“Dual Camera နဲ့ ထွက် ရှိလာပြီ ဖြစ်တဲ့ Samsung Galaxy Note 8”

“Dual Camera နဲ့ ထွက် ရှိလာပြီ ဖြစ်တဲ့ Samsung Galaxy Note 8”

Samsung ရဲ့ အကောင်းဆုံး ထုတ်ကုန် တစ်ခုဖြစ်တဲ့ Note Series တွေထဲကမှ ထုတ်ကုန်အသစ်ဖြစ်တဲ့ Galaxy Note 8 ကို Samsung ကမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
Samsung မှာ Note series နဲ့ S Series ဟာ Company ရဲ့ အရောင်းရဆုံးနဲ့ အကောင်းဆုံး Smart Phone တွေလည်းဖြစ်ပါတယ်။


===================
Samsung Galaxy Note 8
===================
Samsung Galaxy Note 8 ကတော့ Samsung ရဲ့ ပထမဦးဆုံး Camera နှစ်လုံးပါတဲ့ မျိုးဆက်သစ်ဖုန်း သို့ Note series တစ်မျိုးပါပဲ။
Samsung Note တို့ရဲ့ ထုံးစံအတိုင်း ဘက်စုံ ကောင်းမွန်ပြည့်စုံနေမှာဖြစ်ပါတယ်။
Samsung ရဲ့ Video ကြော်ငြာအရဆိုရင်တော့
Note 8 မှာ Camera ၊ s-pen စွမ်းဆောင်ရည် ၊ ရေ ဒဏ် ဖုန်ဒဏ် ခံနိုင်မှုတွေကို များစွာ အဆင့်မြှင့်ခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
Note 8's Specification
-----------------------
#Chipset
Samsung Note 8 မှာ Chipset အနေနဲ့ ၂မျိုးခွဲပြီး ထုတ်လုပ်ထားပါတယ်။
Exynos 8895
နဲ့
Snapdragon 835 တို့ပဲဖြစ်ပါတယ်။
Exynos 8895 Octa Chipset ကိုအသုံးပြုထားတဲ့ဖုန်းတွေကတော့ - ဥရောပ ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိက နိုင်ငံတွေကို တင်သွင်းသွားမှာဖြစ်ပြီးတော့
Qualcomm MSM8998 Snapdragon 835 Chipset ကိုအသုံးပြုထားတဲ့ ဖုန်းတွေကိုတော့ အမေရိန်ကန် နိုင်ငံနဲ့ တရုတ်နိုင်ငံကို တင်သွင်းသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
#Battery - 3300mAh
ဒီလောက် ဖုန်းအကြီးကြီးက Battery ပမာဏ 3300mAh ပဲပါတယ်ဆိုတာ နည်းနည်းတော့ စဉ်းစားစရာဖြစ်နေပြန်ပါတယ်။ Note 7 မှာတောင် 3500mAh ပါဝင်ခဲ့တာဖြစ်ပါတယ်။
တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ Note 7 မှာဖြစ်ပေါ်ခဲ့တဲ့ အန္တရာယ်ကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့အတွက် လိုအပ်သလောက်သာ အသုံးပြုခဲ့တာလား ၊ ဒါမှမဟုတ် Battery အကုန်သက်သာမယ့် နည်းပညာတွေ ထောက်ပံ့ပေးနိုင်ခဲ့လို့လား... ဒီ နှစ်ချက် တွေးစရာရှိပါတယ်။
Note 8 မှာတပ်ဆင်မယ့် Battery ကိုတော့ လုံခြုံရေး အဆင့် 8 ဆင့် စစ်ဆေးပြီးမှသာ တပ်ဆင်ထားတယ်လို့လည်း သိရှိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Samsung ဟာ ဒုတိယံမိ ထပ်မမှားဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်နိုင်ပါတယ်။
