''နာမည်အကြီးဆုံး Mobile Brand တို့ရဲ့ ဈေးအကြီးဆုံး Handset Model များကို အပတ်စဉ်ရရှိနိုင်မယ့် အခွင့်အရေး''

“နာမည်အကြီးဆုံး Mobile Brand တို့ရဲ့ ဈေးအကြီးဆုံး Handset Model များကို အပတ်စဉ် ရရှိနိုင်မည့် အခွင့်အရေး”

iPhone 7 (128GB) Red Edition အပါဝင် တခြား နာမည်အကြီးဆုံး Brand တွေရဲ့ ဈေးအကြီးဆုံး Handset Model တွေကို အပတ်စဉ် ရရှိနိုင်မယ့် အခွင့်အရေး….
လူကြီးမင်းဖုန်းဆိုင်ရဲ့ အထူးကံစမ်းပွဲကြီး ပြန်လည် ရောက်ရှိလို့ လာပါပြီ။

ဇူလိုင်လ ၁ရက်နေ့မှ စတင်ပြီး လူကြီးမင်းဖုန်းဆိုင်ခွဲများမှာ Handset နှင့် Tablet လာရောက်ဝယ်ယူသူတိုင်းကို iPhone 7 (128GB) Red Edition အပါဝင် တခြားနာမည်ကြီး Brand တွေရဲ့ ဈေးအကြီးဆုံး ဟန်းဆက်မော်ဒယ်တွေကို အပတ်စဉ် ကံစမ်းပေးသွားမှာပဲ ဖြစ်ပါတယ်။
အပတ်စဉ် ကံထူးနိုင်မယ့် ဆုလက်ဆောင်ပစ္စည်းများကတော့...
• ကျပ်ငွေ (၁၀)သိန်းကျော် တန်ဖိုးရှိတဲ့ iPhone 7 (128)GB Red Edition (၁)ဆု
• ကျပ်ငွေ (၁၀)သိန်းကျော် တန်ဖိုးရှိတဲ့ Samsung Galaxy S8 Plus (၁)ဆု
• ကျပ်ငွေ (၈)သိန်းခွဲကျော် တန်ဖိုးရှိတဲ့ Sony Xperia XZs (၁)ဆု
• ကျပ်ငွေ (၇)သိန်းခွဲကျော် တန်ဖိုးရှိတဲ့ Huawei P10 (၁)ဆု
• ကျပ်ငွေ (၆)သိန်းကျော် တန်ဖိုးရှိတဲ့ Xiaomi Mi6 (၁)ဆု
• ကျပ်ငွေ (၅)သိန်းခွဲကျော် တန်ဖိုးရှိတဲ့ One Plus 3T (၁)ဆု
• ကျပ်ငွေ (၅)သိန်းခွဲကျော် တန်ဖိုးရှိတဲ့ Oppo F3 Plus (၁)ဆု
• ကျပ်ငွေ (၅)သိန်းကျော် တန်ဖိုးရှိတဲ့ Vivo V5 Plus (၁)ဆု
အပတ်စဉ်တိုင်း အထက်ဖော်ပြပါ နာမည်ကြီး ဈေးနှုန်းကြီး ဟန်းဆက်မော်ဒယ်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
အစီစဉ်အသေးစိတ်အနေနဲ့ကတော့..
# နီးစပ်ရာလူကြီးမင်းဖုန်းဆိုင်ခွဲများမှာ နှစ်သက်ရာ ဟန်းဆက် (သို့) တက်ဘလက် ဝယ်ယူပြီး ကံစမ်းကူပွန်ရယူပါ။ ကံစမ်းကူပွန်ပါ အချက်အလက်များဖြည့်သွင်းပြီး သတ်မှတ်ထားသော ကံစမ်းမဲပုံးထဲသို့ ထည့်ပါ။
# ကျပ်ငွေ (ဝကျပ် မှ ၁၀၀,၀၀၀ကျပ်) အတွင်း ဝယ်ယူသူတိုင်း ကံစမ်းကူပွန် (၁) စောင်၊ ကျပ်ငွေ (၁၀၀,၀၀၀ ကျပ် မှ ၂၀၀,၀၀၀ကျပ်) အတွင်း ဝယ်ယူပါက ကံစမ်းကူပွန် (၂)စောင် ရရှိမှာဖြစ်ပါတယ်။ ဥပမာ - ကျပ် (၅၁၀,၀၀၀) ကျပ်တန်ဖိုးရှိ ဟန်းဆက်နှင့် တက်ဘလက် ဝယ်ယူသူအနေနဲ့ ကံစမ်းကူပွန် (၆)စောင် ရရှိသွားမှာ ဖြစ်ပါတယ်။
# ပရိုမိုးရှင်းကာလအတွင်း လူကြီးမင်းဖုန်းဆိုင်ခွဲများမှာ လက်ငင်းငွေချေ၍သော်လည်းကောင်း အရစ်ကျစနစ်ဖြင့် ဝယ်ယူ၍သော်လည်းကောင်း အဆိုပါ ကံစမ်းမဲအစီစဉ်တွင် ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။
# ပထမမြောက်အပတ်ရဲ့ ကံစမ်းကူပွန်များကိုတော့ ဒုတိယမြောက်အပတ်ရဲ့ ပထမမြောက်နေ့မှာ မဲနှိုက်ရွေးချယ် ကံစမ်းပေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယမြောက်အပတ်ရဲ့ ကံစမ်းကူပွန်များကိုလည်း တတိယမြောက်အပတ်ရဲ့ ပထမမြောက်နေ့မှာ မဲနှိုက်ရွေးချယ် ကံစမ်းပေးသွားမှာ ဖြစ်ပါတယ်။ အပတ်စဉ် မဲနှိုက်ရွေးချယ်ခြင်းအား အထက်ဖော်ပြပါ ပုံစံအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
# ကံစမ်းမဲနှိုက်ခြင်းအစီစဉ်ကိုလည်း လူကြီးမင်း၏ Facebook Page တွင် Live လွှင့် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
# ကံထူးရှင်များ၏ ဓာတ်ပုံကိုတော့ Live လွှင့်ပြီး နောက်တစ်နေ့တွင် Page ၏ Photo Album တွင်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
# ကံထူးရှင်များအား ဆက်သွယ်အကြောင်းကြားရာတွင် တစ်စုံတစ်ရာကြောင့် ဆက်သွယ်၍မရဖြစ်ပေါ်ခဲ့လျှင် ကံထူးရှင်ကိုယ်တိုင် ပစ္စည်းလာရောက်ထုတ်ယူသည့်နေ့မှသာ Page ၏ Photo Album တွင် ထည့်သွင်းဖောြ်ပပေးသွားမှာ ဖြစ်ပါတယ်။
# အပတ်စဉ်တိုင်း နာမည်အကြီးဆုံး ဈေးအကြီးဆုံး ဟန်းဆက်မော်ဒယ်များ ပိုင်ဆိုင်သူများကိုလည်း လူကြီးမင်းဖုန်းဆိုင်ခွဲတိုင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြကြေငြာပေးသွားအုံးမှာလည်း ဖြစ်ပါတယ်။
# ယခု ကျင်းပပြုလုပ်သော လူကြီးမင်းဖုန်းဆိုင်၏ အထူးကံစမ်းမဲ အစီစဉ်တွင် လူကြီးမင်းဖုန်းဆိုင် ဝန်ထမ်းများ ပါဝင် ကံစမ်းနိုင်ခွင့် ရရှိမည် မဟုတ်ပါ။
# ကံစမ်းကူပွန်နှင့် ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာ ရှိလာပါက လူကြီးမင်းစီးပွားရေးလုပ်ငန်းစု၏ ဆုံးဖြတ်ချက်များသာ အတည်ဖြစ်ပါကြောင်းလည်း ထည့်သွင်းဖော်ပြလိုက်ပါတယ်။
အထူးကံစမ်းပွဲကြီး ကျင်းပလျက်ရှိသော လူကြီးမင်းဖုန်းဆိုင်ခွဲလိပ်စာများနှင့် ဖုန်းနံပါတ်များကတော့…
(၁) လူကြီးမင်း - လသာ (၂) လူကြီးမင်း - ပါရမီ (၃) လူကြီးမင်း - သမိုင်း
(၄) လူကြီးမင်း - ဇဝန (၅) လူကြီးမင်း - မြောက်ဥက္ကလာ
(၆) လူကြီးမင်း - ဖော့ကန်-အင်းစိန်
(၇) လူကြီးမင်း - ပေါက်တောဝ-အင်းစိန်
(၈) လူကြီးမင်း - နေပြည်တော်-သပြေကုန်း
(၉) လူကြီးမင်း - နေပြည်တော်-တပ်ကုန်း-Mini
(၁၀) လူကြီးမင်း - တောင်ကြီး (၁၁) လူကြီးမင်း - မကွေး
(၁၂) လူကြီးမင်း - ပုသိမ် (၁၃) လူကြီးမင်း - မော်လမြိုင် တို့မှာ ဖြစ်ပါတယ် ခင်ဗျာ…။

Follow us

Log in or create an account