သင့်ဖုန်းက ရာဇဝတ်ကောင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေသလားဆိုတာ စစ်နိုင်တဲ့ ကုဒ်များ

သင့်ဖုန်းက ရာဇဝတ်ကောင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေသလားဆိုတာ စစ်နိုင်တဲ့ ကုဒ်များ

လုံခြုံစိတ်ချရမှုက ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်သင့်ပါတယ်။ ကုဒ်လေးနည်းနည်းလောက််ရိုက်လိုက်တာနဲ့ ဖုန်းရဲ့ settings အကြောင်းပိုသိရှိနိုင်ပြီးတော့ သင့်ရဲ့မက်ဆေ့ချ်နဲ့ သတင်းအချက်အလက်တွေက ကာကွယ်ထားရဲ့လား၊ ထောက်လှမ်းခံနေရပြီလားဆိုတာကို ကြည့်နိုင်ပတယ်။
ဒါကြောင့် စမတ်ဖုန်းအတွက်အသုံးဝင်တဲ့ ကုဒ်တွေကို ဆောင်းပါးတစ်ခုတည်းမှာ စုစည်းပေးထားပါတယ်။ ဒါကြောင့် သင်စိတ်ပူနေတဲ့အကြောင်းက တကယ်ပဲဟုတ်ရဲ့လားဆိုတာကို စစ်ဆေးကြည့်လိုက်ပါ။
 
 
*#21#
ဒီကုဒ်ကတော့ သင့်ရဲ့ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ချ်နဲ့ အခြားသောအချက်အလက်တွေက တခြားကိုရောက်နေသလား စစ်ကြည့်နိုင်ပါတယ်။ အမျိုးအစားအလိုက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ ကိုယ့်ရဲ့ချစ်သူ၊ မိသားစုဝင်တစ်ယောက်ကနေပြီးတော့ လုပ်ဆောင်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေက ဒီလုပ်ဆောင်ချက်ရဲ့ သားကောင်ဖြစ်လာနိုင်ပြီးတော့ သူစိမ်းတစ်ယောက်က ဖုန်းခဏလောက်ဆိုပြီး တောင်းလိုက်ကာ ကုဒ်တွေထည့်သွားနိုင်ပါတယ်။ လုပ်ထားတယ်ဆိုရင်တော့ သူတို့နေထိုင်တဲ့နေရာ၊ သူတို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အလေ့အကျင့်များ၊ နေ့စဉ်လုပ်ဆောင်ချက်များကိုလည်း သိရှိသွားနိုင်ပါတယ်။ နောက်ပြီးတော့ ရာဇဝတ်ကောင်တွေအတွက် ငွေကြေးအချက်အလက်တွေပါ ရနိုင်သွားမှာပါ။
 
*#62#
ဒီကုဒ်ကိုနှိပ််လိုက်မယ်ဆိုရင်တော့ ဖုန်း၊ မက်ဆေ့ချ်နဲ့ အချက်အလက်တွေက သင့်ဆီကိုမရောက်နိုင်တဲ့အခါမျိုးမှာ ဘယ်ကိုရောက်သွားသလဲဆိုတာကို ကြည့်နိုင်ပါတယ်။ သင့်ရဲ့အချက်အလက်တွေကို သင့်ရဲ့ဆဲလ်ဖုန်း အော်ပရေတာနံပါတ်ဆီကို ပို့နိုင်ပါတယ်။
 
##002#
ဒါလေးကတော့ ဖုန်းကနေအခြားဖုန်းကို ဖုန်းခေါ်ဆိုမှုတွေ လွှဲပြောင်းပေးတဲ့mode ကို ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကတော့ roaming မလုပ်ခင် သုံးသင့်ပါတယ်။ ဒါကြောင့် သင့်ရဲ့အကောင့််ထဲက ပိုက်ဆံတွေကို လွှဲပေးထားတဲ့ ဖုန်းနံပါတ်က အသုံးပြုလို့မရတော့ဘူးပေါ့။
 
