နှစ်ပေါင်း ၂၀၀အတွင်း ကမ္ဘာကြီးပြိုလဲသွားနိုင်ဟု စတီဖင်ဟော့ကင်းနမိတ် နဲ့ ကမ္ဘာကြီးရဲ့ အဆုံးသတ်ဖြစ်စဉ်များ

နှစ်ပေါင်း ၂၀၀အတွင်း ကမ္ဘာကြီးပြိုလဲသွားနိုင်ဟု စတီဖင်ဟော့ကင်းနမိတ် နဲ့ ကမ္ဘာကြီးရဲ့ အဆုံးသတ်ဖြစ်စဉ်များ

အိုင်းစတိုင်းပြီးရင် စတီဖင်ဟော့ကင်းက သူ့ရဲ့ရူပဗေဒနဲ့ စကြဝဠာအကြောင်းတွေနဲ့ နာမည်ကြီးလူသိများသူတစ်ယောက် ဖြစ်ပါတယ်။ အသက်၈နှစ်အရွယ်မှာ စာဖတ်ဖို့သင်ယူခဲ့ပြီးတော့ တက္ကသိုလ်မှာလည်း အတော်လေးပျင်းရိသူတစ်ယောက် ဖြစ်ပါတယ်။ အသက်၂၁အရွယ်မှာတော့ သူ့ရဲ့နာမကျန်းမှုကနေ ကမ္ဘာကြီးကိုရှုမြင်ပုံ ပြောင်းလဲခဲ့တယ်။ စကြဝဠာလေ့လာမှုနယ်ပယ်ကို ၀င်ရောက်နိုင်ခဲ့တယ်။ သူ့ရဲ့ပြောင်မြောက်တဲ့သီအိုရီတွေထဲမှာ ကျွန်တော်တို့ရဲ့စကြဝဠာကြီးဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ရှင်းပြထားတာတွေ ပါ၀င်ပါတယ်။ ကမ္ဘာမြေနဲ့ လူသားတွေအပေါ် သူ့ရဲ့အမြင်ကို လေ့လာကြည့်လိုက်ရအောင်။
ဟော့ကင်းရဲ့ ကျွန်တော်တို့ကမ္ဘာကြီး ဘယ်အချိန်မှာ ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့အကြောင်းတွေကိို စုစည်းတင်ပြပေးထားလိုက်ပါတယ်။
 
၁။ ကမ္ဘာကြီးက မီးလုံးကြီးဖြစ်သွားနိုင်
ဟော့ကင်းရဲ့ပြောကြားချက်အရ ကျွန်တော်တို့ကမ္ဘာကြိးဟာ နှစ်ပေါင်း၆၀၀ အတွင်းမှာပဲ မီးလုံးကြီးဖြစ်မှာပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့စွမ်းအင်သုံးစွဲသူမှတွေက ကမ္ဘာကြီးကို လောင်ကျွမ်းစေပြီး လူသားအားလုံးကို ပပျောက်သွားစေမှာပါ။
ကမ္ဘာကြီးပူလောင်မှုဟာ Venus လိုမျိုးဖြစ်လာနိုင်တဲ့အထိ ဆိုးရွားမယ်လို့ ပြောထားပါတယ်။ Venus ရဲ့ အပူချိန်ကတော့ 250 degrees Celsius ဖြစ်ပြီးတော့ ဆာလဖျူရစ်အက်ဆစ်မိုးတွေ မကြာခဏ ရွာလေ့ရှိပါတယ်။ လေတိုက်ပြီဆိုရင်လည်း တစ်စက္ကန့်ကို ၁၀၀ မီတာနှုန်းနဲ့ပါ။
“ရာသီဥတုပြောင်းလဲမှုက ကျွန်တော်တို့ရင်ဆိုင်ရမယ့် အကြီးမားဆုံးသောအန္တရာယ်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အခုချက်ချင်း ကာကွယ်ရမယ်အရာလည်း ဖြစ်ပါတယ်။”
 