Note8 ရဲ့ Battery ပေါ်မှာ လုပ်ဆောင်နိုင်မယ့် အချက်အလက်များနဲ့ ကြာချိန်များကတော့ အောက်ပါ အတိုင်းဖော်ပြထားတာကိုတွေ့မြင်ရပါတယ်။
MP3 သီချင်းနားထောင်ချိန် (AOD on): 47 နာရီ နှင့်အထက်
MP3 playback (AOD off) : 74 နာရီ နှင့် အထက်
ရုပ်ရှင်ကြည့်ရှုချိန် : 16 hrs နာရီနှင့်အထက်
ဖုန်းပြောချိန် : 22 နာရီ နှင့်အထက်
Wi-Fi အသုံးပြုချိန် : 14 နာရီနှင့်အထက်
3G အင်တာနက် အသုံးပြုချိန် : 12 နာရီနှင့်အထက်
4G အင်တာနက် အသုံးပြုချိန် : 13 hrs နာရီ နှင့်အထက် တို့ပဲဖြစ်ပါတယ်။
What is AOD?
(AOD ဆိုတာကတော့ Always On Display ကိုဆိုလိုတာဖြစ်ပါတယ်)
Black Screen ပေါ်မှာ နာရီ ပေါ်နေတာမျိုးပေါ့။- ဒါဟာ Samsung မှာ Battery အစားဆုံးအချက်တစ်ခုဖြစ်ပြီး ခုထိတော့ ဒီအချက်ကို ပြောင်းလဲ နိုင်စွမ်းမရှိသေးတာ တွေ့ရပါတယ်။ အမိုက်ဆုံးအချက် တစ်ခုဆိုလည်း မှန်ပါသေးတယ်။)
#Fast charging system
မြန်နှုန်းမြင့် အားသွင်းစနစ်ကို Cable ကြိုးဖြင့်သာမက ကြိုးမဲ့ အားသွင်းစနစ်မှာလည်း ထောက်ပံ့ပေးထားပါတယ်။ (ဘယ်နှမိနစ်မှာ အားဘယ်လောက် ဝင်တယ်ဆိုတာကတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး)
#Sensor
Iris sensor ဆိုတဲ့ မျက်လုံးဖြင့်ကြည့်ရှုပြီး Unlock ပြုလုပ်နိုင်မယ့် စနစ်ပါဝင်ပါတယ်။ ဒါဟာ Note 7 မှာကတည်းက ပါဝင်ခဲ့ပြီးသားဖြစ်ပါတယ်။
Finger print sensor ကတော့ ဖုန်းရဲ့ ကျောဘက် ကင်မရာ ဘေးမှာပါဝင်မှာဖြစ်ပါတယ်။ အခြား Sensor တွေ အနေနဲ့ကတော့
Iris sensor , Pressure sensor ,Accelerometer ,Barometer ,Fingerprint sensor ,Gyro sensor , Geomagnetic sensor , Hall sensor ,HR sensor ,Proximity sensor ,RGB light sensor တို့ပါဝင်မှာဖြစ်ပါတယ်။
#OS
Android Version 7.1.1(Nougat) ကိုအခြေခံထားပါတယ်။
#Memory- Storage & RAM
Internal Memory 3 မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
64/128/256GB အသီးသီး ဖြစ်ပြီး RAM ကတော့ 6GB(LPDDR4) အမျိုးအစားဖြစ်ပါတယ်။ Memory ကဒ် ထပ်မံ ဆိုဒ်သွင်းလို့ရဦးမှာလဲဖြစ်ပါတယ်။
#အကြမ်းခံနိုင်မှု
ရေဒဏ် ဖုန်ဒဏ်တွေကို ခံနိုင်နှုန်း standard ကတော့ IP 68 အဆင့်ရှိပါတယ် လက်ရှိမှာအကောင်းဆုံး စံနှုန်းတစ်ခုလို့ဆိုရမှာပါ။
#Camera
12MP အသီးသီးပါဝင်တဲ့ Telephoto camera နဲ့ Wide-angle camera တို့ကို Dual Camera အဖြစ်ပေါင်းစပ်ပေးထားပြီး အလွန်တိကျ ပြတ်သားကောင်းမွန်တဲ့ ရုပ်ထွက် ပုံရိပ်တွေ မှတ်တမ်းတင်ပေးနိုင်မယ်လို့ဆိုပါတယ်။ portrait photography ပိုင်းမှာလည်း ဆရာတစ်ဆူတောင် ဖြစ်လာနိုင်တယ်လို့ဆိုပြန်ပါတယ်။
2xOptical zoom + dual OIS စနစ်ပါဝင်ပါတယ်။
