ဖုန်းတွေရဲ့ Airplane သို့မဟုတ် Flight mode က လေယာဉ်စီးနေချိန်မှာ ဘာကြောင့်ဖွင့်ထားသင့်သလဲ

ဖုန်းတွေရဲ့ Airplane သို့မဟုတ် Flight mode က လေယာဉ်စီးနေချိန်မှာ ဘာကြောင့်ဖွင့်ထားသင့်သလဲ

flight mode ကို ပြောင်းထားဖိုကအတွက် လေယာဉ်စီးသူတွေကို လေယာဉ်မယ်လေးတွေက တောင်းဆိုလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုသေးငယ်တဲ့စမတ်ဖုန်းလေးတွေက နည်းပညာမြင့်လေယာဉ်တွေကို ဘယ်လိုများနှောင့်ယှက်နိုင်လို့လဲဆိုပြီးတော့ ကွန်ပလိန်းတွေ တက်ကြတယ်။
ဒီတော့ ဘယ်လိုကြောင့် flight mode က အရေးပါနေသလဲဆိုတာ ကျွန်တော်နဲ့အတူတူ လေ့လာကြည့်လိုက်ရအောင်။

flight mode ဆိုတာ ဘာအတွက်ထည့်ထားတာလဲ
flight mode မှာ ကျွန်တော်တို့ရဲ့ gadgetလေးက data services အားလုံး (Wi-Fi, GSM, Bluetooth, etc) ကို ပိတ်ထားလိုက်ပါတယ်။ သင့်ရဲ့ဖုန်း၊ တက်ဘလက်ကို ရေဒီယိုအသံလှိုင်းလက်ခံသူလို့ တွေးကြည့်လိုက်ပါ။ တကယ်လို့ flight mode ကို ပြောင်းမထားဘူးဆိုရင်တော့ သူ့ဆီကနေထွက်လာတဲ့ signal တွေက လေယာဉ်ရဲ့ အလွန်ကိုမှခံစားလွယ်တဲ့ အီလက်ထရောနစ်ပစ္စည်းလေးတွေဆီကို ရောက်သွားနိုင်ပါတယ်။ ဒီတော့ အနှောင့်အယှက်ဖြစ်တာပေါ့။

ဖုန်းကို မသုုံးဘဲ ဒီအတိုင်းထားထားမယ်ဆိုရင်ရော
စမတ်ဖုန်းကို lock ချထားပြီးတော့ မသုံးဘူးဆိုရင်တောင်မှ သူက network ကို ရှာနေဦးမျာပါ။ ဒါကြောင့် သူ့ရဲ့ကြိမ်နှုန်းတွေက လေယာဉ်ရဲ့ကြိမ်နှုန်းတွေနဲ့ ထပ်သွားနိုင်ပါတယ်။ ဒါကြောင့် sleep လုပ်ထားတဲ့ gadget လေးတစ်ခုက ဘာတွေများခြိမ်းခြောက်မှုတွေဖြစ်စေနိုင်သလဲလို့ တွေးနေရင်တောင်မှ flight mode ကို ပြောင်းလိုက်ပါတော့။
တကယ်လို့သင့်ရဲ့ဖုန်းမှာ အဲဒီလုပ်ဆောင်ချက်မရှိဘူးဆိုရင်တောင် ပိတ်ထားလိုက်ပါ။