၂။ ကျွန်တော်တို့အသက်ရှင်ဖို့အတွက် အခြားဂြိုလ်တစ်လုံးလိုအပ်နေ
ဟော့ကင်းပြောပုံအရ ကျွန်တော်တို့နေထိုင်ဖို့အတွက် နောက်ထပ်ဂြိုလ်ကို နှစ််၁၀၀ အတွင်းမှာ ရှာရမှာပါ။ ပြန်လာလို့မရတော့လောက်အောင်ကို ပျက်စီးသွားမှာဖြစ်လို့ပါပဲ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ လူဦးရေကြီးထွားခြင်းတွေ၊ ညစ်ညမ်းမှုတွေ၊ တောပြုန်းခြင်းတွေ၊ ရောဂါဘယတွေရန်ကနေ ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ ဂေဟစနစ်ကြွယ်ဝတဲ့ ကမ္ဘာသစ်တွေကို ရှာဖွေရမယ်။
ဖြစ်နို်င်ချေရှိတဲ့ဂြိုလ်တွေကို ကြည့်လိုက်ရအောင်။
ကမ္ဘာမြေရဲ့သဘာဝဂြိုလ်တုဖြစ်တဲ့ Moon ကတော့ လေထုမရှိပါဘူး။ ကျွန်တော်တို့နဲ့အနီးဆုံးဆိုတော့ သဘာဝသယံဇာတတွေ နစ်မြှုပ်နေလေမလား။ ရှေးခေတ်မီးတောင်ဟောင်းလေးတွေရှိနေတော့ လူသားကိုလိုနီတွေအတွက် အဆင်ပြေနိုင်မလားပဲ။
Mars မှာတော့ အဆိပ်မြေဆီလွှာ၊ အရိုးကွဲအောင်အေးမယ့်ရာသီဥတု၊ အသက်မရှုနိုင်တဲ့လေထုတွေက နေရာကောင်းတစ်ခုမဟုတ်ဘူး။ ဒါပေမယ့် သေချာပြင်ဆင်ထားတဲ့ အခြေစိုက်စခန်းတွေလုပ်မယ်ဆိုရင်တော့ အာကာသနယ်ချဲ့ခြင်းပထမအဆင့်ကို လုပ်လို့ရနိုင်တယ်။
Ceres ကတော့ Mars နဲ့ Jupiter ကြားမှာရှိနေပါတယ်။ ဂြိုလ်ခါးပတ်ပေါ်မှာရှိနေတာပါ။ လူသားတွေအတွက် ကောင်းမွန်တဲ့အချက်ကတော့ ရေ ၂၅% ရှိနေပါတယ်။ ဒါပေမယ့် လေထုမရှိတာမို့ ရာသီဥတုပြောင်းလဲမှုတွေ၊ ကောင်းကင်အရောင်တွေတော့ မြင်နိုင်၊ ခံစားနိုင်မှာ မဟုတ်ပါဘူး။
Jupiter ရဲ့ လေးခုမြောက်အကြီးဆုံး Europa ကတော့ သမုဒ္ဒရာတွေရှိပါတယ်။ တစ်ဖက်မှာလည်း လူသားတွေနေလို့မရတဲ့ ရောင်ခြည်မိုးတွေ ရွာနေပြီးတော့ ရာသီဥတုအရမ်းဆိုးရွားပါတယ်။
Saturn ရဲ့ အကြီးဆုံး Titan ကတော့ လူသားတွေအတွက် နေရာတစ်ခုဖြစ်နိုင်ပါတယ်။ နေဖို့အတွက်အားသာချက်ကတော့ လေထုရှိတာမို့ ရောင်ခြည်တွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
ကမ္ဘာမြေရဲ့ညီကိုဝမ်းကွဲလို့ပြောရမယ့် Kepler-452b ကတော့ နေလိုကြယ်ကို ပတ်နေပြီးတော့ ကျွန်တော်တို့နဲ့ အလင်းနှစ် ၁၄၀၀ ဝေးပါတယ်။ ကျွန်တော်တို့နဲ့ အတော်လေးဆင်တူပါတယ်။ မျက်နှာပြင်ပေါ်မှာ ရေပြင်ရှိနိုင်ပါတယ်။ ဒါပေမယ့် တိမ်ထူထူတွေနဲ့ ကာကွယ်ထားလေ့ရှိပါတယ်။ ဖြစ်နိုင်တာက မီးတောင်ပေါက်ကွဲမှုတွေ ရှိနေမလား။