*#06#
ဒီကုဒ်လေးကတော့ IMEI (International Mobile Equipment Identifier) လေးကို ပြသပေးမှာပါ။ ဒီနံပါတ်တွေကိုသိမယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းကို အခိုးခံရရင် ရှာနိုင်မှာပါ။ ဖွင့်ထားမယ်ဆိုရင်တော့ သူ့ရဲ့တည်နေရာကို network အော်ပရေတာမှတစ်ဆင့် ထောက်လှမ်းနိုင်ပြီးတော့ သင့်ဖုန်းရဲ့ မော်ဒယ်လ်နဲ့ နည်းပညာပိုင်းဆိုင်ရာအချက်အလက်တွေကို ရှာနိုင်ပါတယ်။
ဂျိမ်းစ်ဘွန်းကုဒ်
သင့်ရဲ့တည်နေရာကို တစ်ယောက်ယောက်ဆီ ပို့ပေးနိုင်တဲ့ စပါယ်ရှယ်ကုဒ်လေး ဖြစ်ပြီးတော့ တစ်ယောက်ယောက်က သင့်ကိုထောက်လှမ်းနေသလားဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ဒီကောင်လေးတွေကို အသုံးပြုဖို့အတွက်တော့ utility netmonitor လိုအပ်ပါတယ်။ တခုခုကို ရိုက်ကြည့်ပါ။
 
iPhone: *3001#12345#*
Android: *#*#4636#*#* or *#*#197328640#*#*
အဆင့်တစ် ။ UMTS Cell Environment မှတစ်ဆင့် UMTS RR info ကို သွားပါ။ Cell ID အောက်ကနံပါတ်တွေအားလုံးကို ချရေးပါ။ အဲဒီနံပါတ်တွေကတော့ အနီးနားက basic stations ရဲ့ နံပါတ်တွေဖြစ်ပါတယ်။ အကောင်းဆုံးလိုင်းတွေကိုထုတ်လွှင့်နေတဲ့ဆီကို အလိုအလျောက်ချိတ်ပေးသွားပါလိမ့်မယ်။
အဆင့်နှစ် ။ main menu ကို ပြန်သွားပြီးတော့ MM info tab ကို နှိပ်ပါ။ ပြီးရင်တော့ Serving PLMN လေးကို နှိပ်ပါ။ Local Area Code (LAC) အောက်ကနံပါတ်တွေကို ရေးပါ။
အဆင့်သုံး ။ အဲဒီနံပါတ်နှစ်ခုရဲ့အကူအညီနဲ့ ဘယ်ဘက်ကရေရင် လေးခုမြောက် ordinary website နဲ့ဆိုုရင်တော့ သင့်ရဲ့ဖုန်းချိတ်ဆက်ထားတဲ့ basic station ရဲ ့တည်နေရာကို သိရှိနိုင်ပါပြီ။
သင့်ရဲ့ mobile basic station ကသာ ထရပ်ကား၊ အင်တာနာကြီးကြီးရှိတဲ့ ဘတ်စ်ကားအသေးလေးဆိုရင်တော့ သံသယရှိစရာပါပဲ။ ဒါမျိုးဟာ အင်တာနက်လိုင်းမကောင်းတဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေမှာသာ အသုံးပြုလေ့ရှိကြပါတယ်။ တစ်ခုုခုများအနီးမှာရှိနေပြီဆိုရင်တော့ တစ်ယောက်ယောက်က ထောက်လှမ်းနေပါပြီ။
 
anti-virus software ကို အသုံးပြုပါ
Android သုံးမယ်ဆိုရင်တော့ ဖုန်းကိုမကြာခဏ ဗိုင်းရပ်စ်စစ်ကြည့်သင့်ပါတယ်။ PlaceRaider ကတော့ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ သူဟာ သင့်ရဲ့ဖုန်းဟာ ဘယ်လိုယိုပေါက်တွေရှိနေသလဲဆိုတာကို ပြသပေးနိုင်ပါတယ်။ ဖုန်းထဲကိုဝင်သွားပြီဆိုတာနဲ့ အဲဒီကောင်လေးက အနားကပုံတွေကို ရိုက်ကူးပြီးတော့ သင်ရှိနေတဲ့အဆောက်အဦးကို 3D model တည်ဆောက်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်နဲ့ချိတ်ဆက်ပြီးတော့ လိုအပ်တာတွေ စုဆောင်းပါတော့တယ်။ သင့်ရဲ့ဖုန်းကအချက်အလက်တွေနဲ့ password တွေလည်း ပါ၀င်ပါတယ်။
 
