ဖုန်းလေးကိုဘေးချပြီးတော့ သဘာဝတရားကို ခံစားကြည့်လိုက်တဲ့အခါ

ဖုန်းလေးကိုဘေးချပြီးတော့ သဘာဝတရားကို ခံစားကြည့်လိုက်တဲ့အခါ
 
အလုပ်က desktop screen ကြီး ကစားစရာက စမတ်ဖုန်းဖြစ်နေချိန်မှာ ကျွန်တော်တို့ဘေးနားမှာရှိတဲ့ သဘာဝလောကကြီးကို မေ့ထားဖို့ လျစ်လျူရှုထားဖို့ဆိုတာ လွယ်ကူသွားပါပြီ။ ကျွန်တော်တို့တွေဟာ အစဉ်မပြတ်ထွက်နေတဲ့သတင်းတွေ၊ Update တွေ၊ notification တွေကြောာင့် လူသားဆန်ဆန် ထိတွေ့ခံစားမှုကိုတောင် မေ့လျော့သွားကြပါပြီ။ ခံစားဖို့လည်း လိုအပ်ပါတယ်။
 
တစ်ပတ်တာလုံး ဒီဂျစ်တယ်နည်းပညာတွေထဲက ရုန်းမထွက်နိုင်ဘူးလား။ ရပါတယ်။ စမတ်ဖုန်းမရှိတဲ့ နေ့လည်ခင်းတစ်ခုလောက် ဒါမှမဟုတ် စိတ်လွတ်ကိုယ်လွတ်နာရီဝက်လောက်လေးတော့ ကိုယ့်ပတ်ဝန်းကျင်က အရာလေးတွေကို ခံစားပြီးတော့ သင့်ရဲ့စိတ်ကို အားပြန်သွင်းပြီးတော့ သဘာဝတရားနဲ့ ချိတ်ဆက်လိုက်ပါ။ scroll (ဆွဲချခြင်း) တွေ၊ ကလစ်တွေ၊ ပွတ်ဆွဲခြင်းတွေကို မေ့ပစ်လိုက်ပြီးတော့ သင့်ရဲ့လက်တွေကို ခံစားမှုအာရုံဘက်ကို သွားခွင့်ပေးလိုက်ရအောင်။
 
သင့်အရေပြားကို တောက်ပစေတဲ့ အလင်းရောင်ကို ခံစားလိုက်ပါ
 
အသီးတချို့ကိုကောက်ယူလိုက်ပြီးတော့ အနံ့၊ အရသာ၊ အထိအတွေ့ကို ခံစားလိုက်ပါ
 
တစ်ယောက်ယောက်ရဲ့ လက်ကိုဆုပ်ကိုင်ထားလိုက်ပါ
 
ရေးသားပါ။ တကယ့်ဘောပင်န်အစစ်နဲ့ တကယ့်စာရွက်ပေါ်မှာပေါ့
 
ရေအေးအေးလေးကို လက်ခုပ်လေးနဲ့ခပ်ယူပြီး လက်ထဲကနေ စီးဆင်းနေတဲ့ရေလေးတွေကို ခံစားပါ
 
ကလေးတစ်ယောက်လိုမျိုး အပင်တွေနဲ့ ထိတွေ့ကြည့်ပါ
 
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ထိတွေ့ပါ။ မွေးမထားရင်လည်း သူများအကောင်လေးတွေနဲ့ ထိတွေ့ကြည့်ပါ
 
တစ်ယောက်ယောက်ကို ထွေးပွေ့ပါ
 
ရွှံ့တွေနဲ့ ကစားပါ။ တခုခုကို ပုံဖော်ပါ။ ဘာမှမရောပဲ ဖန်တီးကြည့်ပါ
 
စာဖတ်ပါ။ စာအုပ်ကအဟောင်းဖြစ်နေမယ်ဆိုရင်တော့ စာရွက်ဟောင်းနံ့လေးကို ရှုရှိုက်ပါ။ တစ်ရွက်ချင်းကို ဖြည်းညင်းစွာ လှန်ပါ
 
ပြတင်းပေါက်ကနေ လက်ကလေးကိုထုတ်ပြီးတော့ သိမ်မွေ့တဲ့ မိုးစက်လေးတွေကို ထိတွေ့ပါ
 
လက်ထဲမှာ ဖုန်းမကိုင်ထားဘဲနဲ့ ပူနွေးတဲ့ကော်ဖီရဲ့အရသာကို အေးအေးဆေးဆေးခံစားဖို့ အချိန်ယူပါ
 
သင့်လက်ထဲကနေ လျှောကျသွားတဲ့သဲလေးတွေက သင့်ရဲ့ခံစားချက်ကို တမူထူးခြားအောင် လုပ်နိုင်တယ်
 
စုတ်တံလေးတွေနဲ့ ဆွဲသားကြည့်ပါ
 
ကိုယ်တိုင် ပန်းလေးတွေဝယ်ပြီး ပန်းလေးတွေရဲ့ အလှအပလေးတွေကိုခံစားကြည့်ပါ
 
လမ်းလျှောက်ထွက်ပြီးတော့ ရှာလို့ရသမျှ အချောမွေ့ဆုံး၊ အတောက်ပဆုံး ကျောက်တုံးလေးကို အိမ်အပြန်ယူလာခဲ့ပါ
 

Follow us

Log in or create an account