၃။ နျူကလီးယားလက်နက်တွေက လူသားဦးရေကို ပျက်သုဉ်းစေနို်င်
ဟော့ကင်းရဲ့အယူအဆအရ လူသားမျိုးနွယ်တွေရဲ့ ရန်လိုတတ်တဲ့အမူအရာတွေက ဆိုးရွားလွန်းတယ်လို့ တွက်ချက်ခဲ့တယ်။ ဒီနေ့ခေတ်မှာ အပစ်အခတ်ရပ်စဲရေးတွေ ကြိုးစားနေပေမယ့်လည်း အောင်မြင်မှုရာခိုင်နှှုန်းက နည်းပါးပါတယ်။ စစ်တပ်သုံးနည်းပညာတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေတယ်။ လက်နက်တွေတည်ဆောက်ခြင်းကလည်း ဒုနဲ့ဒေး ဖြစ်လာတယ်။ ဒီလိုဖြစ်ရပ်တွေက ကျွန်တော်တို့ကမ္ဘာကို ပျက်သုဉ်းစေမယ့်အလားအလာပါပဲ။

၄။ စက်ရုပ်တွေကို လူသားနေရာတွေမှာ အစားထိုးလာမယ်
ဟော့ကင်းတောင်မှ artificial intelligence ကို မှီခိုနေရပေမယ့်လည်း သူကမယုံကြည်ပါဘူး။ သူကပြောဖူးတယ်။ “ကျွန်တော်တို့လူ့သမိုင်းမှာ အဆိုးရွားဆုံးသော ဖန်တီးမှုကြီး”တဲ့လေ။ နောက်ဆိုရင် လူသားတွေနေရာကို အစားထိုးယူသွားမှာ။
AI ဟာ လက်ရှိမှာအသုံးဝင်နေသေးပေမယ့်လည်း အနာဂတ်ရဲ့ဖွံ့ဖြိုးမှုတွေအကြောင်း သတိပေးခဲ့ပါတယ်။ ကျွန်တော်တို့မတွေးနိုင်တဲ့ အန္တရယ်တွေဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ “artificial intelligence ကို လူသားတွေဖန်တီးလိုက်ကတည်းက အရှိန်အဟုန်နဲ့တိုးတက်အောင် ဒီဇိုင်းပြင်ဆင်နေကြတယ်”။ ဒါကြောင့် ကျွန်တော်တို့ထက် သာလွန်တဲ့လုပ်ဆောင်ချက်တွေကို သူတို့ကလုပ်ဆောင်ကြတော့မယ်။

၅။ စကြဝဠာကြီးက အဆုံးသတ်ဖို့နီးနေပြီ
သူ့ရဲ့နောက်ဆုံးသတ်ဖြစ်တဲ့ A Smooth Exit From Eternal Inflation ကို သူမသေခင်နှစ်ပတ်အလိုမှာ ပြီးအောင်ရေးသွားခဲ့ပါတယ်။ ဟော့ကင်းရဲ့ခန့်မှန်းချက်အရ ကြယ်တွေအားလုံးက အလင်းစွမ်းအင်တွေကုန်ခမ်းသွားလိမ့်မယ်။ ဒါကြောင့် စကြဝဠာကြီးဟာ အမှောင်အတိကျသွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ အသက်ရှင်သန်ဖို့အတွက် အခြားဂြိုလ်တွေ၊ စကြဝဠာတွေကို ရှာရမယ်လို့ သူပြောခဲ့တာပေါ့။

