အွန်လိုင်းပေါ်က သင့်ရဲ့ဒီဂျစ်တယ်ပုံတွေ ကို ကာကွယ်ပေးမယ့် နည်းလမ်းပေါင်းချုပ်

အွန်လိုင်းပေါ်ကသင့်ရဲ့ဒီဂျစ်တယ်ပုံတွေကို ကာကွယ်ပေးမယ့် နည်းလမ်းပေါင်းချုပ်
 
အင်တာနက်ခေတ်ကိုရောက်တာတဲ့အချိန်မှာ ဓါတ်ပုံဆရာတွေရဲ့ talent ကိုပြသနိုင်တဲ့ ရွှေရောင် platform ဖြစ်နေပေမယ့်လည်း အထိခိုက်လွယ်ဆုံး platformလို့လည်း ပြောနိုင်ပါတယ်။ အဲဒီနေရာမှာပဲ သူတို့ရဲ့အနုပညာတွေကို ခိုးယူသွားလို့ရနေတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် သင့်ရဲ့ပုံအတွက် မူပိုင်ခွင့်ရှိမယ်ဆိုရင်တော့ မူပိုင်ခွင့်ချိုးဖောက်ခြင်းက တရားမဝင်တော့ပါဘူး။ ဒါပေမယ့် ရှည်လျားလှတဲ့ တရားခွင်က အဆင်မပြေလှပါဘူး။ ဒါကြောင့်လည်း အွန်လိုင်းပေါ်မှာ အနုပညာတွေကို ချပြနေတဲ့သူတွေကို သူခိုးတွေက ခြိမ်းခြောက်နိုင်နေကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
 
၁။ အဆင့်မြင့် ဘားကုဒ်များကိုအသုံးပြုခြင်း
Digimarc ကတော့ မမြင်နိုင်တဲ့ ဘားကုဒ်တွေကို သင့်ရဲ့ပုံလေးတွေအတွင်းကို ထည့်သွင်းပေးပါတယ်။ ဒါလေးကတော့ ပုံမှာ လက်ဗွေရာထည့်လိုက်သမျိုး လုပ်ဆောင်ပေးနိုင်ပါတယ်။ လမ်းကြောင်းလိုက်လို့လွယ်တာပေါ့။ ပန်းချီကားနဲ့ ဓါတ်ပုံရဲ့ ကွာခြားချက်တစ်ခုကတော့ ဓါတ်ပုံက softcopy ဖြစ်လို့ ကြိုက်တဲ့သူက ဒေါင်းလုတ်ဆွဲပြီးတော့ ယူသုံးနိုင်ပါတယ်။ ဒီနည်းပညာကိုအသုံးပြုပြီးတော့ ပိုင်ရှင်က သင်ဖြစ်ကြောင်းကို ပြသနို်င်ပါတယ်။
 
၂။ ရေစာထည့်ခြင်း
ဒီအချက်ကတော့ သူခိုးကိုအလွယ်တကူဟန့်တားနိုင်တဲ့အချက်ပါပဲ။ စာသား၊ လိုဂိုလေးတွေကို ထောင့်နားလေးမှာ ထည့်လိုက်ပါ။ ဒီနည်းလမ်းက သင်ပိုင်ဆိုင်ကြောင်း ပြသနိုင်တဲ့အပြင် သူခိုးတွေကိုလည်း တွန့်ဆုတ်သွားစေပါတယ်။ Photoshop ၊ Adobe Lightroom ကို အသုံးပြုပြီးတော့ အွန်လိုင်းပေါ်မှာမတင်ခင် ရေစာထည့်နိုင်ပါတယ်။
 
၃။ Resolution နည်းတဲ့ပုံရိပ်များတင်ခြင်း
Resolution ကောင်းလေလေ အန္တရာယ်များလေလေပါပဲ။ thumbnail လောက်လေးကိုအသုံးပြုခြင်းသာမက သာမန်တင်ခြင်းအတွက်လည်း နည်းဗျူဟာတွေချမှတ်ထားသင့်ပါတယ်။ resolution နည်းတဲ့ပုံတစ်ခုအဖြစ် ပွားထားခြင်းက သင့်ကိုအွန်လိုင်းမှာပြသခြင်းအတွက် စိတ်အေးအေးရှိစေမှာပါ။ 1600px အထိလောက်သာထားလိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဘာကြောင့်လဲဆိုတော့ print ထုတ်လိုက်ချိန်မှာ ရလဒ်ကောင်းကောင်းမထွက်စေလို့ပါပဲ။
 
၄။ Right Click လုပ်ခွင့်မပေးခြင်း
ပုံကို တိုက်ရိုက်ဒေါင်းလုတ်လုပ်ခွင့်မပေးခြင်းကလည်း သူခိုးတွေရန်ကနေ အတော်အတန်သက်သာစေပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်းသုံးစွဲသူတွေကတော့ ဒါကို မမှုပါဘူး။ ပုံကို ၀က်ဘ်ဆိုက်မှာတင်လိုက်မယ်ဆိုရင်တော့ right click ကို ပိတ်ထားသင့်ပါတယ်။ ဒါက “save as” option ကို ဟန့်တားထားလို့ ပါမသွားနိုင်တော့ပါဘူး။
 
