အလွန်အသုံးဝင်သော စမတ်ဖုန်းလျှို့ဝှက်feature များ

အလွန်အသုံးဝင်သော စမတ်ဖုန်းလျှို့ဝှက်feature များ
 
လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းက အလုပ်၁၀ခုလုပ်ချင်ရင် ပစ္စည်း၁၀မျိုး ရှိရတယ်။ အခုဆို စမတ်ဖုန်းတစ်လုံးရှိခြင်းက ဖုန်းခေါ်၊ စာပို့၊ တီဗွီကြည့်၊ သတင်းဖတ်၊ ငွေပေးငွေယူတွေ လုပ်နိုင်နေပါပြီ။ ဒီထက်တောင် ပိုလုပ်လို့ရတယ်။
အဲဒီလိုအများကြီးလုပ်ဆောင်နိုင်တဲ့အထဲကမှ မသိကြသေးတဲ့ feature လေးတွေလည်းဖြစ်၊ နေ့စဉ်အသုံးပြုမှုအတွက် လိုအပ်တဲ့ feature လေးတွေကို စုစည်းပေးထားပါတယ်။
 
၁။ Monochrome mode
ဘတ်ထရီနဲ့ မျက်လုံးကို ကာကွယ်ချင်ပါသလား။ စာဖတ်နေချိန်မှာ monochrome mode ကို အသုံးပြုကြည့်လိုက်ပါလား။ developer’s menu ကို သွားလိုက်ပါ။ simulate anomaly" ကို ရှာလိုက်ပါ။ ကျွန်တော့ S7 edge မှာတော့ color space ဆိုတာလေးပဲ ပါ၀င်ပါတယ်။ ရွေးစရာပိုများတာပေါ့။ အဲဒီအထဲက monochrome mode ကို ရွေးချယ်ပေးလိုက်ရင် ရပါပြီ။ သင့်ရဲ့ဖုန်းလေးက ဖြူမည်းဖြစ်သွားပါပြီ။ ဗွီဒီယိုတွေကိုလည်း ဖြူမည်းပုံစံနဲ့ဆိုတော့ ကျွန်တော်ကတော့ အရမ်းသဘောကျမိတယ်။
ဒီဆယ်ချက်ထဲက သင့်အကြိုက်ဆုံးတစ်ခုက ဘယ်ဟာဖြစ်မလဲ။ ကျွန်တော်ကတော့ နောက်ဆုံးတစ်ခုကို အကြွေဆုံးပါပဲ။

၂။ စိတ်ဝင်စားဖွယ် အကြောင်းအရာများ
သင်ဟာ စမတ်ဖုန်းစွဲလမ်းနေသူလို့ မိသားစုတွေ သတ်မှတ်တာခံနေရပြီလား။ သင်ဘယ်လောက်တောင် စွဲလမ်းနေပြီလဲဆိုတာကို စစ်ဆေးဖို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို စစ်လိုက်ရအောင်။
iOS မှာတော့ “Settings“ — ”Battery" ကို သွားပြီးတော့ “last 7 days” ကို နှိပ်လိုက်ပါ။ အသုံးအများဆုံး app တွေ ကျလာပါလိမ့်မယ်။ Android အတွက်ကတော့ Instant လိုမျိုး app တွေလိုအပ်ပါတယ်။
 
၃။ စမတ်ဖုန်းကို construction အတွက်အသုံးပြုနည်း
စမတ်ဖုန်းတိုင်းမှာ accelerometer နဲ့ gyro sensor တွေရှိတယ်။ အဲဒီဟာတွေက ဖုန်းရဲ့တည်နေမှုကို သိနိုင်တယ်။ Android နဲ့ iOS အတွက် ထုတ်ထားတဲ့ app တွေကိုဒေါင်းလုတ်ဆွဲပြီးတော့ ရေချိန်ကိုက်နိုင်ပါတယ်။ construction အသေးစားလေးတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ပရော်ဖက်ရှင်နယ်လုပ်ငန်းတွေအတွက်တော့ မသုံးစေချင်ပါဘူး။
 
၄။ UV light
UV light ကတော့ အလွန်အသုံးဝင်ပါတယ်။ banknote တွေကိုလည်း စစ်ဆေးကြည့်လို့ရပါတယ်။ DIY လုပ်ဖို့အတွက်တော့ တိပ်၊ မာကာလိုပါတယ်။ ဟုတ်တာပေါ့။ စမတ်ဖုန်းကတော့ မရှိမဖြစ်ပဲနော်။
တိပ်လေးကို flashlight ပေါ်ကိုကပ်လိုက်ပြီးတော့ မာကာအပြာနဲ့ ခြယ်သလိုက်ပါ။ ပြီးရင်တော့ တိပ်ကပ်ပြီးတော့ ခရမ်းရောင်ခြယ်သလိုက်ပါ။ နောက်ထပ်နှစ်ထပ်လောက်လုပ်လိုက်ပါဦး။ ပြီးပါပြီ။