၆။ ဂြိုလ်သားတွေ ကျွန်တော်တို့ဆီကို ကျူးကျော်လာလိမ့်မယ်
စကြဝဠာထဲမှာ အသက်ရှင်နေတဲ့သတ္တဝါတွေရှိနေနိုင်ပြီးတော့ ခင်စရာမကောင်းဘူးလို့ ဟော့ကင်းကယုံကြည်ထားပါတယ်။
၁၉၈၃ခုနှစ်မှာ ဟော့ကင်းနဲ့ ဂျိန်းစ် ဟာတဲလ်တို့က သူတို့ရဲ့ “no-boundary” သီအိုရီကို ချပြခဲ့ပါတယ်။ အဲဒီမှာ Big Bang အတွင်း ကမ္ဘာကြီးရဲ့တည်ရှိမှုအကြောင်းရှင်းပြထားပါတယ်။ အဲဒီနောက်မှာတော့ ဒီသီအိုရီဟာ ဟော့ကင်းရဲ့ “multiverse” သီအိုရီအဖြစ်နဲ့ ဖွံ့ဖြိုးသွားခဲ့တယ်။ အဲဒီသီအိုရီအရ ကျွန်တော်တို့ရဲ့ စကြဝဠာဟာ အခြားသော စကြဝဠာတွေထဲက တစ်ခုဖြစ်ကြောင်း သိရပါတယ်။
ကျွန်တော်တို့တွေပဲ စကြဝဠာထဲမှာရှိနေတာမဟုတ်ကြောင်း သက်သေမရှိပေမယ့်လည်း အခြားဂြိုလ်မှ ဂြိုလ်သားတွေက ကျူးရောက်ဝင်ရောက်လာတာမျိုးတွေ ဖြစ်နိုင်ချေရှိနေပါတယ်။

၇။ ဗီဇပြုပြင်ထားတဲ့ဆေးဝါးတွေက အကျိုးဆက်မကောင်းနိုင်
လူသားမျိုးနွယ်တွေအတွက် ခြိမ်းခြောက်မှုကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်နေတာကတော့ စကြဝဠာကနေလာတာမဟုတ်ပါဘူး။ လူသားတွေကိုယ့်ဘာသာဖန်တီးနေကြတာလို့ သူကပြောသွားပါတယ်။
လွန်ခဲ့တဲ့အချိန်တွေတုန်းက ပညာရှင်တွေဟာ အရုပ်တွေကို ဗီဇတွေပြင်ပြီးတော့ ဗိုင်းရပ်စ်တွေနဲ့စမ်းသပ်ကာ လူသားတွေရဲ့ရောဂါကို ကုသဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်် သူတို့အတွက် ဖြစ်နိုင်ချေရှိတဲ့အခြားသောအသုံးချမှုကို တွေ့ရှိခဲ့တယ်။ သုတေသီတွေက ကင်ဆာဆဲလ်ကိုသတ်နိုင်တဲ့ ဗိုင်းရပ်စ်တစ်ခုကို ဖန်တီးလိုက်ခြင်းမှတစ်ဆင့် ဆေးစွဲနေတဲ့သူကို ရပ်တံ့နိုင်အောင်လုပ်နိုင်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့တာမျိုးပေါ့။
ဒီနေ့ခေတ်မှာတော့ ဆေးပညာရှင်တွေဟာ သေစေနိုင်တဲ့ဗိုင်းရပ်စ်တွေကိုပေါင်းစပ်ပြီးတော့ လူတွေ၊ နွားတွေ၊ ခွေးတွေရဲ့ DNA နဲ့တောင် ရောစပ်နေကြပါတယ်။ ဖြစ်လာနိုင်တာကတော့ ဒီကောင်တွေရဲ့ ရေရှည်အကျိုးဆက်ကို နားမလည်ကြတာပါပဲ။ ကျွန်တော်တို့အပေါ်ကို ဘယ်လိုသက်ရောက်မှုတွေများ ရှိလာနိုင်မလဲဆိုတာကို ကျွန်တော်တို့ တပ်အပ်မသိကြပါဘူး။

Follow us

Log in or create an account