၅။ CSS ထဲမှာမြှုပ်ထားခြင်း
သင့်ရဲ့ဝက်ဘ်ဆိုက်မှာတင်ချင်တယ်ဆိုရင်တော့ CSS ထဲမှာ မြှုပ်တင်လိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ အဲဒီနေရာမှာဆိုရင်တော့ တကယ့်ကြည်လင်ပြတ်သားတဲ့ပုံတွေကို တင်နိုင်မှာပါ။ ပုံကိုကူးချင်တဲ့သူတွေ ကြိုးစားကြည့်လည်း ဗလာလေးထောင့်ကြီးပဲ ရသွားမှာပါ။
 
၆။ Tiling
ဒီနည်းလမ်းကတော့ အချိန်အကုန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပုံလေးတွေကို အသေးလေးတွေအဖြစ်ပိုင်းရမှာဖြစ်ပါတယ်။ ပုံတိုင်းကိုUpload တင်ပေးရမှာဖြစ်ပြီးတော့ အွန်လိုင်းမှာ စီလို့ရနိုင်ပါတယ်။ ခိုးယူဖို့ အလွန်ခက်ခဲသွားနိုင်ပြီးတော့ သူခိုးတွေအနေနဲ့ အချိန်အတော်ကြာအောင် ကြိုးစားရမယ်ဆိုတာကို သူတို့သတိပြုမိသွားစေနိုင်ပါတယ်။
 
၇။  metadata အသုံးပြုခြင်း
နှိပ်လိုက်တဲ့အချိန်မှာ ရိုက်ထားတဲ့နေ့ရက်၊ shutter speed ၊ ရိုက်ကူးသူအမည် စတာတွေထည့်သွင်းထားခြင်းကို metadata လို့ ခေါ်ပါတယ်။ ကင်မရာရဲ့ metadata ကို အသုံးပြုနိုင်သလို Photoshop မှာလည်း လုပ်နိုင်ပါတယ်။ File > Image Info ကို သွားလိုက်ပါ။ description tab ကို နှိပ်ပြီးတော့ Author section မှာ သင့်နာမည်ရိုက်လိုက်ပါ။ Copyright ကိုလည်း ဖွင့်ပေးလိုက်ပါ။
 
၈။ reminder tag အသုံးပြုခြင်း
တခါတရံမှာ အွန်လိုင်းပုံသူခိုုးတွေမှာ ရည်ရွယ်ချက်မရှိဘဲ ဖြစ်သွားတတ်တယ်။ ၀က်ဘ်ဆိုက်ကနေ ပုံလေးယူသုံးခြင်းဟာ တရားမဝင်ဘူးဆိုတာကို သူတို့သတိမထားမိလိုက်ကြဘူး။ ရေစာထည့်ထားခြင်းက အလွယ်တကူဒေါင်းလုတ်ဆွဲခြင်းကို ဟန့်တားနိုင်ပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်မရဘဲ ဒေါင်းလုတ်ဆွဲခြင်းကလည်း တရားမဝင်ဘူူးဆိုတာမျိုး ပြောပြထားသင့်ပါတယ်။
 
၉။ Copyright တင်ခြင်း
ယူအက်စ်မှာတော့ copyright တင်ရတာလွယ်ကူပါတယ်။ အွန်လိုင်းကနေတောင် တင်လို့ရနိုင်ပါတယ်။ published နဲ့ non published image တွေကို ခွဲခြားပေးရမှာပါ။ အွန်လိုင်းမှာ တင်ပြီးသားတွေဆိုရင်တော့ copyright ကျဖို့ သုံးလစောင့်ရပါတယ်။ ဒီတော့ သူတို့ရဲ့ပုံတွေအတွက် စိတ်ချလက်ချနေလို့ရပြီပေါ့။
 
၁၀။ ပုံတွေကိုချုံ့ခြင်း
ပုံကို ဒါမှမဟုတ် collection တွေကို မတင်ခင်မှာ ပုံတွေကို ချံု့လိုက်ပါ။ quality ၊ resolution ၊ dimension တွေအားလုံးပေါ့။ ဒီလိုလုပ်ခြင်းက ဒေါင်းလုတ်ဆွဲပြီးတော့ အသုံးပြုဖို့အတွက် အဆင်မပြေဖြစ်သွားစေနိုင်ပါတယ်။ Photoshop editing tool ကို အသုံးပြုပြီးတော့ အလွယ်တကူလုပ်နိုင်ပါတယ်။ File menu ထဲက Export ကို သွားလိုက်ပါ။ “Save for Web” ကို နှိပ်လိုက်တာနဲ့ 60% JPEG image file အထိ ရွေးပေးနိုင်ပါတယ်။ Lightroom ဆိုရင်တော့ 250kb အထိ ချံု့နိုင်တာမို့ အဆင်ပြေပါတယ်။ ကြည့်ရတာတော့ လှနေဆဲပါပဲ။
 
အွန်လိုင်းပေါ်မှာ ပုံတင်ရခြင်းက အတော်လေး စွန့်စားရတဲ့အလုပ်တစ်ခုပါပဲ။ သူခိုးတွေဆိုတာ နေရာတိုင်းမှာရှိနေတာမလား။ copyright ရှိတယ်ဆိုပေမယ့်လည်း အပေါ်မှာပြထားတဲ့နည်းလမ်းလေးတွေက လွယ်ကူပြီးတော့ အချိန်ကုန်သက်သာစေနိုင်ပါတယ်။ ဖြစ်ပြီးမှ တရားစွဲတာထက် မဖြစ်အောင်ကာကွယ်လိုက်တာက ပိုကောင်းမယ်လို့ ကျွန်တော်ကတော့ ယုံကြည်မိပါတယ်။

Follow us

Log in or create an account