၅။ magic menu ကို အသုံးပြုနည်း
စမတ်ဖုန်းကို စိတ်ဝင်စားပြီးတော့ တစ်ချိန်လုံးအသုံးပြုနေမယ်ဆိုရင်တော့ settings ကို ပရိုဆန်ဆန်ပြောင်းချင်မှာပါ။ Developer Menu မှာ လုပ်လို့ရပါတယ်။
ပထမဆုံး “Settings“ — ”About the phone“ — “Model Number” ကို ရကြိမ်နှိပ်လိုက်ပါ။
ဂုဏ်ယူပါတယ်။ သင်က developer တစ်ယောက်ဖြစ်သွားပါပြီ။ ဒီ menu လေးကို အသုံးပြုပြီးတော့ performance ကောင်းကောင်းတွေ၊ system appearance တွေကို ကလိနိုင်ပါပြီ။
 
၆။ Dash cam
သင့်ရဲ့စမတ်ဖုန်းကို ကားအတွက် DVR အဖြစ်သုံးလို့ရပါတယ်။ လိုအပ်တာကတော့ special DVR app တွေ သွင်းဖို့ပါပဲ။
ကားထဲမှာ တကယ့် DVR အသုံးပြုခြင်းကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ခရီးထွက်ဖို့အတွက် ငှားထားတဲ့ကားမှာသုံးချင်တယ်ဆိုရင်တော့ DIY dash cam လေးက အသုံးဝင်မှာပါ။
 
၇။ ဖုန်းကို CCTV အဖြစ်အသုံးပြုနည်း
အိမ်မှာ မသုံးတော့တဲ့ စမတ်ဖုန်းတွေကို အသုံးဝင်အောင်လုုပ်လို့ရပါတယ်။ motion sensor function ပါ၀င်တဲ့ app တစ်ခုက သင့်ရဲ့ဖုန်းကို CCTV အဖြစ်ပြောင်းနိုင်စေပြီးတော့ မြင်ကွင်းထဲဝင်လာတာနဲ့ ဓါတ်ပုံတွေ ရိုက်ပေးထားမှာပါ။ သင့်ဆီကိုလည်း ဓါတ်ပုံတွေ ပို့ပေးနိုင်ပါတယ်။
စမတ်ဖုန်းကိုအသုံးပြုပြီးတော့ သင့်ရဲ့ကလေးကို စောင့်ကြည့်တာမျိုးတွေ လုပ်ဆောင်နိုင်ပြီပေါ့။ ဒါပေမယ့်လည်း သီးသန့်ထုတ််ထားတဲ့ပစ္စည်းတွေကသာ လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
 
၈။ မမ်မိုရီစားသက်သာစေအောင်လုုပ်နည်း
ခဏလေးဆိုသလို မမ်မိုရီတွေ ပြည့်သွားတယ်ဟုတ်။ ဒါဆိုရင်တော့ flash memory card ၊ Dropbox လိုမျိုးသုံးပါ။ မဟုတ်ရင်လည်း ကွန်ပျူတာမှာ သိမ်းထားလိုက်ပါ။ ခဏနေပါဦး။ နောက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ Telegram Messenger မှာ တင်ထားလိုက်ပါ။
Telegram ဆိုတာကတော့ သင့်ကိုဖိုင်တွေ၊ စာသားတွေနဲ့လင့်တွေကို သင့်ကိုယ်သင် ပေးပို့နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ဒါကြောင့် notepad အဖြစ်သာမက cloud storage အဖြစ်နဲ့ပါ အသုံးပြုနိုင်ပါတယ်။ နံပါတ်ကိုရှာပြီးတော့ သုံးနိုင်ပါပြီ။
 
၉။ Smartphone return option
တကယ်လို့အပေါ်တစ်ခုနဲ့တင် မလုံလောက်သေးဘူးဆိုရင်တော့ anti-theft app တစ်ခုကို အသုံးပြုရမှာပါ။ Cerberus ကတော့ ဓါတ်ပုံတွေရိုက်ပေးထားနိုင်တယ်။ မိုက်ဖွင့်ထားနိုင်ခြင်း၊ ဖုန်းကို ဘလော့လုပ်ခြင်း၊ အချက်အလက်တွေဖျက်ဆီးခြင်း၊ GPS နဲ့ ထောက်လှမ်းနိုင်ခြင်း၊ ဘေးနားကလူတွေကြားအောင် အချက်ပြစနစ်ကျယ်ကျယ်ဖွင့်နိုင်ခြင်းတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။
 
၁၀။ Lock screen message
သင့်ဖုန်းပျောက်သွားပါပြီတဲ့။ screenကြီးကလည်း key တွေနဲ့ ပိတ်မိနေတယ်။ သင်တစ်ယောက်တည်းပဲ သိနိုင်တဲ့ key တွေထားထားတယ်မလား။ တစ်ယောက်ယောက်က တွေ့တယ်ထားဦး။ ပြန်ပေးချင်စိတ်ရှိတောင် ဘယ်လိုလုပ်ပေးရမလဲ။ ဒါကြောင့် Android ဗားရှင်းအသစ်တွေမှာ ပါ၀င်တဲ့ feature လေးကို အသုံးပြုလိုက်ပါ။ ဥပမာ ဘယ်ကိုပြန်ပို့ပေးပါ။ ဖုန်းဆက်ပေးပါပေါ့။
လုပ်ဆောင်ရမယ့်နည်းလမ်းကတော့ “Settings“ — ”Lock screen and security“ — “Lock screen signature” ကို သွားရမှာပါ။ ပြီးရင်တော့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကို ရေး၊ အီးမေးလ်ရေးချင်ရေး။ ပြီးပါပြီ။

Follow us

Log in or create an account