သင်မသိသေးတဲ့ တစ်ပတ်အတွင်း မိုဘိုင်းလ် သတင်းများ

သင်မသိသေးတဲ့ တစ်ပတ်အတွင်း မိုဘိုင်းလ် သတင်းများ

Under Display Fingerprint ပါဝင်တော့မယ့် Samsung

Under Display Fingerprint နည်းပညာကို Samsung က ၂၀၁၇ ခုနှစ် သူရဲ့ Note 8 နဲ့ S8 တို့မှာ ထည့်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေတဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒီနည်းပညာကို Samsung တစ်ခုတည်း ကြိုးပမ်းခဲ့တာတော့ မဟုတ်ပါဘူး။ Apple ကလည်း iPhone X မှာ ထည့်သွင်းဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ Samsung ကတော့ လာမည့်နှစ်မှာ အသစ်ထွက်ရှိလာအုံးမယ့် Samsung Galaxy Note 9 မှာ Under Display Fingerprint စနစ်ကို ထည့်သွင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေရဲ့ Fingerprint ကို Home Bottom နဲ့ ကျောဘက်တွေမှာ တွေ့မြင်ရဖို့ နည်းသွားတော့မှာ ဖြစ်တယ်လို့လည်း ယူဆရပါတော့တယ်။
Google ရဲ့ စမတ်ဖုန်း မော်ဒယ်သစ်များ
Google ဟာ Pixel ဖုန်းအသစ် ထုတ်လုပ်ပြီး တစ်နှစ်အကြာမှာတော့ ဒုတိယမျိုးဆက်သစ်ကို ထပ်မံ ထုတ်လုပ် ပြသခဲ့ပါတယ်။ ဒုတိယမျိုးဆက်ကိုတော့ မော်ဒယ် နှစ်မျိုးနဲ့ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ Pixel 2 နဲ့ Pixel 2XL ပဲ ဖြစ်ပါတယ်။ Dual Camera ခေတ်ထဲမှာ Single Camera အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသသွားခဲ့တဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့လည်း ဒေါ်လာ 850 ရှိတယ်လို့လည်း သိရပါတယ်။
နူတ်ဆက် လမ်းခွဲသွားပြီ ဖြစ်တဲ့ Windows Phone
Windows Phone လုံးဝ အဆုံးသတ်သွားပြီလို့ Microsoft မှ အတည်ပြု ပြောကြားလိုက်ပါတယ်။ Windows Phone 8.1 အဆုံးသတ်ခဲ့ပြီးနောက် Windows 10 မှာလည်း တဖြည်ဖြည်း အနားပေး ရပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Feature အသစ်များနဲ့ Hardware အသစ်များကို ထပ်မံ မိတ်ဆက် ပေးသွားတော့ရန် မရှိဟု Microsoft ရဲ့ လက်ထောက် ဥက္ကဌနဲ့ Mobile OS တာဝန်ရှိသူမှ ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အခက်အခဲတွေကတော့ Microsoft နဲ့ ပူးပေါင်းသွားမယ့် Developer ရှာမရခြင်းနဲ့ သုံးစွဲသူ ပမာဏ နည်းပါးခြင်းကြောင့်လို့ သိရပါတယ်။ Windows Phone ရဲ့ ဈေးကွက်ဝေစုကလည်း 0.1% ထက်လည်း နိမ့်ကျခဲ့ကြောင်းလည်း သိရပါတယ်။

iOS User တွေကတော့ Emoji အသစ်တွေနဲ့ လန်းရတော့မည်
iOS User များအနေနဲ့ iOS 11.1 မှာ Emoji အသစ်တွေ ရာပေါင်းများစွာ ပါဝင်လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ iOS 11.1 ကတော့ စမ်းသပ်ကာလတွင်သာ ရှိပါတယ်။ Apple ရဲ့ တရားဝင်ဖော်ပြချက်အရ iOS 11.1 မှာ Emoji အသစ်တွေ အမြောက်အများ ပါဝင်လာမှာ ဖြစ်ပြီး User အကြိုက် emoji တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ သတင်းအရ iOS 11.1 ကိုတော့ လက်ရှိ iOS 11 လောက် များများစားစား ဖြန့်ချိ အသုံးပြုခွင့် ပေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။


သိပြီးပြီလား Viber မှာ ဘစိုင်း ရှိနေပြီဆိုတာ..
နူတ်ခမ်းနီမလေးတွေ အသည်းစွဲ ကွီးဘစိုင်းရဲ့ နေ့စဉ်သုံး ဗန်းစကားတွေကို အသုံးပြုထားတဲ့ စတစ်ကာများကို Viber မှာ Download ရယူပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ စတစ်ကာ 24 ခု ရှိပြီး နှစ်သက်ရာကို ရွေးချယ်ပေးပို့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ “မင်းလေးက Hot တယ်” “ဝိတ်မချပါနဲ့ အချစ်” အစရှိတဲ့ ရေလည်လန်းတဲ့ ဗန်းစကားစတစ်ကာတွေ ပါဝင်တာမို့ ကွီးဘစိုင်း ပရိတ်သတ်ကြီးလည်း နှစ်သက်စေမှာ ဖြစ်ပါတယ်။

Follow us

Log in or create an account