သင့်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အင်တာနက်ဝက်ဆိုဒ် ၉ ခု

သင့်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အင်တာနက်ဝက်ဆိုဒ် ၉ ခု
 
1 2 minutes of idleness at DoNothingFor2Minutes.com
၂ မိနစ်ဝက်ဆိုဒ်ကတော့ ပုံထဲကအတိုင်းပဲ ၂ မိနစ်အတွင်းဘာမှမလုပ်ဖို့ အကြံပေးပြောဆိုထားပါတယ်။ဒါက သင့်ကို အနားပေးတာလို့လည်းသတ်မှတ်ပါတယ်။
 
2 Keep calm with Calm.com
 Calm.com ၀က်ဆိုဒ်ကလည်း အင်တာနက်သုံးသူကို တရားထိုင်ဖို့ အတွက်အချိန် မိနစ် ၂၀ ခန့်ထိ ယူလို့ ရတယ်လို့ ဆိုပါတယ်။တကယ်ဟုတ်မဟုတ်ကတော့ ဆန်းကြည့်နိုင်ပါတယ်။ဒါပေမဲ့ လိုသလို ချိန်ကြည့်ရမှာဖြစ်ပါတယ်။
 
3 Listening to the noise on SimplyNoise
ထူးဆန်းတဲ့အသံတွေကို နားဆင်နိုင်မည့်  SimplyNoise
၀က်ဆိုဒ်ကတော့ အလွန်ကို ထူးခြားပါတယ်။အသံတွေကို နားထောင်ပြီး ကောင်းမွန်တဲ့ ခံစားမှု တွေကို ရယူနိုင်တဲ့ ၀က်ဆိုဒ်ဖြစ်ကာ ပန်းရောင်၊အဖြူ ရောင်နဲ့ အညို ရောင်တွေက ခေတ်စားလာတာပါ။
 
4 Listen to the rain on SimplyRain
SimplyNoise က ပိုင်ဆိုင်တဲ့ SimplyRain ၀က်ဆိုဒ်ကလည်း အလွန်ကို မိုးရွာသံတွေနဲ့ ဆူညံနေတာပါ။အဲ့ဒီဝက်ဆိုဒ်မှာပါတဲ့ အပြာရောင်စလိုက်ဘားနဲ့ မီးခိုးရောင် စလိုက်ဘားတွေကို လိုသလို ချိန်ညှိ လို့ ရပါတယ်။ဥပမာအနေနဲ့ မိုးချိန်းသံတွေ မိုးရွာသံမျိုးတွေ ပါ လိုသလို အသံရဲ ့ သိပ်သည်းဆကို  ချိန်ညှိနိုင်ပါတယ်။

5 Feel better with Rainy Mood
 Rainy Mood၀က်ဆိုဒ်ကတော့  မိုးရွာနေတဲ့ ပုံစံခံစားလို့ ရမည့် အင်တာနက်ဝက်ဆိုဒ်ဖြစ်ပါတယ်။မိုးရွာနေစဉ်မှာ သံစဉ်တွေနဲ့အတူ မိုးကြိုးပစ်သံတွေပါ ကြားရမှာလည်းဖြစ်ပါတယ်။
 
6 Find yourself at the cafe using Coffitivity
ကော်ဖီဆိုင်ထဲကို ရောက်နေသလို ခံစားရမည့် တီးလုံးလေးတွေနဲ့ အတူ အသုံးပြု နိုင်တဲ့ အင်တာနက်ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေကို လည်း ဖြစ်ပေါ်လာဖို့ ဖိတ်ခေါ်နေတဲ့ ၀က်ဆိုဒ်လို့ ဆိုပါတယ်။

7 Listen to nature with naturesoundsfor.me
သဘာဝ အသံသီချင်း ၄ မျိုးခန့် ရောစပ်ထားတဲ့ အသံမျိုးတွေကို အဲ့ဒီအထက်ပါ ဖော်ပြထားတဲ့ ၀က်ဆို်ဒ်မှာ ခံစားနိုင်ပါတယ်။တစ်ခါတစ်ရံမှာ ပင်လယ်ရေတိုးသံနဲ့ ကလေးငယ်တွေ ရဲ ့ အသံမျိုးတွေ ပါ ကြားရတတ်တဲ့ ၀က်ဆိုဒ်လည်းဖြစ်ပါတယ်။နားထောင်ကြည့်ပါက ပိုမိုထူကဲပါလိမ့်မယ်။
 
8 Focus@Will — a music streaming service
၀က်ဆိုဒ်မှာ သီချင်းနားထောင်သူဟာ စာပေလေ့လာနေချိန်ဆိုရင်ပိုမို အဆင်ပြေနိုင်တဲ့ ၀က်ဆိုဒ်ပါ။အထူးသဖြင့် ကျောင်းသား၊ကျောင်းသူတွေအတွက်အလွန်အရေးပါလှပါတယ်။ကျောင်းသားတွေကို စာရေးခြင်း၊နားထောင်ခြင်း နဲ့ စာဖတ်ခြငး်တွေအတွက်အလွန်ကို အရေးပါတဲ့ ၀က်ဆိုဒ်ပါပဲ။
 
9 Listen to upbeat music on Get Work Done Music
သီချင်းတွေကို စည်းချက်ကျကျ နောက်က လိုက်ဆိုနိုင်ပြီး ၀က်ဆိုဒ်အသုံးပြု ဖို့ လည်းလွယ်ကူစွာ ထိန်းညှိနိုင်တဲ့ အနေအထားပါ။အသံတိုးတာတွေ ၊သီချင်းသံတွေကို ထိန်းညှိတာတွေကတော့ Get Work Done Music မှာ အထူးအရေးပါလှပါတယ်။

Follow us

Log in or create an account