ဘာကြောင့်မို့လို့ ဒီဖုန်းလေးရဲ့လုပ်ဆောင်ချက်တွေက အန္တရာယ်ဖြစ်နေတာလဲ
သင်သိတဲ့အတိုင်းပါပဲ။ လေယာဉ်ထွက်ခွာချိန်နဲ့ ဆိုက်ကပ်ချိန်တွေက flight တစ်ခုအတွက် အခက်ခဲဆုံးအချိန်တွေဆိုတာကိုပေါ့။ ပိုင်းလော့တွေဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ မြေပြင်မှာရှိတဲ့ flight control center နဲ့ ပေါင်းစပ်လုပ်ဆောင်နေရတာပါ။ ဒါတွေအားလုံးကိုတော့ လေယာဉ်ရဲ့လမ်းကြောင်းပြစနစ်တွေကို အသုံးပြုပြီးတော့ လုပ်ရပါတယ်။ သင့် gadget လေးရဲ့ signal တွေသာရှိနေမယ်ဆိုရင် ပိုင်းလော့က traffic controller လေးက ထုတ်လွှင့်လိုက်တဲ့ သတင်းအချက်အလက်တွေကို မရနိုင်တော့ပါဘူး။ ဒါဆိုရင်တော့ အရေးပေါ်အခြေအနေကို ရောက်သွားနိုင်ပါတယ်။

ဒါဆိုရင် လေယာဉ်ပေါ်မှာ ဘယ်လိုပစ္စည်းတွေ အသုံးပြုနိုင်မလဲ
Flight တောက်လျှောက်မှာလည်း ဘယ်လိုအရာကိုပဲသုံးသုံး GSM ၊ Wi-Fi ၊ Bluetooth ကိုအသုံးပြုပြီးတော့ အချက်အလက်တွေ မမျှဝေပါနဲ့။ ဥပမာ အီလက်ထရောနစ်နာရီ (စမန်နာရီမဟုတ်)၊ ကင်မရာ၊ ဗွီဒီယိုကင်မရာ၊ အသံဖမ်းစက်၊ နားကြားကိရိယာ၊ pacemakers ။
အဲဒီလိုမျှဝေတဲ့လုပ်ဆောင်ချက်ပါတဲ့ပစ္စည်းတွေက flight ရဲ့ အဆင့်အားလုံးကို အသုံးပြုနိုင်တယ်။ ဒါပေမယ့် flight mode ပါ၀င်ရမယ်။ စမတ်ဖုန်း၊ စမတ်နာရီ၊ တက်ဘလက်၊ အီလက်ထရောနစ်စာအုပ်၊ ဒီဂျစ်တယ်အသံ၊ဗွီဒီယိုဖွင့်စက်၊ လက်ပ်တော့တောင်သုံးနိုင်ပါတယ်။ flight mode မရှိရင်တော့ Wi-Fi ပိတ်ထားခြင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။
flight mode ကို လေယာဉ်ထွက်အပြီး မိနစ်အနည်းငယ် ဒါမှမဟုတ် လေယာဉ်မယ်ဆီကနေ ဖွင့်လို့ရပြီလို့ကြားမယ်ဆိုရင်တော့ ဖွင့်လို့ရပါပြီ။ ဒါပေမယ့် ပုံမှန် mode အတိုင်းတော့ မသုံးသင့်ပါဘူး။
အဲဒီစာရင်းတွေနဲ့ စည်းမျဉ်းတွေက လေကြောင်းလိုင်းပေါ်မှာလည်း မူတည်နေပါတယ်။ ဒါကြောင့် official website တွေမှာ စစ်ဆေးကြည့်ပါ။

နောက်ဆုံးပြောပြရမယ်ဆိုရင်တော့
ဖုန်းအနည်းငယ်လောက် အလုပ်လုပ်နေခြင်းက လေယာဉ်ပျက်မကျနိုင်ပါဘူး။ ဒါပေမယ့် လူတိုင်းက အသုံးပြုနေမယ်ဆိုရင်တော့ နှောင့်ယှက်မှုတွေက သိသာနိုင်ပါတယ်။
တခြားသူတွေရဲ့အလုပ်ကိုလည်း နားလည်ပေးပါ။ ပိုင်းလော့တွေကို အလကားအလုပ်မပေးပါနဲ့။ လေယာဉ်စီးနေချိန်မှာ ခဏလေးပဲအောင့်ထားလိုက်တာနဲ့ နောက်ပိုင်းအချိန်တွေကို ပော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်မှာပါ။

Follow us

Log in or create an account