သင့်ထက်ရော သင့်ချစ်သူထက်ပါ သင့်အကြောင်းကို ပိုသိနေတဲ့ Facebook

သင့်ထက်ရော သင့်ချစ်သူထက်ပါ သင့်အကြောင်းကို ပိုသိနေတဲ့ Facebook

တနေ့တခြားဆိုသလို လူတွေထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ Social Network မှာ Facebook ဟာ အင်အားအကြီးဆုံးပါပဲ။လူတွေရဲ့ အသွေးအသားကို ထိုးဖောက်လာပြီ ဖြစ်ပြီးတော့ သူက သင့်ကိုယ်သင်ထက် ပိုအရေးပါသလိုဖြစ်လာပါပြီ။ဒါဟာ ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာထက် သူက သင့်အကြောင်းကို သင့်ထက်ပို သိနေပြီဆိုတာပါ ဖော်ပြပေးလိုက်ပါတယ်။
 
1. Facebook can devise your sleeping patterns
လူတစ်ယောက်ရဲ့ နိုးကြွလှုပ်ရှားချိန် ဘယ်လောက်ရှိတယ်ဆိုတာ Messenger App က သိပြီး သင့်ရဲ့ အိပ်စက်ချိန်နဲ့ သင့်အလုပ်ပေါ် စိတ်ဝင်စားမှုကို Messenger က သုံးသပ် နိုင်ပါတယ်။
 
2. Facebook can sell your data
လက်ရှိမှာတော့ ပေါ်ပေါ်ထင်ထင် သတင်းထွက်မှုမရှိသေးမယ့် သင်ဟာ Facebook User တစ်ယောက်ဆို သင့် သတင်းကို သူတို့က လာဝယ်သူရှိရင် ရောင်းနိုင်ပါတယ်။သင့် အကြောင်းတွေကို သင့်ထက်ပိုသိပြီး လိုချင်သူရှိလာရင် ရောင်းနိုင်တဲ့ အနေအထားရှိပါတယ်။ကောင်းတာအတွက်လဲ ဖြစ်လာနိုင်သလို ဆိုးတာတွေလဲ ရှိလာမှာပါပဲ။
 
3. Facebook censors political information
Facebook ဆီကနေ ရဲတွေက သတင်းအချက်အလက် ပြန်ဝယ်နေရပါတယ်။ရဲတွေဆီမှာ ဒီလို လူအများကြီးရဲ့ မှတ်တမ်းကို ကူးယူးထားမှုဟာ Facebook လောက်မပြည့်စုံပါဘူး။ပြီးတော့ အစိုးရရဲ့ မျက်ကွယ်က အရာတွေဟာ Facebook မှာ ရှိတတ်ပြီး ဒီလို ဥပဒေပြင်ပအရာတွေကို လူတွေက ဂုဏ်ယူဝင့်ကြွားစွာတင်တတ်ပြီး တင်သမျှကို Facebook က စောင့်ကြည့်နေတာဖြစ်ပါတယ်။
 
4. Facebook KNOWS a lot about YOU
သင့်အေကြာငး်ကို သင့်ထက် မှတ်ဉာဏ်ကောင်းတဲ့ Facebook က သိပါတယ်။ဒါကြောင့် 3 Years , 4 Years Memory တွေပြန်ပေါ်လာမှ သင့်ဟာ သင့်အတိတ်ကို ပြန်မိတာဖြစ်ပါတယ်။နောက်တော့ သင်ဟာ Facebook ကို အကုန်ပုံအပ်ပြီး သင့်ဦးနှောက်ကို အနားပေးလိုက်တော့မှာပါ။
 
5. Fear of Missing Out or FOMO
Facebook က သူ့ App ကို အသုံးများဆုံး လူတွေကို ဦးတည်ပြီး Update မြှင့်တာဖြစ်ပြီး သင်တို့ကို ပျော်စရာတွေ တမျိုးပြီး တမျိုး ဖန်တီးပေးနေတယ် အထင်ရောက်စေမှာပါ။ဒါပေမယ့် ဒီလို ပျော်စရာတွေရဲ့ နောက်မှာ ပိုပြီး ကြေကွဲစရာ Online ပုံပြင်တွေ အများကြီးရှိပါတယ်။သင်ရဲ့ အထီးကျန်ဆန်မှုကို Facebook က တကယ်မကုစားပါဘူး။

6. Negative health consequences regarding the body
ကျန်းမာရေး အနုတ်လက္ခဏာတွေကို သင့်သူငယ်ချင်း သင့်ချစ်သူထက် Facebook က ပိုသ်ပါတယ်။သင် တင်သမျှအကြောင်းအရာတွေက သင့်စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိရတာဖြစ်ပါတယ်။
 
7. Facebook is harmful for your intellect
Facebook က သင့်ရဲ့ အသိဉာဏ်ဘယ်လောက်ရှိလဲ သိနိုင်ပါတယ်။သင်ပေးတဲ့ Like တွေဟာ ဘယ်လိုဟာ ဘယ်လို အကြောင်းရာတွေဖြစ်ပြီး သင် Share တာ Save တာနဲ့ Video ကြည့်နေတာတွေ အကုန်သိပါတယ်။ဒါကို သူတို့က ပြန်သုံးသပ်တဲ့အခါ သင့် အသိဉာဏ် Level ကို သိပါတယ်။

8. It can affect your mental health and make you a show-off snob!
သင်ဟာ Facebook မှ မသုံးရရင် အထီးကျန်သူဖြစ်နေပြီလား။ဒါဆို သင် စိတ်ရောဂါတမျိုးကို ခံစားရပြီဆိုတာ သိပါ။သင့်ကို နည်းပညာလွှမ်းမိုးမှု ခံလိုက်ရပါပြီ။ဒါကို အနောက်တိုင်းက အရင်ထဲက စိုးရိမ်ခဲ့တဲ့ ကိစ္စဖြစ်ပြီး သူတို့က ဆင်ခြင်ခဲ့ကြပါတယ်။နသင်သာ အင်တာနက်အသုံးပြုစရာ Device မရှိပဲ တရက်လောက် Social Network အဆက်ဖြတ်ဖို့ကြိုးစားကြည့်ပါ။
 
9. Your location
သင့်တည်နေရာကိုလဲ Facebook က သိပါတယ်။သင်လမ်းပျောက်နေပေမယ့် အင်တာနက်ဖွင့်ပြီး Facebook ဖွင့်လိုက်မယ်ဆိုရင် သင် ရောက်နေတဲ့ နေရာကို သင့်ထက်အရင် Facebook က သိပါတယ်။
 
10. Facial Recognition
သင့်မျက်နှာအစိတ်အပိုင်းတွေကို သင့်ထက်ရော သင့်ချစ်သူထက်ပါပိုသိနေတာ Facebook ပါပဲ။သင်တင်တဲ့ ပုံတွေ သင်ခေါ်တဲ့ ဗီဒီယိုတွေကြောင့် သူတို့က သိတာဖြစ်ပြီး ဒါတွေကို Data Collect ပြုလုပ်ထားပါတယ်။

Follow us

Log in or create an account