုလေးတွေကို မြင်ရပေမယ့်လည်း လက်ရှိအသုံးပြုနေတဲ့ 4G လိုမျိုးတော့ ရနိုင်ဖို့ စောင့်ရဦးမှာပါ။ Carriers တွေနဲ့ hardware ထုတ်လုပ်သူတွေကလည်း ၂၀၁၉ အတွက် စတင်ပြင်ဆင်နေကြပါပြီ။
ဒါပေမယ့် လုပ်ငန်းအများစုသဘောတူထားတာကတော့ 5G ကို အစောဆုံးမြင်နိုင်တဲ့ ကာလကတော့ ၂၀၂၀ို့ ပြောထားပါတယ်။ 5G စတင်ထွက်လာတဲ့ကာလမှာတော့ ဘတ်ထရီအားနည်းတာ၊ မငြိမ်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။
 

Follow us

Log in or create an account