Camer တစ်လုံးချင်းစီရဲ့ လုပ်နိုင်စွမ်းတွေကတော့ အောက်ပါ အတိုင်းတွေ့မြင်ရပါတယ်။
Telephoto camera
-----------------------
Resoultion: 12MP AF
Pixel size: 1.0µm
Sensor size: 1/3.6"
Sensor ratio: 4:3
FOV: 45°
F.No (aperture): F2.4
Wide-angle camera
-------------------------
Resolution: Dual pixel 12MP AF
Pixel size: 1.4µm
Sensor size: 1/2.55"
Sensor ratio: 4:3
FOV: 77°
F.No (aperture): F1.7
Pro mode
Panorama
Slow motion
Hyperlapse
Food mode
Save as RAW file
ရှေ့ဘက် Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။
Video ကိုတော့ 4K Resolution ဖြင့် Record လုပ်နိုင်မှာဖြစ်ပါတယ်။
#S Pen
S Pen ဟာလည်း IP68 နည်းပညာကို အသုံးပြုထားတာဖြစ်လို့ Note 8 နည်းတူ အကြမ်းအရမ်း ခံနိုင်ဦးမှာပဲဖြစ်ပါတယ်။
အခြား လုပ်ဆောင်နိုင်တဲ့ S Pen ရဲ့ စွမ်းဆောင်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Live message
Samsung Notes
Screen off memo
Smart select
Screen write
Translate
Bixby Vision
Glance
Magnify
#Display
Note 8 ရဲ့ မျက်နှာပြင်အကျယ်ကတော့
6.3 လက်မ အကျယ်ရှိပြီး Quad HD ရုပ်ထွက် ဖြစ်တာကြောင့် အကောင်းဆုံး ရုပ်ထွက် Display ကို ခံစားရဦးမှာဖြစ်ပါတယ်။Samsung ရဲ့ ထုံးစံအတိုင်းပါပဲ Super AMOLED Display ဖြစ်တာကြောင့် ရုပ်ထွက်ဟာ ကြည့်ရှုရသူအတွက် ကြည်လင်တောက်ပနေပြီး စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်မယ့်Display ပါပဲ။(2960 x 1440)Pixel 521 ppi Density ဖြစ်ပါတယ်။
#Color
Note 8 ကို အရောင် ၄ မျိုးနဲ့ ထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်။
Midnight Black
Deepsea Blue
Orchid Gray နဲ့
Maple Gold color တို့ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Fan edition တွေဘာတွေ ထွက်ရင်ထွက်လာဦးမှာပေါ့လေ.... ဘယ်အရောင်လေးကြိုက်ကြလဲဗျ.....
#ဈေးနှုန်း
ဈေးနှုန်းကတော့ မြန်မာငွေ ၁၂ သိန်းဝင်းကျင်ခန့်ဖြစ်မယ်လို့ ခန့်မှန်းရပြီး
Memory နဲ့ အရောင်အလိုက် ကွာခြား သွားနိုင်ဦးမှာဖြစ်ပါတယ်။
ဒီလောက်စာအရှည်ကြီးကို စိတ်ရှည်စွာဖတ်ပေးတဲ့ လူကြီးမင်းဖုန်းဆိုင် ရဲ့ မိတ်ဆွေ Customer များကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ယခုဖော်ပြထားတာကတော့ Note 8 ရဲ့ Specification review လေးပဲဖြစ်ပါတယ်။
အားလုံးပဲ Galaxy Note 8 ပိုင်ဆိုင်နိုင်ကြပါစေ :P :P :)
#lugyimin #SamsungGalaxyNote8
Photo Credit android authority,samsung

Follow us

Log in or create an account