လျှို့ဝှက်ဝန်ဆောင်မှုတွေက ဘယ်လိုများ ခိုးပြီးတော့ နားထောင်ကြသလဲ
နိုင်ငံပိုင်လုံခြံုရေးအေဂျင်စီတွေကတော့ ဆဲလ်ဖုန်းအော်ပရေတာတွေနဲ့ ပူးပေါင်းပြီးတော့ တရားရုံးအတွက် လိုအပ်တဲ့သူတွေရဲ့အချက်အလက်ကို ယူလေ့ရှိကြပါတယ်။ အနည်းဆုံးတော့ သူတို့ရဲ့နောက်ဆုံးသုံးလအချက်အလက်တွေကို အသုံးပြုကြပါတယ်။
တကယ်လို့ သင့်ရဲ့ဖုန်းကလုံခြံုရေးအေဂျင်စီရဲ့ ထောက််လှမ်းခံနေရပြီဆိုရင်တောင် သင်မသိနိုင်ပါဘူး။ ဖုန်းပြောနေစဉ်မှာ ထူးခြားတဲ့အသံတွေကြားနေရရင်၊ ဘတ်ထရီက အကုန်မြန်နေရင်၊ အပူတက်လာရင်၊ မလိုအပ်ဘဲ restart ကျနေရင်တော့ ထောက်လှမ်းခံရတာထက် ဖုန်းကိုပြင်ဖို့လိုအပ်နေပြီဆိုတာ ပြသနေတာပါ။
လူတွေကတော့ ဖုန်းပြောတဲ့အချိန်ခိုးနားထောင်တာကို သိပ်မမှုကြပါဘူး။ တကယ်နားထောင်ချင်မယ်ဆိုရင် အိမ်မှာ တခုခုတပ်ထားလိမ့်မယ်လို့ တွေးကြပါတယ်။
ရာဇဝတ်သားတွေနဲ့ စပိုင်တွေရန်က ဘယ်လိုကာကွယ်ကြမလဲ။
 
Telegram ၊ Chare ၊ Wickr ၊ Signal တို့လို စိတ်ချရတဲ့ app တွေကို အသုံးပြုပါ။
လူတိုင်းကြည့်လို့အဆင်ပြေနိုင်တဲ့ အချက်အလက်တွေက ဘာဖြစ်မလဲဆိုတာ ဂရုစိုက်ပါ။ လူတိုင်းက သင့်ဖုန်းနံပါတ်နဲ့ မိသားစု၊ ချစ်ရသူ၊ ကိုယ့်နေပုံထိုင်ပုံတွေကို သိခွင့်ရှိမလား။ ကလေးငယ်နဲ့ဓါတ်ပုံရိုက်တင်ခြင်းကိုလည်း ဂရုစိုက်ပါ။
ဘယ်ကမှန်းမသိတဲ့အရာတွေကို သင့်ဖုန်ုးထဲမှာ မထည့်ပါနဲ့။ သင့်သွင်းထားသမျှ app တွေကိုလည်း စောင့်ကြည့်ပါ။ ထားလိုက်သမျှ လော့တွေခတ်ထားပါ။ မလုံခြံုတဲ့လင့်တွေကို မဖွင့်ပါနဲ့။ ဖုန်းကို နေရာတိုင်းမှာ အားမသွင်းပါနဲ့။
သင့်ရဲ့ဆဲလ်ဖုန်းအော်ပရေတာကသာ သင့်ကိုထောက်လှမ်းရေးတွေလုပ်နေမယ်ဆိုရင်တော့ explicit agreement နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ လူတစ်ယောက်ရဲ့တည်နေရာကို စုံစမ်းတဲ့ ၀က်ဘ်ဆိုက်နဲ့ app တွေက ရာဇဝတ်မှုအတွက်သာ အသုံးများကြပါတယ်။ သတိထားပါ။

Follow us

Log in or create an account