“တတိယမြောက် RAM 8 GB နဲ့ ထွက်ရှိလာမယ့် စမတ်ဖုန်းမော်ဒယ်သစ်”

“တတိယမြောက် RAM 8 GB နဲ့ ထွက်ရှိလာမယ့် စမတ်ဖုန်းမော်ဒယ်သစ်”

ZTE NUBIA Z17 နဲ့ ASUS AR ZS571KL တို့လို RAM 8 GB နဲ့ ထွက်ရှိလာမယ့် စမတ်ဖုန်းမော်ဒယ်လည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းပိုင်းကလည်း iPhone 7Plus နဲ့တောင် အနည်းငယ် စင်တူနေပါတယ်။ RAM 8 GB နဲ့ အလယ်လတ်တန်းစား ဈေးနှုန်းနဲ့ဆိုတော့ ရွေးချယ်စရာ စမတ်ဖုန်းတစ်လုံးအဖြစ် ဖြစ်လာအုံးမှာပါ။


RAM 8GB နဲ့ iPhone ဒီဇိုင်းလိုမျိုး ထွက်ရှိလာတော့မယ် စမတ်ဖုန်းကတော့ OnePlus 5 ပဲ ဖြစ်ပါတယ်။ OnePlus 5 ကို ယခုလ ဇွန် (၂၀) ရက်နေ့မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ မကြာခင်မှာ ထွက်ရှိလာတော့မယ့် OnePlus 5 ရဲ့ အရိပ်အမြွက် သတင်းအချက်အလက်တွေကလည်း ထွက်ရှိလို့နေပါတယ်။
OnePlus 5 မှာ ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားက ၅.၅လက်မရှိမှာ ဖြစ်ပြီး Quad HD Display ကို တပ်ဆင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ထွက်အနေနဲ့လည်း 1400 x 2560 Pixels ရှိတဲ့ Resolution ကို ရရှိမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ SOC ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 835 ကို တပ်ဆင်ထားမှာဖြစ်ပြီး 2.45 GHz octa-core processor နဲ့ တွဲဖက်မောင်းနှင်ပေးသွားမယ်လို့လည်း သိရပါတယ်။
ကင်မရာပိုင်းမှာလည်း Selfie ကင်မရာ 16MP ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားမှာဖြစ်ပြီး ကျောဘက်ကလည်း 23MP အထိ တပ်ဆင်ထားမယ်လို့လည်း သိရပါတယ်။ မှတ်ဉာဏ်သိုလှောင်နိုင်စွမ်းကတော့ 64GB အထိ ပါဝင်မှာ ဖြစ်ပါတယ်။ GSM အမျိုးအစားဖြစ်ပြီး Dual SIM နဲ့ ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။ Android Nougat 7.1 version နဲ့ ထွက်ရှိလာမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ OnePlus 5 မှာ အသုံးပြုပေးထားမယ့် ဘက်ထရီကတော့ 4000mAh ရှိတဲ့ ဘက်ထရီပဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အချက်အလက်များကတော့ OnePlus 5 နဲ့ ပတ်သက်ပြီး ထွက်ရှိနေတဲ့ သတင်းအချက်အလက်များဖြစ်ပါတယ်။ ယခုလလယ်မှာတော့ OnePlus 5 ကို မြန်မာငွေ ခန့်မှန်းဈေးနှုန်း (၆)သိန်းကျော်နဲ့ မိတ်ဆက်ပေးတော့မှာကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတော့တယ်။

Follow us

Log in or create an account